ဗီလာရီးရဲလ်နှင့်ပွဲမှာ ကိုယ်တိုင်ပင်နယ်တီမလွဲမီ ပင်နယ်တီ ၂၇ ကြိမ်ဆက်တိုက်မကာကွယ်နိုင်ခဲ့တဲ့ ဒီဂီယာ

ဒီဂီယာရဲ့ပင်နယ်တီဝင်အောင်မကန်နိုင်မှုနဲ့အတူမန်ယူဟာနောက်တစ်နှစ်ဆုဖလားလက်မဲ့ရာသီတစ်ခုထပ်မံကြုံတွေ့ခဲ့ရပြန်ပါတယ်။

မနေ့ညတုန်းကဗီလာရီးရဲလ်နှင့်မန်ယူတို့ရဲ့ယူရိုပါလိဂ်ဗိုလ်လုပွဲမှာပွဲကစားချိန်အတွင်းတစ်ဂိုးစီသရေကျနေမှုကြောင့်ပင်နယ်တီအဆုံးအဖြတ်ခံယူခဲ့ရပါတယ်။

ဗီလာရီးရဲလ်ဘက်ကပင်နယ်တီ၁၁ကြိမ်ဆက်တိုက်ဝင်အောင်သွင်းနိုင်ခဲ့ပြီးဒီဂီယာဟာပင်နယ်တီမကာကွယ်နိုင်ခဲ့ပါတယ်။ဒီဂီယာဟာပင်နယ်တီ၁၁ကြိမ်မကာကွယ်နိုင်ခဲ့တဲ့အပြင်ကိုယ်တိုင်ပင်နယ်တီကန်သွင်းခဲ့ရာမှာပြိုင်ဘက်ဂိုးသမားရဲ့ကာကွယ်ခြင်းခံခဲ့ရပါတယ်။

တကယ်တော့ဒီဂီယာဟာပွဲကစားချိန်အတွင်းမှာကာကွယ်မှုကောင်းတွေပြုလုပ်နိုင်ပေမယ့်ပင်နယ်တီကာကွယ်မှုအပိုင်းမှာအလွန်အားနည်းတဲ့ဂိုးသမားဖြစ်ပါတယ်။

မှတ်တမ်းများအရဒီဂီယာဟာဗီလာရီးရဲလ်နှင့်ပွဲမှာပင်နယ်တီ၁၁ကြိမ်ဆက်တိုက်မကာကွယ်နိုင်မှုပင်နယ်တီ၂၇ကြိမ်ဆက်တိုက်ကာကွယ်မှုမပြုလုပ်နိုင်ခဲ့ကြောင်းလည်းသိရပါတယ်။

မန်ယူမှာတစ်ပတ်လျှင်ပေါင်၃၇၅၀၀၀ရရှိကာလုပ်ခအများဆုံးမန်ယူကစားသမားအဖြစ်ရပ်တည်နေတဲ့ဒီဂီယာဟာနောက်ဆုံးအကြိမ်ပင်နယ်တီကာကွယ်နိုင်ခဲ့တာလွန်ခဲ့တဲ့ငါးနှစ်ကျော်တုန်းကဖြစ်ပါတယ်။

သူဟာ၂၀၁၆ခုနှစ်၊ဧပြီလ၂၃ရက်နေ့တုန်းကအဲဗာတန်နှင့်အက်ဖ်အေဖလားပွဲစဉ်မှာလူကာကူရဲ့ပင်နယ်တီကိုကာကွယ်ခဲ့တာပါ။ယင်းပင်နယ်တီကာကွယ်မှုဟာဒီဂီယာအတွက်ကစားသမားဘဝတစ်လျှောက်ပင်နယ်တီ၁၁ကြိမ်မြောက်ကာကွယ်မှုသာဖြစ်ပါတယ်။

သူဟာ၂၀၁၆ခုနှစ်၊စက်တင်ဘာလ၁၈ရက်နေ့တုန်းကဝက်ဖို့ဒ်နဲ့ပရီးမီးယားလိဂ်ပွဲစဉ်မှာဒီနေးရဲ့ပင်နယ်တီမှစတင်ကာ၂၀၂၁ခုနှစ်၊ဧပြီလ၂၇ရက်နေ့တုန်းကရိုးမားနဲ့ပွဲစဉ်အထိပင်နယ်တီမကာကွယ်နိုင်ခဲ့တာပါ။

သူဟာဗီလာရီးရဲလ်နဲ့ပွဲမှာပြိုင်ဘက်တစ်သင်းလုံး(၁၁လုံး)ရဲ့ပင်နယ်တီကိုလည်းကာကွယ်နိုင်ခဲ့ခြင်းမရှိပါဘူး။

ဒါကြောင့်ဒီဂီယာဟာဗီလာရီးရဲလ်နဲ့ပွဲစဉ်အထိပင်နယ်တီ၃၈ကြိမ်ဆက်တိုက်ကာကွယ်နိုင်ခြင်းမရှိတဲ့ဂိုးသမားအဖြစ်မှတ်တမ်းဝင်သွားပါတယ်။

