ဗီလာသို့ အပြီးသတ်ပြောင်းရန်အတွက် လုပ်ခများစွာလျှော့ယူရမယ့် ကော်တင်ဟို

ဖီးလစ်ပီကော်တင်ဟိုဟာလာမယ့်နွေရာသီအပြောင်းအရွှေ့ဈေးကွက်တွင်အက်စတွန်ဗီလာသို့အပြီးသတ်ပြောင်းရွှေ့မည်ဆိုပါကလုပ်ခများစွာလျှော့ယူရမှာဖြစ်ကြောင်းသိရပါတယ်။

ဗီလာဟာဇန်နဝါရီလတုန်းကကော်တင်ဟိုကိုဘာစီလိုနာမှအငှားဖြင့်ခေါ်ယူစဉ်တုန်းကပြောင်းရွှေ့ကြေးပေါင်၃၃.၄သန်းဖြင့်အပြီးသတ်ခေါ်ယူနိုင်မယ့်အချက်ကိုထည့်သွင်းချုပ်ဆိုခဲ့ပါတယ်။

ဗီလာအသင်းပိုင်ရှင်များဟာကော်တင်ဟိုအတွက်ပေးရမယ့်ပြောင်းရွှေ့ကြေးအတွက်တစုံတရာပူပန်ခြင်းမရှိပေမဲ့လည်း ကစားသမားရဲ့လုပ်ခအပေါ်မှာတော့စိုးရိမ်ကြပါတယ်။

အသက် ၂၉ နှစ်ရှိစတားဟာဘာစီလိုနာတွင်အခွန်မဆောင်မီတစ်နှစ်လုပ်ခပေါင်၂၅သန်းရရှိနေသူလည်းဖြစ်ပါတယ်။ဒါကြောင့်သူဟာတစ်ပတ်လုပ်ခပေါင်၄၈၀၀၀၀ရရှိနေတာလည်းဖြစ်ပါတယ်။

ဗီလာဟာကော်တင်ဟိုကိုအငှားဖြင့်ခေါ်ယူစဉ် သူ့ရဲ့လုပ်ခ၂၅ရာခိုင်နှုန်းမျှပင်မရှိတဲ့တစ်ပတ်လုပ်ခပေါင်၁၂၀၀၀၀ကိုသာပေးချေနေရတာလည်းဖြစ်ပါတယ်။

ဒါကြောင့်လည်းကော်တင်ဟိုအနေဖြင့်ဗီလာသို့အပြီးသတ်ပြောင်းမည်ဆိုလျှင်လုပ်ခများစွာလျှော့ယူရပါမယ်။

ZawGyi






