ဗီလာရီးရဲလ်နိုင်ပွဲမှာ ဆိုးလ်ရှားကို ရည်ရွယ်ကြောင်း မန်ယူယာယီနည်းပြကာရစ်ပြောကြား

မိုက်ကယ်ကာရစ်ကဗီလာရီးရဲလ်နိုင်ပွဲမှာပြီးခဲ့တဲ့အပတ်တုန်းကရာထူးမှအထုတ်ခံခဲ့ရတဲ့အိုလီဂန်းနားဆိုးလ်ရှားကိုရည်ရွယ်ကြောင်းပြောကြားလိုက်ပါတယ်။

မန်ယူဟာမနေ့ညတုန်းကစပိန်တွင်ဗီလာရီးရဲလ်ကို၂-၀ဂိုးဖြင့်အနိုင်ရရှိကာချန်ပီယံလိဂ်၁၆သင်းအဆင့်သို့တက်ရောက်သွားနိုင်ခဲ့ပါတယ်။မိုက်ကယ်ကာရစ်ဟာသူ့ရဲ့ပထမဆုံးမန်ယူပွဲမှာအနိုင်ရယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

မန်ယူအတွက်အနိုင်ဂိုးများကိုခရစ္စတီယာနိုရော်နယ်ဒိုနှင့်ဂျာဒွန်ဆန်ချိုတို့သွင်းယူခဲ့တာဖြစ်ပါတယ်။ဆန်ချိုဟာမန်ယူအတွက်ပထမဆုံးဂိုးကိုသွင်းယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

ပွဲအပြီးတွင်မိုက်ကယ်ကာရစ်က “ဒီပွဲကိုအနိုင်ကစားဖို့ရောက်လာတာပါ။လုပ်နိုင်မယ်လို့လည်းယုံကြည်ခဲ့တယ်။အဆင်သင့်ဖြစ်နေခဲ့တယ်။ခက်ခဲတဲ့ပွဲတစ်ပွဲပါ။ကောင်လေးတွေရယူနိုင်ခဲ့ကြတယ်။လုပ်နိုင်စွမ်းကိုပြသခဲ့တယ်။အရိုးသားဆုံးပြောရရင်ဘယ်သူမှထွက်ပြလာဖို့မမျှော်လင့်ခဲ့ဘူး။ကောင်းကောင်းလည်းကစားခဲ့ကြတယ်။ရယူချင်တဲ့ရလဒ်ကြောင့်နာကျင်ခဲ့ကြရတယ်။အကောင်းဆုံးပုံစံမှာလည်းမရှိခဲ့ကြဘူး။ဒီလိုအချိန်မျိုးမှာထွက်ပြလာဖို့ခက်ခဲတယ်။တူးဆွခဲ့ကြတယ်။တိုက်ပွဲဝင်ခဲ့ကြတယ်။အကြိမ်များစွာလမ်းကြောင်းလျှော်ခဲ့ကြတယ်။ဒီပွဲမှာတော့ အရင်တုန်းကနဲ့လုံးဝကွဲပြားသွားတယ်။လူစားဝင်တဲ့သူတွေလည်းအကောင်းဆုံးလုပ်ခဲ့ကြတယ်။ကောင်လေးတွေအားလုံးပေးဆပ်ခဲ့ကြတာပါ။ဒီနိုင်ပွဲကြောင့်ပျော်ပါတယ်။ပြီးခဲ့တဲ့ရက်တွေမှာတော့ကလပ်မှာရှိတဲ့လူတိုင်းစိတ်မကောင်းဖြစ်နေခဲ့ကြတာပါ။ဒီနိုင်ပွဲကြောင့်ပျော်နိုင်တယ်။ဒီပွဲရလဒ်ကအိုလီအတွက်ပါ။ကျွန်တော်တို့မှာလုပ်ဖို့အလုပ်တစ်ခုရှိခဲ့ကြတယ်။စီစဉ်ထားသလိုအားလုံးဖြစ်လာခဲ့တယ်”လို့ပြောကြားသွားပါတယ်။

မန်ယူဂန္ထဝင်ကစားသမားများဖြစ်ကြတဲ့ပေါလ်စခိုးနှင့်ရီယိုဖာဒီနန်တို့ကကစားဖော်ဟောင်းမိုက်ကယ်ကာရစ်ကိုဆက်လက်ခန့်အပ်ရေးအတွက်ထောက်ခံမှုပြုလုပ်နေကြပါတယ်။

