ဗီလာပါ့ခ်ဝန်ထမ်းများ ရေခဲမုန့်စားနေမှုအပေါ် ပရီးမီးယားလိဂ်ထံ ချဲလ်ဆီးတိုင်ကြား

ချဲလ်ဆီးအသင်းဟာအက်စတွန်ဗီလာရဲ့ကွင်းဝန်ထမ်းများရေခဲမုန့်စားနေမှုအတွက်ပရီးမီးယားလိဂ်ထံသို့တိုင်ကြားလိုက်ပါတယ်။

ချဲလ်ဆီးအသင်းဘတ်စ်ကားဟာတနင်္ဂနွေနေ့တုန်းကပရီးမီးယားလိဂ်ရာသီသိမ်းပွဲစဉ်ကစားရန်ဗီလာပါ့ခ်သို့လာခဲ့ရရာတွင်ရပ်တန့်နေခဲ့ရပါတယ်။

ချဲလ်ဆီးဘတ်စ်ကားကဗီလာပါ့ခ်ကွင်းဂိတ်စောင့်ကိုအကြောင်းကြားခဲ့သော်လည်းလုံခြုံရေးခေါင်းဆောင်ကကွင်းအတွင်းသို့ဝင်ရောက်ခွင့်မပေးခဲ့ပါဘူး။

ယင်းသို့ဝင်ခွင့်မပေးမှုကြောင့်ချဲလ်ဆီးနည်းပြသောမတ်စ်တူချယ်နှင့်အသင်းသားများဟာအကြီးအကျယ်ဒေါသထွက်ခဲ့ကြရပါတယ်။

ချဲလ်ဆီးနည်းပြသောမတ်စ်တူချယ်ဟာကားကိုကွင်းအတွင်းဝင်ခွင့်ပေးရေးကိုယ်တိုင်သွားပြောရာတွင်လည်းတားဆီးခြင်းခံခဲ့ရပါတယ်။ဗီလာပါ့ခ်ဂိတ်ဝန်ထမ်းတို့ဟာချဲလ်ဆီးဘတ်စ်ကားကွင်းအတွင်းဝင်နိုင်စေရန်ဂိတ်တံခါးဖွင့်ပေးရမယ့်အစားရေခဲမုန့်စားနေခဲ့ကြပါတယ်။

နောက်ပိုင်းတွင်ဂိတ်တံခါးကိုဖွင့်ပေးမှုကြောင့်ဝင်ရောက်ခွင့်ရရှိခဲ့သော်လည်းချဲလ်ဆီးအသင်းဘတ်စ်ကားဟာဂိတ်ဝမှာ၁၅မိနစ်နီးပါးအထိစောင့်ဆိုင်းနေခဲ့ရပါတယ်။

ယင်းသို့စောင့်ဆိုင်းရမှုနဲ့အတူချဲလ်ဆီးဟာဗီလာပွဲအတွက်ပြင်ဆင်ချိန်နောက်ကျခဲ့ရပါတယ်။ဒါကြောင့်လည်းချဲလ်ဆီးကပွဲအတွက်ပြင်ဆင်ချိန်ရရှိစေရန်ပွဲကိုရွှေ့ဆိုင်းပေးရန်တောင်းဆိုခဲ့သော်လည်းပရီးမီးယားလိဂ်ကရာသီသိမ်းပွဲစဉ်အားလုံးကိုတစ်ချိန်တည်းကစားစေရာပယ်ချခြင်းခံခဲ့ရပါတယ်။

ပွဲအတွက်ပြင်ဆင်ချိန်အလုံအလောက်မရရှိခဲ့တဲ့ချဲလ်ဆီးဟာဗီလာကို၂-၁ဂိုးဖြင့်ရှုံးနိမ့်ခဲ့ပါတယ်။

