ဗီအဲရာရဲ့ကျောနံပါတ် ၄ ကို ဝတ်ဆင်နေပေမယ့် အာဆင်နယ်ဂန္ထဝင်ကစားတာ တစ်ခါမျှမကြည့်ဖူးကြောင်း ဘင်ဝှိုက်ဝန်ခံလာ

အာဆင်နယ်နောက်ခံလူဘင်ဝှိုက်က၎င်းမှာငယ်စဉ်တုန်းကဘောလုံးပရိသတ်တစ်ဦးမဟုတ်ကြောင်းနှင့်ယနေ့အချိန်တွင်လည်းဘောလုံးကြည့်မှုအလွန်နည်းပါးကြောင်းဝန်ခံပြောကြားလာပါတယ်။

အင်္ဂလန်ဗဟိုနောက်ခံလူဟာပြီးခဲ့တဲ့နွေရာသီတုန်းကဘရိုက်တန်မှအာဆင်နယ်သို့ပြောင်းရွှေ့ကြေးပေါင်သန်း၅၀ဖြင့်ပြောင်းလာပြီးနောက်အရေးပါတဲ့နောက်ခံလူအဖြစ်ခြေစွမ်းပြကစားနေပါတယ်။

သူဟာအာဆင်နယ်ရဲ့ဂန္ထဝင်ကျောနံပါတ်၄ကိုဝတ်ဆင်ကစားနေပါတယ်။ယင်းကျောနံပါတ်၄ကိုတခါတုန်းကအာဆင်နယ်ဂန္ထဝင်အသင်းခေါင်းဆောင်ပက်ထရစ်ဗီအဲရာဝတ်ဆင်ကစားခဲ့ပါတယ်။ဒါပေမယ့်ဘင်ဝှိုက်ကတစ်ချိန်တုန်းကကမ္ဘာ့ဘောလုံးလောကတွင်နာမည်ကျော်ကြားတဲ့ကွင်းလယ်ကစားသမားအဖြစ်ရပ်တည်ခဲ့တဲ့ဗီအဲရာအကြောင်းကိုအနည်းငယ်မျှသာသိကြောင်းရိုးသားစွာဆိုသွားပါတယ်။

ပက်ထရစ်ဗီအဲရာဟာယနေ့ညတွင်ခရစ္စတယ်ပဲလေ့စ်နည်းပြအဖြစ်ဖြင့်ကလပ်ဟောင်းအာဆင်နယ်ကိုလာရောက်ရင်ဆိုင်ပါမယ်။

ဘင်ဝှိုက်က “ငယ်ငယ်တုန်းကဘောလုံးပွဲလုံးဝမကြည့်ခဲ့ပါဘူး။အခုလည်းမကြည့်ဖြစ်သေးပါဘူး။ကျွန်တော်ကပွဲကိုချစ်တယ်။အမြဲတမ်းကစားတယ်။ဒါပေမယ့်မကြည့်ဘူး။အရင်မျိုးဆက်တွေအကြောင်းလည်းသိပ်မသိပါဘူး။ဗီအဲရာကိုကစားသမားကောင်းအဖြစ်တော့သိထားပါတယ်။ဒါပေမယ့်အသေးစိတ်မကြည့်ဖူးဘူး။ကျွန်တော်ကအမြဲတမ်းတစ်ခုမဟုတ်တစ်ခုနဲ့အလုပ်ရှုပ်နေတော့မကြည့်ဖြစ်ပါဘူး။ကိုယ့်ကိုယ်ဆန်းစစ်တဲ့အနေနဲ့ကိုယ်ကစားတာဘဲကြည့်ဖြစ်တယ်။အင်္ဂလန်ပွဲကြည့်တယ်။ပုံမှန်ဆိုရင်ဘောလုံးပွဲတစ်ပွဲကိုထိုင်စောင့်ပြီးကြည့်နေလေ့မရှိပါဘူး”လို့ပြောကြားသွားပါတယ်။

