ဗီလာရီးရဲလ်ရဲ့ပင်နယ်တီကန်စာရင်းနဲ့အားသန်ချက်တို့ကို သိခဲ့ပေမယ့် မကာကွယ်နိုင်ခဲ့တဲ့ ဒီဂီယာ

မန်ယူဂိုးသမားဒီဂီယာဟာဗီလာရီးရဲလ်ရဲ့ပင်နယ်တီကန်သွင်းမယ့်သူစာရင်းအပြင်၎င်းတို့အားသာတဲ့ပင်နယ်တီကန်သွင်းမှုအလေ့အထစာရင်းကိုသိရှိခဲ့ပေမယ့်ပင်နယ်တီတစ်ကြိမ်မှကာကွယ်နိုင်မှုမပြုလုပ်ခဲ့ပါဘူး။

ဗီလာရီးရဲလ်နှင့်မန်ယူတို့ရဲ့ယူရိုပါလိဂ်ဗိုလ်လုပွဲစဉ်တွင်ပွဲချိန်အတွင်းတွင်တစ်ဂိုးစီသရေကျနေခဲ့မှုကြောင့်ပင်နယ်တီအဆုံးအဖြတ်ခံယူခဲ့ရပါတယ်။ဗီလာရီရဲလ်ဘက်မှပင်နယ်တီ၁၁ကြိမ်လုံးဝင်အောင်ကန်သွင်းနိုင်ခဲ့ပေမယ့်မန်ယူဘက်မှဒီဂီယာရဲ့ပင်နယ်တီကိုပြိုင်ဘက်ဂိုးသမားကကာကွယ်သွားခဲ့ပါတယ်။

ဒီဂီယာဟာဗီလာရီးရဲလ်နှင့်ပွဲအပြီးတွင်ပင်နယ်တီကာကွယ်နိုင်မှုမှတ်တမ်းမကောင်းမှုအတွက်အပြင်းအထန်ဝေဖန်မှုများနှင့်ရင်ဆိုင်နေရပါတယ်။

ဒီဂီယာဟာဗီလာရီးရဲလ်နဲ့ပွဲအထိပင်နယ်တီ၃၈ကြိမ်ဆက်တိုက်မကာကွယ်နိုင်တဲ့သူဖြစ်လာခဲ့ပါတယ်။

ဒါပေမယ့်တကယ့်တော့ဒီဂီယာဟာဗီလာရီးရဲလ်နှင့်ပွဲစဉ်မှာပင်နယ်တီအသာစီးရဖို့အတွက်ပြိုင်ဘက်ရဲ့ပင်နယ်တီကန်သွင်းသူစာရင်းနဲ့ကန်သွင်းသူများရဲ့ကန်သွင်းလေ့ရှိတဲ့ထောင့်တို့ကိုအကြံပေးမှုရရှိခဲ့ပါတယ်။တကယ်တမ်းမှာတော့ဒီဂီယာဟာအကြံပြုမှုကိုလက်မခံဘဲသူ့စိတ်ကြိုက်ပင်နယ်တီတားဆီးမှုလုပ်မှုနဲ့အတူရှုံးနိမ့်မှုနဲ့ကြုံတွေ့ခဲ့ရပါတယ်။

ZawGyi