ZawGyi

ဗီလာပါ့ခ္ဝန္ထမ္းမ်ား ေရခဲမုန႔္စားေနမႈအေပၚ ပရီးမီးယားလိဂ္ထံ ခ်ဲလ္ဆီးတိုင္ၾကား

ခ်ဲလ္ဆီးအသင္းဟာအက္စတြန္ဗီလာရဲ႕ကြင္းဝန္ထမ္းမ်ားေရခဲမုန႔္စားေနမႈအတြက္ပရီးမီးယားလိဂ္ထံသို႔တိုင္ၾကားလိုက္ပါတယ္။

ခ်ဲလ္ဆီးအသင္းဘတ္စ္ကားဟာတနဂၤေႏြေန႔တုန္းကပရီးမီးယားလိဂ္ရာသီသိမ္းပြဲစဥ္ကစားရန္ဗီလာပါ့ခ္သို႔လာခဲ့ရရာတြင္ရပ္တန႔္ေနခဲ့ရပါတယ္။

ခ်ဲလ္ဆီးဘတ္စ္ကားကဗီလာပါ့ခ္ကြင္းဂိတ္ေစာင့္ကိုအေၾကာင္းၾကားခဲ့ေသာ္လည္းလုံၿခဳံေရးေခါင္းေဆာင္ကကြင္းအတြင္းသို႔ဝင္ေရာက္ခြင့္မေပးခဲ့ပါဘူး။

ယင္းသို႔ဝင္ခြင့္မေပးမႈေၾကာင့္ခ်ဲလ္ဆီးနည္းျပေသာမတ္စ္တူခ်ယ္ႏွင့္အသင္းသားမ်ားဟာအႀကီးအက်ယ္ေဒါသထြက္ခဲ့ၾကရပါတယ္။

ခ်ဲလ္ဆီးနည္းျပေသာမတ္စ္တူခ်ယ္ဟာကားကိုကြင္းအတြင္းဝင္ခြင့္ေပးေရးကိုယ္တိုင္သြားေျပာရာတြင္လည္းတားဆီးျခင္းခံခဲ့ရပါတယ္။ဗီလာပါ့ခ္ဂိတ္ဝန္ထမ္းတို႔ဟာခ်ဲလ္ဆီးဘတ္စ္ကားကြင္းအတြင္းဝင္ႏိုင္ေစရန္ဂိတ္တံခါးဖြင့္ေပးရမယ့္အစားေရခဲမုန႔္စားေနခဲ့ၾကပါတယ္။

ေနာက္ပိုင္းတြင္ဂိတ္တံခါးကိုဖြင့္ေပးမႈေၾကာင့္ဝင္ေရာက္ခြင့္ရရွိခဲ့ေသာ္လည္းခ်ဲလ္ဆီးအသင္းဘတ္စ္ကားဟာဂိတ္ဝမွာ၁၅မိနစ္နီးပါးအထိေစာင့္ဆိုင္းေနခဲ့ရပါတယ္။

ယင္းသို႔ေစာင့္ဆိုင္းရမႈနဲ႔အတူခ်ဲလ္ဆီးဟာဗီလာပြဲအတြက္ျပင္ဆင္ခ်ိန္ေနာက္က်ခဲ့ရပါတယ္။ဒါေၾကာင့္လည္းခ်ဲလ္ဆီးကပြဲအတြက္ျပင္ဆင္ခ်ိန္ရရွိေစရန္ပြဲကိုေ႐ႊ႕ဆိုင္းေပးရန္ေတာင္းဆိုခဲ့ေသာ္လည္းပရီးမီးယားလိဂ္ကရာသီသိမ္းပြဲစဥ္အားလုံးကိုတစ္ခ်ိန္တည္းကစားေစရာပယ္ခ်ျခင္းခံခဲ့ရပါတယ္။

ပြဲအတြက္ျပင္ဆင္ခ်ိန္အလုံအေလာက္မရရွိခဲ့တဲ့ခ်ဲလ္ဆီးဟာဗီလာကို၂-၁ဂိုးျဖင့္ရႈံးနိမ့္ခဲ့ပါတယ္။