ဗီလာပွဲမှာ ဂိုးသွင်းအောင်ပွဲခံမှုမှာ ဟင်နရီကို ဂုဏ်ပြုအောင်ပွဲခံခြင်းဖြစ်ကြောင်း ဆာကာဖွင့်ဟ

အာဆင်နယ်စတားဘူကာယိုဆာကာကဗီလာကိုအနိုင်ရတဲ့ပွဲစဉ်မှဂိုးသွင်းအောင်ပွဲခံမှုမှာအာဆင်နယ်ဂန္ထဝင်ကစားသမားသီယာရီဟင်နရီကိုဂုဏ်ပြုအောင်ပွဲခံခြင်းဖြစ်ကြောင်းအတည်ပြုသွားပါတယ်။

ဆာကာဟာစနေနေ့ညတုန်းကဗီလာပါ့ခ်တွင်အက်စတွန်ဗီလာကို၄-၂ဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲတွင်အာဆင်နယ်အတွက်ချေပဂိုးကိုသွင်းယူပေးခဲ့ပါတယ်။

တောင်ပံကစားသမားဟာချေပဂိုးသွင်းယူပြီးနောက်ထောင့်ကန်ဘောအလံတိုင်ကိုညာလက်ဖြင့်ကိုင်ပြီးဘယ်လက်ဖြင့်ခါးထောက်ကာအောင်ပွဲခံခဲ့ပါတယ်။

ယင်းသို့အောင်ပွဲခံမှုကိုအာဆင်နယ်ရဲ့ကလပ်စံချိန်တင်ဂိုးသွင်းထာသူသီယာရီဟင်နရီလည်းအာဆင်နယ်နှင့်ပြင်သစ်တို့အတွက်ကစားစဉ်အောင်ပွဲခံခဲ့ဖူးပါတယ်။

ယခုအခါဆာကာကယင်းအောင်ပွဲခံမှုကိုဟင်နရီကိုဂုဏ်ပြုအောင်ပွဲခံခြင်းဖြစ်ကြောင်းအတည်ပြုလာပါတယ်။

ZawGyi



ဆာကာဟာစနေနေ့ညတုန်းကဗီလာပါ့ခ်တွင်အက်စတွန်ဗီလာကို၎-၂ဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲတွင်အာဆင်နယ်အတွက်ချေပဂိုးကိုသွင်းယူပေးခဲ့ပါတယ်။