ZawGyi

ဗီလာရီးရဲလ္ႏွင့္ပြဲမွာ ကိုယ္တိုင္ပင္နယ္တီမလြဲမီ ပင္နယ္တီ ၂၇ ႀကိမ္ဆက္တိုက္မကာကြယ္ႏိုင္ခဲ့တဲ့ ဒီဂီယာ

ဒီဂီယာရဲ႕ပင္နယ္တီဝင္ေအာင္မကန္ႏိုင္မႈနဲ႔အတူမန္ယူဟာေနာက္တစ္ႏွစ္ဆုဖလားလက္မဲ့ရာသီတစ္ခုထပ္မံႀကဳံေတြ႕ခဲ့ရျပန္ပါတယ္။

မေန႔ညတုန္းကဗီလာရီးရဲလ္ႏွင့္မန္ယူတို႔ရဲ႕ယူ႐ိုပါလိဂ္ဗိုလ္လုပြဲမွာပြဲကစားခ်ိန္အတြင္းတစ္ဂိုးစီသေရက်ေနမႈေၾကာင့္ပင္နယ္တီအဆုံးအျဖတ္ခံယူခဲ့ရပါတယ္။

ဗီလာရီးရဲလ္ဘက္ကပင္နယ္တီ၁၁ႀကိမ္ဆက္တိုက္ဝင္ေအာင္သြင္းႏိုင္ခဲ့ၿပီးဒီဂီယာဟာပင္နယ္တီမကာကြယ္ႏိုင္ခဲ့ပါတယ္။ဒီဂီယာဟာပင္နယ္တီ၁၁ႀကိမ္မကာကြယ္ႏိုင္ခဲ့တဲ့အျပင္ကိုယ္တိုင္ပင္နယ္တီကန္သြင္းခဲ့ရာမွာၿပိဳင္ဘက္ဂိုးသမားရဲ႕ကာကြယ္ျခင္းခံခဲ့ရပါတယ္။

တကယ္ေတာ့ဒီဂီယာဟာပြဲကစားခ်ိန္အတြင္းမွာကာကြယ္မႈေကာင္းေတြျပဳလုပ္ႏိုင္ေပမယ့္ပင္နယ္တီကာကြယ္မႈအပိုင္းမွာအလြန္အားနည္းတဲ့ဂိုးသမားျဖစ္ပါတယ္။

မွတ္တမ္းမ်ားအရဒီဂီယာဟာဗီလာရီးရဲလ္ႏွင့္ပြဲမွာပင္နယ္တီ၁၁ႀကိမ္ဆက္တိုက္မကာကြယ္ႏိုင္မႈပင္နယ္တီ၂၇ႀကိမ္ဆက္တိုက္ကာကြယ္မႈမျပဳလုပ္ႏိုင္ခဲ့ေၾကာင္းလည္းသိရပါတယ္။

မန္ယူမွာတစ္ပတ္လွ်င္ေပါင္၃၇၅၀၀၀ရရွိကာလုပ္ခအမ်ားဆုံးမန္ယူကစားသမားအျဖစ္ရပ္တည္ေနတဲ့ဒီဂီယာဟာေနာက္ဆုံးအႀကိမ္ပင္နယ္တီကာကြယ္ႏိုင္ခဲ့တာလြန္ခဲ့တဲ့ငါးႏွစ္ေက်ာ္တုန္းကျဖစ္ပါတယ္။

သူဟာ၂၀၁၆ခုႏွစ္၊ဧၿပီလ၂၃ရက္ေန႔တုန္းကအဲဗာတန္ႏွင့္အက္ဖ္ေအဖလားပြဲစဥ္မွာလူကာကူရဲ႕ပင္နယ္တီကိုကာကြယ္ခဲ့တာပါ။ယင္းပင္နယ္တီကာကြယ္မႈဟာဒီဂီယာအတြက္ကစားသမားဘဝတစ္ေလွ်ာက္ပင္နယ္တီ၁၁ႀကိမ္ေျမာက္ကာကြယ္မႈသာျဖစ္ပါတယ္။

သူဟာ၂၀၁၆ခုႏွစ္၊စက္တင္ဘာလ၁၈ရက္ေန႔တုန္းကဝက္ဖို႔ဒ္နဲ႔ပရီးမီးယားလိဂ္ပြဲစဥ္မွာဒီေနးရဲ႕ပင္နယ္တီမွစတင္ကာ၂၀၂၁ခုႏွစ္၊ဧၿပီလ၂၇ရက္ေန႔တုန္းက႐ိုးမားနဲ႔ပြဲစဥ္အထိပင္နယ္တီမကာကြယ္ႏိုင္ခဲ့တာပါ။

သူဟာဗီလာရီးရဲလ္နဲ႔ပြဲမွာၿပိဳင္ဘက္တစ္သင္းလုံး(၁၁လုံး)ရဲ႕ပင္နယ္တီကိုလည္းကာကြယ္ႏိုင္ခဲ့ျခင္းမရွိပါဘူး။

ဒါေၾကာင့္ဒီဂီယာဟာဗီလာရီးရဲလ္နဲ႔ပြဲစဥ္အထိပင္နယ္တီ၃၈ႀကိမ္ဆက္တိုက္ကာကြယ္ႏိုင္ျခင္းမရွိတဲ့ဂိုးသမားအျဖစ္မွတ္တမ္းဝင္သြားပါတယ္။