ZawGyi

ဗီလာရီးရဲလ္ႏိုင္ပြဲမွာ ဆိုးလ္ရွားကို ရည္႐ြယ္ေၾကာင္း မန္ယူယာယီနည္းျပကာရစ္ေျပာၾကား

မိုက္ကယ္ကာရစ္ကဗီလာရီးရဲလ္ႏိုင္ပြဲမွာၿပီးခဲ့တဲ့အပတ္တုန္းကရာထူးမွအထုတ္ခံခဲ့ရတဲ့အိုလီဂန္းနားဆိုးလ္ရွားကိုရည္႐ြယ္ေၾကာင္းေျပာၾကားလိုက္ပါတယ္။

မန္ယူဟာမေန႔ညတုန္းကစပိန္တြင္ဗီလာရီးရဲလ္ကို၂-၀ဂိုးျဖင့္အႏိုင္ရရွိကာခ်န္ပီယံလိဂ္၁၆သင္းအဆင့္သို႔တက္ေရာက္သြားႏိုင္ခဲ့ပါတယ္။မိုက္ကယ္ကာရစ္ဟာသူ႔ရဲ႕ပထမဆုံးမန္ယူပြဲမွာအႏိုင္ရယူႏိုင္ခဲ့တာလည္းျဖစ္ပါတယ္။

မန္ယူအတြက္အႏိုင္ဂိုးမ်ားကိုခရစၥတီယာႏိုေရာ္နယ္ဒိုႏွင့္ဂ်ာဒြန္ဆန္ခ်ိဳတို႔သြင္းယူခဲ့တာျဖစ္ပါတယ္။ဆန္ခ်ိဳဟာမန္ယူအတြက္ပထမဆုံးဂိုးကိုသြင္းယူႏိုင္ခဲ့တာလည္းျဖစ္ပါတယ္။

ပြဲအၿပီးတြင္မိုက္ကယ္ကာရစ္က “ဒီပြဲကိုအႏိုင္ကစားဖို႔ေရာက္လာတာပါ။လုပ္ႏိုင္မယ္လို႔လည္းယုံၾကည္ခဲ့တယ္။အဆင္သင့္ျဖစ္ေနခဲ့တယ္။ခက္ခဲတဲ့ပြဲတစ္ပြဲပါ။ေကာင္ေလးေတြရယူႏိုင္ခဲ့ၾကတယ္။လုပ္ႏိုင္စြမ္းကိုျပသခဲ့တယ္။အ႐ိုးသားဆုံးေျပာရရင္ဘယ္သူမွထြက္ျပလာဖို႔မေမွ်ာ္လင့္ခဲ့ဘူး။ေကာင္းေကာင္းလည္းကစားခဲ့ၾကတယ္။ရယူခ်င္တဲ့ရလဒ္ေၾကာင့္နာက်င္ခဲ့ၾကရတယ္။အေကာင္းဆုံးပုံစံမွာလည္းမရွိခဲ့ၾကဘူး။ဒီလိုအခ်ိန္မ်ိဳးမွာထြက္ျပလာဖို႔ခက္ခဲတယ္။တူးဆြခဲ့ၾကတယ္။တိုက္ပြဲဝင္ခဲ့ၾကတယ္။အႀကိမ္မ်ားစြာလမ္းေၾကာင္းေလွ်ာ္ခဲ့ၾကတယ္။ဒီပြဲမွာေတာ့ အရင္တုန္းကနဲ႔လုံးဝကြဲျပားသြားတယ္။လူစားဝင္တဲ့သူေတြလည္းအေကာင္းဆုံးလုပ္ခဲ့ၾကတယ္။ေကာင္ေလးေတြအားလုံးေပးဆပ္ခဲ့ၾကတာပါ။ဒီႏိုင္ပြဲေၾကာင့္ေပ်ာ္ပါတယ္။ၿပီးခဲ့တဲ့ရက္ေတြမွာေတာ့ကလပ္မွာရွိတဲ့လူတိုင္းစိတ္မေကာင္းျဖစ္ေနခဲ့ၾကတာပါ။ဒီႏိုင္ပြဲေၾကာင့္ေပ်ာ္ႏိုင္တယ္။ဒီပြဲရလဒ္ကအိုလီအတြက္ပါ။ကြၽန္ေတာ္တို႔မွာလုပ္ဖို႔အလုပ္တစ္ခုရွိခဲ့ၾကတယ္။စီစဥ္ထားသလိုအားလုံးျဖစ္လာခဲ့တယ္”လို႔ေျပာၾကားသြားပါတယ္။

မန္ယူဂႏၴဝင္ကစားသမားမ်ားျဖစ္ၾကတဲ့ေပါလ္စခိုးႏွင့္ရီယိုဖာဒီနန္တို႔ကကစားေဖာ္ေဟာင္းမိုက္ကယ္ကာရစ္ကိုဆက္လက္ခန႔္အပ္ေရးအတြက္ေထာက္ခံမႈျပဳလုပ္ေနၾကပါတယ္။