ဗီလာရီးရဲလ်ဦးဆောင်ဂိုးသွင်းယူပြီးနောက် ဆိုးလ်ရှားနှင့် ကာဗာနီ အချင်းများခဲ့ကြ

အိုလီဂန်းနားဆိုးလ်ရှားနှင့်အက်ဒီဆင်ကာဗာနီတို့ဟာမနေ့ညတုန်းကယူရိုပါလိဂ်ဗိုလ်လုပွဲတွင်ဗီလာရီးရဲလ်ကဦးဆောင်ဂိုးရရှိသွားပြီးနောက်အချင်းများခဲ့ကြပါတယ်။

အသက်၄၈နှစ်ရှိနော်ဝေလူမျိုးနည်းပြဟာမန်ယူနည်းပြဘဝပထမဆုံးဆုဖလားဆွတ်ခူးနိုင်ရေးအတွက်ဆန္ဒပြင်းပြနေခဲ့ပေမယ့်ပထမပိုင်းမှာဗီလာရီးရဲလ်ဘက်သို့ဦးဆောင်ဂိုးပေးခဲ့ရပါတယ်။

ပွဲချိန်၂၉မိနစ်မှာစပိန်တိုက်စစ်မှူးဂါရတ်မိုရီနိုကဗီလာရီးရဲလ်အတွက်ဦးဆောင်ဂိုးသွင်းယူခဲ့တာပါ။ဗစ်တာလင်ဒီလော့ဖ်လူကပ်ထားတဲ့ကြားမှသွင်းယူခဲ့တာပါ။

ယင်းသို့မိုရီနိုကဗီလာရီးရဲလ်အတွက်ဦးဆောင်ဂိုးသွင်းယူပြီးနောက်မကြာမီအချိန်တွင်ဒေါသထွက်နေတဲ့ဆိုးလ်ရှားဟာကွင်းဘေးစည်းမှာအော်ဟစ်နေတာတွေ့ရပြီးကာဗာနီကလည်းဒေါသတကြီးတုံ့ပြန်တာတွေ့ခဲ့ရပါတယ်။

ဒုတိယပိုင်းမှာကာဗာနီဟာမန်ယူအတွက်အဖိုးတန်ချေပဂိုးကိုသွင်းယူခဲ့ပါတယ်။ပွဲချိန်အတွင်းတစ်ဂိုးစီသရေကျနေတာကြောင့်ပင်နယ်တီအဆုံးအဖြတ်ခံယူခဲ့ရပါတယ်။

ပင်နယ်တီအဆုံးအဖြတ်မှာဗီလာရီးရဲလ်ဘက်က၁၁လုံးဝင်အောင်ကန်နိုင်ခဲ့ပြီးမန်ယူဘက်ကဒီဂီယာကပင်နယ်တီမဝင်ခဲ့ပါဘူး။

မန်ယူဟာယူရိုပါလိဂ်ဗိုလ်လုပွဲတွင်ရှုံးနိမ့်မှုနဲ့အတူနောက်ထပ်တစ်နှစ်ဆုဖလားလက်မဲ့ဖြစ်ခဲ့ရပြန်ပါတယ်။

ZawGyi

ဗီလာရီးရဲလ္ဦးေဆာင္ဂိုးသြင္းယူၿပီးေနာက္ ဆိုးလ္ရွားႏွင့္ ကာဗာနီ အခ်င္းမ်ားခဲ့ၾက

အိုလီဂန္းနားဆိုးလ္ရွားႏွင့္အက္ဒီဆင္ကာဗာနီတို႔ဟာမေန႔ညတုန္းကယူ႐ိုပါလိဂ္ဗိုလ္လုပြဲတြင္ဗီလာရီးရဲလ္ကဦးေဆာင္ဂိုးရရွိသြားၿပီးေနာက္အခ်င္းမ်ားခဲ့ၾကပါတယ္။

အသက္၄၈ႏွစ္ရွိေနာ္ေဝလူမ်ိဳးနည္းျပဟာမန္ယူနည္းျပဘဝပထမဆုံးဆုဖလားဆြတ္ခူးႏိုင္ေရးအတြက္ဆႏၵျပင္းျပေနခဲ့ေပမယ့္ပထမပိုင္းမွာဗီလာရီးရဲလ္ဘက္သို႔ဦးေဆာင္ဂိုးေပးခဲ့ရပါတယ္။

ပြဲခ်ိန္၂၉မိနစ္မွာစပိန္တိုက္စစ္မႉးဂါရတ္မိုရီႏိုကဗီလာရီးရဲလ္အတြက္ဦးေဆာင္ဂိုးသြင္းယူခဲ့တာပါ။ဗစ္တာလင္ဒီေလာ့ဖ္လူကပ္ထားတဲ့ၾကားမွသြင္းယူခဲ့တာပါ။

ယင္းသို႔မိုရီႏိုကဗီလာရီးရဲလ္အတြက္ဦးေဆာင္ဂိုးသြင္းယူၿပီးေနာက္မၾကာမီအခ်ိန္တြင္ေဒါသထြက္ေနတဲ့ဆိုးလ္ရွားဟာကြင္းေဘးစည္းမွာေအာ္ဟစ္ေနတာေတြ႕ရၿပီးကာဗာနီကလည္းေဒါသတႀကီးတုံ႔ျပန္တာေတြ႕ခဲ့ရပါတယ္။

ဒုတိယပိုင္းမွာကာဗာနီဟာမန္ယူအတြက္အဖိုးတန္ေခ်ပဂိုးကိုသြင္းယူခဲ့ပါတယ္။ပြဲခ်ိန္အတြင္းတစ္ဂိုးစီသေရက်ေနတာေၾကာင့္ပင္နယ္တီအဆုံးအျဖတ္ခံယူခဲ့ရပါတယ္။

ပင္နယ္တီအဆုံးအျဖတ္မွာဗီလာရီးရဲလ္ဘက္က၁၁လုံးဝင္ေအာင္ကန္ႏိုင္ခဲ့ၿပီးမန္ယူဘက္ကဒီဂီယာကပင္နယ္တီမဝင္ခဲ့ပါဘူး။

မန္ယူဟာယူ႐ိုပါလိဂ္ဗိုလ္လုပြဲတြင္ရႈံးနိမ့္မႈနဲ႔အတူေနာက္ထပ္တစ္ႏွစ္ဆုဖလားလက္မဲ့ျဖစ္ခဲ့ရျပန္ပါတယ္။