
ဟူဂိုလိုရစ်ဟာကမ္ဘာ့ဖလားဗိုလ်လုပွဲနာကျင်မှုမပျောက်သေးခင်မှာဘဲကမ္ဘာ့ဖလားအပြီးပထမဆုံးကစားတဲ့ပွဲမှာဆိုးရွားတဲ့အမှားကျူးလွန်ခဲ့ပြီးဗီလာကို၂-၀ဂိုးဖြင့်ရှုံးနိမ့်ခဲ့ပါတယ်။
ပြင်သစ်အသင်းခေါင်းဆောင်ဂိုးသမားဟာဗီလာရဲ့အဖွင့်ဂိုးကိုလက်ဆောင်ပေးခဲ့တာလည်းဖြစ်ပါတယ်။သူဟာဒေါက်ကလပ်လူးဝစ်ဇ်ရဲ့အဝေးကန်ချက်ကိုဖမ်းရာမှာလွတ်ထွက်သွားခဲ့ပြီးအိုလီဝတ်ကင်ရဲ့ဖန်တီးမှုကနေဘူအန်ဒီအာကသွင်းယူခဲ့တာဖြစ်ပါတယ်။
လိုရစ်ဟာကမ္ဘာ့ဖလားပြိုင်ပွဲတုန်းကအာဂျင်တီးနားနှင့်ဗိုလ်လုပွဲမှလက်စွမ်းကြောင့်ပရိသတ်ဝေဖန်မှုများနှင့်ရင်ဆိုင်ခဲ့ရသူလည်းဖြစ်ပါတယ်။
သူဟာအကောင်းဆုံးပုံစံဖြင့်စပါးစ်အတွက်ပြန်ကစားနိုင်ရန်ရည်မှန်းထားခဲ့ပေမဲ့လည်းသူ့အမှားကြောင့်ဗီလာနှင့်ပွဲမှာဦးဆောင်ဂိုးပေးခဲ့ရပါတယ်။ယင်းနောက်ဒေါက်ကလပ်လူးဝစ်ဇ်ကဗီလာအတွက်အနိုင်သေချာစေမဲ့ဂိုးကိုထပ်သွင်းခဲ့လို့ ၂-၀ဖြင့်ရှုံးနိမ့်ခဲ့ပါတယ်။
မနေ့ညကပွဲတွင်လိုရစ်ရဲ့ကမ္ဘာ့ဖလားဗိုလ်လုပွဲပြိုင်ဘက်မာတီနက်ဇ်လည်း ဗီလာအရန်ခုံမှာထိုင်နေခဲ့ပါတယ်။မာတီနက်ဇ်ဟာပွဲမစတင်မီလိုရစ်ကိုနှုတ်ဆက်ကာနှစ်သိမ့်မှုပြုလုပ်ခဲ့တာတွေ့ရပါတယ်။
ZawGyi
ဗီလာရှုံးပွဲတွင် ဆိုးရွားတဲ့အမှားထပ်မံလုပ်ပြီး ကမ္ဘာ့ဖလားအိပ်မက်ဆိုးထပ်ရှည်ခဲ့ရတဲ့ ဟူဂိုလိုရစ်