ဗီလာရဲ့အနိုင်ဂိုးအား ခွင့်ပြုပေးခဲ့မှုအပေါ် မန်ယူနည်းပြဆိုးလ်ရှား မေးခွန်းထုတ်

မန်ချက်စတာယူနိုက်တက်နည်းပြအိုလီဂန်းနားဆိုးလ်ရှားဟာအက်စတွန်ဗီလာရဲ့နောက်ကျအနိုင်ဂိုးအားခွင့်ပြုပေးခဲ့မှုအပေါ် မေးခွန်းထုတ်လိုက်ပါတယ်။‌

နော်ဝေလူမျိုးနည်းပြကကော့နေးဟူးစ်ကခေါင်းတိုက်ဂိုးမသွင်းမီဗီလာတိုက်စစ်မှူးဝတ်ကင်ကမန်ယူဂိုးသမားဒီဂီယာကိုအနှောက်အယှက်ပေးနေခဲ့ပြီးလူကျွံနေခဲ့ကြောင်းပြောကြားလိုက်ပါတယ်။

ဗီလာဟာနာကျင်အချိန်ပိုမှာပင်နယ်တီပေးခဲ့ရပေမယ့်ဘရူနိုဖာနန်ဒက်စ်ရဲ့ကန်ချက်အပေါ်ထောင်သွားမှုနဲ့အတူအိုးထရက်ဖို့ဒ်မှာအနိုင်သုံးမှတ်ရယူနိုင်ခဲ့ပါတယ်။

ယခုရာသီတွင်တာထွက်ကောင်းနေတဲ့မန်ယူဟာအိုးထရက်ဖို့ဒ်ကွင်းမှာယခုရာသီ ပရီးမီးယားလိဂ်မှာပထမဆုံးရှုံးပွဲကြုံခဲ့ရပါတယ်။

ဒါပေမယ့်ဆိုးလ်ရှားက “ဂိုးကောင်းတစ်ဂိုးပေးလိုက်ရတယ်ဆိုရင်လက်ခံရပါမယ်။ဒါပေမယ့်အခုဂိုးကလူကျွံဂိုးကြီးပါ။သူဟာဒေးဗစ်ဒီဂီယာကိုလည်းထိနေသလိုခေါင်းလည်းတိုက်ခဲ့တယ်။ဘာလို့ဒီဂိုးကိုခွင့်ပြုရတာလဲ။လက်စတာလည်းသူတို့ဂိုးမရခဲ့ဖူးပါဘူး။ဒါကရှင်းရှင်းလင်းလင်းလူကျွံနေတာပါ”လို့ပြောကြားခဲ့ပါတယ်။

ဒါ့အပြင်မန်ယူနည်းပြဆိုးလ်ရှားဟာနာကျင်အချိန်ပိုတွင်ဘရူနိုဖာနန်ဒက်စ် ပင်နယ်တီမလွဲမီ ဗီလာဂိုးသမားမာတီနက်ဇ်ပြုလုပ်ခဲ့တဲ့အပြုအမူများကိုလည်းစောဒကတက်ခဲါ့ပတယ်။

ဗီလာဂိုးသမားမာတီနက်ဇ်ဟာပင်နယ်တီကိုခရစ္စတီယာနိုရော်နယ်ဒိုအားကန်ရန်စိန်ခေါ်ပြောဆိုခဲ့သလိုပင်နယ်တီကန်ခါနီးအချိန်တွင်ဝိုင်းရံဖိအားပေးနှောက်ယှက်မှုပြုလုပ်ခဲ့ပါတယ်။

ZawGyi

ဗီလာရဲ႕အႏိုင္ဂိုးအား ခြင့္ျပဳေပးခဲ့မႈအေပၚ မန္ယူနည္းျပဆိုးလ္ရွား ေမးခြန္းထုတ္

မန္ခ်က္စတာယူႏိုက္တက္နည္းျပအိုလီဂန္းနားဆိုးလ္ရွားဟာအက္စတြန္ဗီလာရဲ႕ေနာက္က်အႏိုင္ဂိုးအားခြင့္ျပဳေပးခဲ့မႈအေပၚ ေမးခြန္းထုတ္လိုက္ပါတယ္။‌

ေနာ္ေဝလူမ်ိဳးနည္းျပကေကာ့ေနးဟူးစ္ကေခါင္းတိုက္ဂိုးမသြင္းမီဗီလာတိုက္စစ္မႉးဝတ္ကင္ကမန္ယူဂိုးသမားဒီဂီယာကိုအေႏွာက္အယွက္ေပးေနခဲ့ၿပီးလူကြၽံေနခဲ့ေၾကာင္းေျပာၾကားလိုက္ပါတယ္။

ဗီလာဟာနာက်င္အခ်ိန္ပိုမွာပင္နယ္တီေပးခဲ့ရေပမယ့္ဘ႐ူႏိုဖာနန္ဒက္စ္ရဲ႕ကန္ခ်က္အေပၚေထာင္သြားမႈနဲ႔အတူအိုးထရက္ဖို႔ဒ္မွာအႏိုင္သုံးမွတ္ရယူႏိုင္ခဲ့ပါတယ္။

ယခုရာသီတြင္တာထြက္ေကာင္းေနတဲ့မန္ယူဟာအိုးထရက္ဖို႔ဒ္ကြင္းမွာယခုရာသီ ပရီးမီးယားလိဂ္မွာပထမဆုံးရႈံးပြဲႀကဳံခဲ့ရပါတယ္။

ဒါေပမယ့္ဆိုးလ္ရွားက “ဂိုးေကာင္းတစ္ဂိုးေပးလိုက္ရတယ္ဆိုရင္လက္ခံရပါမယ္။ဒါေပမယ့္အခုဂိုးကလူကြၽံဂိုးႀကီးပါ။သူဟာေဒးဗစ္ဒီဂီယာကိုလည္းထိေနသလိုေခါင္းလည္းတိုက္ခဲ့တယ္။ဘာလို႔ဒီဂိုးကိုခြင့္ျပဳရတာလဲ။လက္စတာလည္းသူတို႔ဂိုးမရခဲ့ဖူးပါဘူး။ဒါကရွင္းရွင္းလင္းလင္းလူကြၽံေနတာပါ”လို႔ေျပာၾကားခဲ့ပါတယ္။

ဒါ့အျပင္မန္ယူနည္းျပဆိုးလ္ရွားဟာနာက်င္အခ်ိန္ပိုတြင္ဘ႐ူႏိုဖာနန္ဒက္စ္ ပင္နယ္တီမလြဲမီ ဗီလာဂိုးသမားမာတီနက္ဇ္ျပဳလုပ္ခဲ့တဲ့အျပဳအမူမ်ားကိုလည္းေစာဒကတက္ခဲါ့ပတယ္။

ဗီလာဂိုးသမားမာတီနက္ဇ္ဟာပင္နယ္တီကိုခရစၥတီယာႏိုေရာ္နယ္ဒိုအားကန္ရန္စိန္ေခၚေျပာဆိုခဲ့သလိုပင္နယ္တီကန္ခါနီးအခ်ိန္တြင္ဝိုင္းရံဖိအားေပးေႏွာက္ယွက္မႈျပဳလုပ္ခဲ့ပါတယ္။