ZawGyi

ဗီအဲရာရဲ႕ေက်ာနံပါတ္ ၄ ကို ဝတ္ဆင္ေနေပမယ့္ အာဆင္နယ္ဂႏၴဝင္ကစားတာ တစ္ခါမွ်မၾကည့္ဖူးေၾကာင္း ဘင္ဝႈိက္ဝန္ခံလာ

အာဆင္နယ္ေနာက္ခံလူဘင္ဝႈိက္က၎မွာငယ္စဥ္တုန္းကေဘာလုံးပရိသတ္တစ္ဦးမဟုတ္ေၾကာင္းႏွင့္ယေန႔အခ်ိန္တြင္လည္းေဘာလုံးၾကည့္မႈအလြန္နည္းပါးေၾကာင္းဝန္ခံေျပာၾကားလာပါတယ္။

အဂၤလန္ဗဟိုေနာက္ခံလူဟာၿပီးခဲ့တဲ့ေႏြရာသီတုန္းကဘ႐ိုက္တန္မွအာဆင္နယ္သို႔ေျပာင္းေ႐ႊ႕ေၾကးေပါင္သန္း၅၀ျဖင့္ေျပာင္းလာၿပီးေနာက္အေရးပါတဲ့ေနာက္ခံလူအျဖစ္ေျခစြမ္းျပကစားေနပါတယ္။

သူဟာအာဆင္နယ္ရဲ႕ဂႏၴဝင္ေက်ာနံပါတ္၄ကိုဝတ္ဆင္ကစားေနပါတယ္။ယင္းေက်ာနံပါတ္၄ကိုတခါတုန္းကအာဆင္နယ္ဂႏၴဝင္အသင္းေခါင္းေဆာင္ပက္ထရစ္ဗီအဲရာဝတ္ဆင္ကစားခဲ့ပါတယ္။ဒါေပမယ့္ဘင္ဝႈိက္ကတစ္ခ်ိန္တုန္းကကမာၻ႔ေဘာလုံးေလာကတြင္နာမည္ေက်ာ္ၾကားတဲ့ကြင္းလယ္ကစားသမားအျဖစ္ရပ္တည္ခဲ့တဲ့ဗီအဲရာအေၾကာင္းကိုအနည္းငယ္မွ်သာသိေၾကာင္း႐ိုးသားစြာဆိုသြားပါတယ္။

ပက္ထရစ္ဗီအဲရာဟာယေန႔ညတြင္ခရစၥတယ္ပဲေလ့စ္နည္းျပအျဖစ္ျဖင့္ကလပ္ေဟာင္းအာဆင္နယ္ကိုလာေရာက္ရင္ဆိုင္ပါမယ္။

ဘင္ဝႈိက္က “ငယ္ငယ္တုန္းကေဘာလုံးပြဲလုံးဝမၾကည့္ခဲ့ပါဘူး။အခုလည္းမၾကည့္ျဖစ္ေသးပါဘူး။ကြၽန္ေတာ္ကပြဲကိုခ်စ္တယ္။အၿမဲတမ္းကစားတယ္။ဒါေပမယ့္မၾကည့္ဘူး။အရင္မ်ိဳးဆက္ေတြအေၾကာင္းလည္းသိပ္မသိပါဘူး။ဗီအဲရာကိုကစားသမားေကာင္းအျဖစ္ေတာ့သိထားပါတယ္။ဒါေပမယ့္အေသးစိတ္မၾကည့္ဖူးဘူး။ကြၽန္ေတာ္ကအၿမဲတမ္းတစ္ခုမဟုတ္တစ္ခုနဲ႔အလုပ္ရႈပ္ေနေတာ့မၾကည့္ျဖစ္ပါဘူး။ကိုယ့္ကိုယ္ဆန္းစစ္တဲ့အေနနဲ႔ကိုယ္ကစားတာဘဲၾကည့္ျဖစ္တယ္။အဂၤလန္ပြဲၾကည့္တယ္။ပုံမွန္ဆိုရင္ေဘာလုံးပြဲတစ္ပြဲကိုထိုင္ေစာင့္ၿပီးၾကည့္ေနေလ့မရွိပါဘူး”လို႔ေျပာၾကားသြားပါတယ္။