ဗီလာပွဲမှာ နောက်ဆုံးစက္ကန့်ပိတ်ဆို့မှုအတွက် ဘိုင်လီကို သူရဲကောင်းတစ်ဦးပမာမန်ယူကစားသမားများ ဂုဏ်ပြုခဲ့

မန်ယူနောက်ခံလူအဲရစ်ဘိုင်လီဟာမနေ့ညတုန်းကဗီလာကိုအနိုင်ရရှိတဲ့ပွဲမှနာကျင်အချိန်ပိုတွင်အရေးပါ တဲ့ပိတ်ဆို့မှုပြုလုပ်ခဲ့မှုအတွက်ပွဲအပြီးတွင်မန်ယူကစားဖော်များရဲ့ချီးကျူးဂုဏ်ပြုမှုခြင်းခံခဲ့ရပါတယ်။

မန်ယူဟာအိုးထရက်ဖို့ဒ်မှာကစားတဲ့ဗီလာပွဲစဉ်မှာ၂-၁ဂိုးဖြင့်အနိုင်ရရှိခဲ့ပြီးယင်းနိုင်ပွဲကြောင့်ထိပ်ဆုံးမှလီဗာပူးနဲ့ ရမှတ်အတူတူဖြစ်သွားခဲ့ပါတယ်။

ယင်းပွဲစဉ်မှာပွဲပြီးခါနီးမှာဗီလာဟာချေပဂိုးရဖို့ကြိုးပမ်းခဲ့ပြီးနောက်ဆုံးစက္ကန့်မှာဗီလာရဲ့ကီနန်ဒါးဗီးစ်ကပင်နယ်တီ ဧရိယာအတွင်းမှာဂိုးပေါက်သို့ကန်သွင်းမှုပြုလုပ်ခဲ့ပါတယ်။ဒါပေမယ့်အဲရစ်ဘိုင်လီဟာဂိုးဝင်သွားနိုင်တဲ့ယင်းကန်ချက်ကိုခန္ဓာကိုယ်ကိုရင်းပြီးပိတ်ဆို့မှုပြုလုပ်ခဲ့ပါတယ်။

ယင်းသို့သတ္တိရှိရှိဖြင့်အနာခံပိတ်ဆို့ခဲ့တဲ့ဘိုင်လီကိုပွဲအပြီးမှာမန်ယူကစားသမားများကလာရောက်ပြီးပွေ့ဖက်ကာ ဂုဏ်ပြုမှုပြုလုပ်ခဲ့ကြပါတယ်။

ဗီလာနှင့်ပွဲမှာမန်ယူဟာအေရွန်ဝန်ဘစ်ဆာကာရဲ့ဖြတ်တင်ဘောမှမာရှယ်ရဲ့ခေါင်းတိုက်ဂိုးနဲ့ပွဲကိုဦးဆောင်နိုင်ခဲ့ပါ တယ်။ယင်းဂိုးကမာရှယ်ရဲ့နောက်ဆုံး၆ပွဲမှာ၇ဂိုးမြောက်သွင်းယူတဲ့ဂိုးဖြစ်ပါတယ်။ဘာထရန်းထရာအိုရီကဗီလာအ တွက်ချေပဂိုးသွင်းယူခဲ့ပေမယ့်ပေါ့ဘာကြောင့်ရတဲ့ပင်နယ်တီကနေဖာနန်ဒက်စ်မန်ယူအတွက်အနိုင်ဂိုးကိုသွင်းယူခဲ့ပြီး၂-၁ဖြင့်အနိုင်ရရှိခဲ့ပါတယ်။

ZawGyi

ဗီလာပြဲမွာ ေနာက္ဆုံးစကၠန႔္ပိတ္ဆို႔မႈအတြက္ ဘိုင္လီကို သူရဲေကာင္းတစ္ဦးပမာမန္ယူကစားသမားမ်ား ဂုဏ္ျပဳခဲ့

မန္ယူေနာက္ခံလူအဲရစ္ဘိုင္လီဟာမေန႔ညတုန္းကဗီလာကိုအႏိုင္ရရွိတဲ့ပြဲမွနာက်င္အခ်ိန္ပိုတြင္အေရးပါ တဲ့ပိတ္ဆို႔မႈျပဳလုပ္ခဲ့မႈအတြက္ပြဲအၿပီးတြင္မန္ယူကစားေဖာ္မ်ားရဲ႕ခ်ီးက်ဴးဂုဏ္ျပဳမႈျခင္းခံခဲ့ရပါတယ္။

မန္ယူဟာအိုးထရက္ဖို႔ဒ္မွာကစားတဲ့ဗီလာပြဲစဥ္မွာ၂-၁ဂိုးျဖင့္အႏိုင္ရရွိခဲ့ၿပီးယင္းႏိုင္ပြဲေၾကာင့္ထိပ္ဆုံးမွလီဗာပူးနဲ႔ ရမွတ္အတူတူျဖစ္သြားခဲ့ပါတယ္။

ယင္းပြဲစဥ္မွာပြဲၿပီးခါနီးမွာဗီလာဟာေခ်ပဂိုးရဖို႔ႀကိဳးပမ္းခဲ့ၿပီးေနာက္ဆုံးစကၠန႔္မွာဗီလာရဲ႕ကီနန္ဒါးဗီးစ္ကပင္နယ္တီ ဧရိယာအတြင္းမွာဂိုးေပါက္သို႔ကန္သြင္းမႈျပဳလုပ္ခဲ့ပါတယ္။ဒါေပမယ့္အဲရစ္ဘိုင္လီဟာဂိုးဝင္သြားႏိုင္တဲ့ယင္းကန္ခ်က္ကိုခႏၶာကိုယ္ကိုရင္းၿပီးပိတ္ဆို႔မႈျပဳလုပ္ခဲ့ပါတယ္။

ယင္းသို႔သတၱိရွိရွိျဖင့္အနာခံပိတ္ဆို႔ခဲ့တဲ့ဘိုင္လီကိုပြဲအၿပီးမွာမန္ယူကစားသမားမ်ားကလာေရာက္ၿပီးေပြ႕ဖက္ကာ ဂုဏ္ျပဳမႈျပဳလုပ္ခဲ့ၾကပါတယ္။

ဗီလာႏွင့္ပြဲမွာမန္ယူဟာေအ႐ြန္ဝန္ဘစ္ဆာကာရဲ႕ျဖတ္တင္ေဘာမွမာရွယ္ရဲ႕ေခါင္းတိုက္ဂိုးနဲ႔ပြဲကိုဦးေဆာင္ႏိုင္ခဲ့ပါ တယ္။ယင္းဂိုးကမာရွယ္ရဲ႕ေနာက္ဆုံး၆ပြဲမွာ၇ဂိုးေျမာက္သြင္းယူတဲ့ဂိုးျဖစ္ပါတယ္။ဘာထရန္းထရာအိုရီကဗီလာအ တြက္ေခ်ပဂိုးသြင္းယူခဲ့ေပမယ့္ေပါ့ဘာေၾကာင့္ရတဲ့ပင္နယ္တီကေနဖာနန္ဒက္စ္မန္ယူအတြက္အႏိုင္ဂိုးကိုသြင္းယူခဲ့ၿပီး၂-၁ျဖင့္အႏိုင္ရရွိခဲ့ပါတယ္။