ဗီလာရီးရဲလ်နှင့်ပွဲတွင် ဒေါသကိုပြသခဲ့ပြီးနောက် အသင်းပြောင်းရန် အစွမ်းကုန်ကြိုးပမ်းလာတော့မယ့် ဗန်ဒီဘိခ်

ဒွန်နီဗန်ဒီဘိခ်ဟာဗီလာရီးရဲလ်နှင့်ပွဲစဉ်တွင်သူ့ရဲ့စိတ်ပျက်ဒေါသထွက်မှုများကိုပြသခဲ့ပြီးတဲ့နောက် ဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်တွင်မန်ယူမှထွက်ခွာနိုင်ရေးအစွမ်းကုန်ကြိုးပမ်းသွားတော့မှာဖြစ်ကြောင်းသိရပါတယ်။

ဒတ်ချ်အလယ်တန်းကစားသမားဟာပြီးခဲ့တဲ့နှစ်နွေရာသီတုန်းကအေဂျက်စ်မှပြောင်းရွှေ့ကြေးပေါင်သန်း၄၀ဖြင့်ရောက်လာပြီးနောက် နေရာရရှိရန်ရုန်းကန်နေခဲ့ရသူဖြစ်ပါတယ်။

သူဟာကြားရက်တုန်းကဗီလာရီးရဲလ်အား၂-၁ဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲစဉ်တွင်နည်းပြဆိုးလ်ရှားကအနိုင်ရရှိရေးလူစားလဲလှယ်မှုပြုလုပ်ရာတွင်သူ့ကိုမထည့်သွင်းဘဲဖရက်ကိုထည့်သွင်းမှုကိုအကြီးအကျယ်ဒေါသထွက်ကာဆိုးလ်ရှားနှင့်ဖရက်ရှိရာသို့ရည်ရွယ်ကာ ပီကေးဖြင့်ထွေးခဲ့ပါတယ်။ယင်းအဖြစ်အပျက်ဖြစ်ပြီးနောက်သူ့ကိုမန်ယူကစားဖော်များဖြစ်ကြတဲ့အဲရစ်ဘိုင်လီနှင့်ဒိန်းဟင်ဒါဆင်ကဖျောင်းဖျမှုပြုလုပ်ခဲ့တာတွေ့ရပါတယ်။

ဗန်ဒီဘိခ်ဟာပြီးခဲ့တဲ့ရာသီတုန်းကပရီးမီးယားလိဂ်တွင်လေးပွဲတည်းသာပွဲထွက်ခွင့်ရရှိခဲ့သူဖြစ်ပြီးနွေရာသီတုန်းကအသင်းပြောင်းရန်ကြိုးပမ်းခဲ့သော်လည်းမအောင်မြင်ခဲ့ပါဘူး။

၂၀၂၁-၂၂ဘောလုံးရာသီမှာသူဟာပရီးမီးယားလိဂ်တွင်၆မိနစ်တည်းသာကစားခွင့်ရရှိမှုနဲ့အတူနယ်သာလန်အသင်းတွင်လည်းနေရာပျောက်နေပါတယ်။ဒါကြောင့်လည်းသူဟာဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်တွင်အသင်းပြောင်းနိုင်ရေးအတွက်အစွမ်းကုန်ကြိုးပမ်းရန်ဆုံးဖြတ်လိုက်ပြီဖြစ်ပါတယ်။

ZawGyi



ဒတ်ခ်ျအလယ်တန်းကစားသမားဟာပြီးခဲ့တဲ့နှစ်နွေရာသီတုန်းကအေဂျက်စ်မှပြောင်းရွှေ့ကြေးပေါင်သန်း၄၀ဖြင့်ရောက်လာပြီးနောက် နေရာရရှိရန်ရုန်းကန်နေခဲ့ရသူဖြစ်ပါတယ်။


