ဗီလာအင်္ကျီမှဂျက်ဂရဲလ်လစ်ရှ်အမည်ကို တိပ်နဲ့ကပ်ပြီး အားပေးခဲ့တဲ့ ပရိသတ်

အက်စတွန်ဗီလာပရိသတ်တစ်ဦးဟာသူ့ဗီလာအင်္ကျီမှဂျက်ဂရဲလ်လစ်ရှ်အမည်ကိုတိပ်နဲ့ကပ်ပြီးဗီလာအသင်းရဲ့ပွဲကိုသွားရောက်ကြည့်ရှုအားပေးခဲ့ပါတယ်။

သူဟာဂျက်ဂရဲလ်လစ်ရှ်အမည်ကိုတိပ်နဲ့ကပ်ထားတဲ့ဗီလာအင်္ကျီကိုဝတ်ဆင်ကာနယူးကာဆယ်အား၂-၀ဂိုးဖြင့်အနိုင်ရရှိတဲ့ပရီးမီးယားလိဂ်ပွဲကိုကြည့်ရှုအားပေးခဲ့တာလည်းဖြစ်ပါတယ်။

အဆိုပါပွဲစဉ်မှာဗီလာဟာဒန်နီအင်းစ်၊အယ်ဂါဇီတို့ရဲ့ဂိုးများဖြင့်နယူးကာဆယ်ကို၂-၀ဂိုးဖြင့်အနိုင်ရရှိခဲ့ပါတယ်။

ဂျက်ဂရဲလ်လစ်ရှ်အမည်ကိုတိပ်နဲ့ကပ်ထားတဲ့အင်္ကျီကိုဝတ်ဆင်အားပေးခဲ့တဲ့ဗီလာပရိသတ်ရဲ့ဓာတ်ပုံဟာအွန်လိုင်းတွင်ပျံ့နှံ့နေပါတယ်။

ဂျက်ဂရဲလ်လစ်ရှ်ဟာဗီလာစီနီယာအသင်းမှာ၈နှစ်ကြာကစားပြီးနောက်ယခုနွေရာသီအပြောင်းအရွှေ့ဈေးကွက်တွင်ဗြိတိန်စံချိန်တင်ပြောင်းရွှေ့ကြေးဖြင့်မန်စီးတီးသို့ပြောင်းရွှေ့သွားခဲ့ပါတယ်။

သူဟာကစားသမားဘဝတစ်ခုလုံးကစားလာခဲ့တဲ့ဗီလာကိုစွန့်ခွာကာမန်စီးတီးသို့ပြောင်းရွှေ့မှုနဲ့အတူပရိသတ်များရဲ့ဒေါသထွက်ခြင်းခံခဲ့ရပါတယ်။

ဒါပေမယ့်ဂျက်ဂရဲလ်လစ်ရှ်ဟာမနေ့တုန်းကနော့ဝှစ်ချ်အား၅-၀ဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲမှာမန်စီးတီးအတွက်သူ့ရဲ့ပထမဆုံးဂိုးကိုသွင်းယူနိုင်ခဲ့ပါတယ်။

ZawGyi

ဗီလာအက်ႌမွဂ်က္ဂရဲလ္လစ္ရွ္အမည္ကို တိပ္နဲ႔ကပ္ၿပီး အားေပးခဲ့တဲ့ ပရိသတ္

အက္စတြန္ဗီလာပရိသတ္တစ္ဦးဟာသူ႔ဗီလာအက်ႌမွဂ်က္ဂရဲလ္လစ္ရွ္အမည္ကိုတိပ္နဲ႔ကပ္ၿပီးဗီလာအသင္းရဲ႕ပြဲကိုသြားေရာက္ၾကည့္ရႈအားေပးခဲ့ပါတယ္။

သူဟာဂ်က္ဂရဲလ္လစ္ရွ္အမည္ကိုတိပ္နဲ႔ကပ္ထားတဲ့ဗီလာအက်ႌကိုဝတ္ဆင္ကာနယူးကာဆယ္အား၂-၀ဂိုးျဖင့္အႏိုင္ရရွိတဲ့ပရီးမီးယားလိဂ္ပြဲကိုၾကည့္ရႈအားေပးခဲ့တာလည္းျဖစ္ပါတယ္။

အဆိုပါပြဲစဥ္မွာဗီလာဟာဒန္နီအင္းစ္၊အယ္ဂါဇီတို႔ရဲ႕ဂိုးမ်ားျဖင့္နယူးကာဆယ္ကို၂-၀ဂိုးျဖင့္အႏိုင္ရရွိခဲ့ပါတယ္။

ဂ်က္ဂရဲလ္လစ္ရွ္အမည္ကိုတိပ္နဲ႔ကပ္ထားတဲ့အက်ႌကိုဝတ္ဆင္အားေပးခဲ့တဲ့ဗီလာပရိသတ္ရဲ႕ဓာတ္ပုံဟာအြန္လိုင္းတြင္ပ်ံ႕ႏွံ႔ေနပါတယ္။

ဂ်က္ဂရဲလ္လစ္ရွ္ဟာဗီလာစီနီယာအသင္းမွာ၈ႏွစ္ၾကာကစားၿပီးေနာက္ယခုေႏြရာသီအေျပာင္းအေ႐ႊ႕ေဈးကြက္တြင္ၿဗိတိန္စံခ်ိန္တင္ေျပာင္းေ႐ႊ႕ေၾကးျဖင့္မန္စီးတီးသို႔ေျပာင္းေ႐ႊ႕သြားခဲ့ပါတယ္။

သူဟာကစားသမားဘဝတစ္ခုလုံးကစားလာခဲ့တဲ့ဗီလာကိုစြန႔္ခြာကာမန္စီးတီးသို႔ေျပာင္းေ႐ႊ႕မႈနဲ႔အတူပရိသတ္မ်ားရဲ႕ေဒါသထြက္ျခင္းခံခဲ့ရပါတယ္။

ဒါေပမယ့္ဂ်က္ဂရဲလ္လစ္ရွ္ဟာမေန႔တုန္းကေနာ့ဝွစ္ခ်္အား၅-၀ဂိုးျဖင့္အႏိုင္ရရွိတဲ့ပြဲမွာမန္စီးတီးအတြက္သူ႔ရဲ႕ပထမဆုံးဂိုးကိုသြင္းယူႏိုင္ခဲ့ပါတယ္။