ဗုဒ္ဓဟူးနေ့ ပဲလေ့စ်နှင့်ပွဲစဉ်တွင် ယူနိုက်တက်အတွက် ပထမဆုံးပွဲကစားလာဖို့ ရှိနေတဲ့ ဝေါက်ဝက်ဟော့စ်

မန်ချက်စတာယူနိုက်တက်သို့နောက်ဆုံးရောက်လာတဲ့ကစားသမားသစ်ဝေါက်ဝက်ဟော့စ်ဟာတနင်္ဂနွေနေ့မှစတင်ကာယူနိုက်တက်ကစားဖော်သစ်များနှင့်အတူလေ့ကျင့်ခန်းစတင်ဆင်းခဲ့ပါတယ်။

ဝက်ဟော့စ်ဟာသောကြာနေ့တုန်းကဘန်လေမှယူနိုက်တက်သို့ရာသီဝက်အငှားဖြင့်ပြောင်းရွှေ့ခဲ့ပါတယ်။

ယူနိုက်တက်ဟာဝက်ဟော့စ်ရဲ့လုပ်ခအပြည့်အစုံပေါင်၂.၆ပေးခဲ့ရပါတယ်။ဘန်လေဟာလည်းဘီဆစ်တပ်ခ်ကိုစာချုပ်ဖျက်သိမ်းရေးအတွက်ပေါင်၂.၅သန်းပေးခဲ့ရပါတယ်။

ယူနိုက်တက်ရဲ့ဝက်ဟော့စ်အငှားစာချုပ်အတွင်းတွင်လာမယ့်နွေရာသီတွင်အပြီးသတ်ခေါ်ယူနိုင်မဲ့အချက်မပါဝင်ပါဘူး။

သူဟာစနေနေ့တုန်းကအိုးထရက်ဖို့ဒ်ကွင်းတွင်မန်စီးတီးကို၂-၁ဖြင့်အနိုင်ရတဲ့မန်ချက်စတာဒါဘီပွဲစဉ်ကိုကိုယ်တိုင်လာရောက်ကြည့်ရှုအားပေးခဲ့ပြီးနောက်တနင်္ဂနွေနေ့တွင်ယူနိုက်တက်ကစားဖော်သစ်များနှင့်စတင်လေ့ကျင့်ခန်းဆင်းခဲ့ပါတယ်။

သူဟာဗုဒ္ဓဟူးနေ့ညတွင်ခရစ္စတယ်ပဲလေ့စ်ကိုအဝေးကွင်းသို့သွားရောက်ရင်ဆိုင်ကစားရမဲ့ ပရီးမီးယားလိဂ်ပွဲတွင်ယူနိုက်တက်အတွက်ပထမဆုံးပွဲအဖြစ်ကစားလာဖို့ရှိနေပါတယ်။

ဝက်ဟော့စ်ရောက်လာမှုနဲ့အတူ အဲရစ်တန်ဟက်ဟာပြိုင်ပွဲအရပ်ရပ်တွင်စိန်ခေါ်နိုင်ရေးအတွက်တိုက်စစ်ပိုင်းတောင့်တင်းလာခဲ့ပြီဖြစ်ပါတယ်။

ယူနိုက်တက်ဟာပရီးမီးယားလိဂ်တွင်အမှတ်ပေးဇယားအဆင့်၄နေရာတွင်ရပ်တည်နေပြီးအက်ဖ်အေဖလားပြိုင်ပွဲတွင်စတုတ္ထအဆင့်သို့လည်းကောင်း၊ခါရာဘောင်ဖလားတွင်ဆီမီးဖိုင်နယ်သို့လည်းကောင်းတက်ထားပါတယ်။ဒါ့အပြင်၎င်းတို့ဟာယူရိုပါလိဂ်တွင်လည်းရှုံးထွက်အဆင့်ပလေးအော့ဖ်အဖြစ်ဘာစီလိုနာနှင့်ရင်ဆိုင်ရပါဦးမယ်။

သူဟာယူနိုက်တက်တွင်ကျောနံပါတ်၂၇ကိုဝတ်ဆင်သွားပါမယ်။

ZawGyi

ဗုဒၶဟူးေန႔ ပဲေလ့စ္ႏွင့္ပြဲစဥ္တြင္ ယူႏိုက္တက္အတြက္ ပထမဆုံးပြဲကစားလာဖို႔ ရွိေနတဲ့ ေဝါက္ဝက္ေဟာ့စ္

မန္ခ်က္စတာယူႏိုက္တက္သို႔ေနာက္ဆုံးေရာက္လာတဲ့ကစားသမားသစ္ေဝါက္ဝက္ေဟာ့စ္ဟာတနဂၤေႏြေန႔မွစတင္ကာယူႏိုက္တက္ကစားေဖာ္သစ္မ်ားႏွင့္အတူေလ့က်င့္ခန္းစတင္ဆင္းခဲ့ပါတယ္။

ဝက္ေဟာ့စ္ဟာေသာၾကာေန႔တုန္းကဘန္ေလမွယူႏိုက္တက္သို႔ရာသီဝက္အငွားျဖင့္ေျပာင္းေ႐ႊ႕ခဲ့ပါတယ္။

ယူႏိုက္တက္ဟာဝက္ေဟာ့စ္ရဲ႕လုပ္ခအျပည့္အစုံေပါင္၂.၆ေပးခဲ့ရပါတယ္။ဘန္ေလဟာလည္းဘီဆစ္တပ္ခ္ကိုစာခ်ဳပ္ဖ်က္သိမ္းေရးအတြက္ေပါင္၂.၅သန္းေပးခဲ့ရပါတယ္။

ယူႏိုက္တက္ရဲ႕ဝက္ေဟာ့စ္အငွားစာခ်ဳပ္အတြင္းတြင္လာမယ့္ေႏြရာသီတြင္အၿပီးသတ္ေခၚယူႏိုင္မဲ့အခ်က္မပါဝင္ပါဘူး။

သူဟာစေနေန႔တုန္းကအိုးထရက္ဖို႔ဒ္ကြင္းတြင္မန္စီးတီးကို၂-၁ျဖင့္အႏိုင္ရတဲ့မန္ခ်က္စတာဒါဘီပြဲစဥ္ကိုကိုယ္တိုင္လာေရာက္ၾကည့္ရႈအားေပးခဲ့ၿပီးေနာက္တနဂၤေႏြေန႔တြင္ယူႏိုက္တက္ကစားေဖာ္သစ္မ်ားႏွင့္စတင္ေလ့က်င့္ခန္းဆင္းခဲ့ပါတယ္။

သူဟာဗုဒၶဟူးေန႔ညတြင္ခရစၥတယ္ပဲေလ့စ္ကိုအေဝးကြင္းသို႔သြားေရာက္ရင္ဆိုင္ကစားရမဲ့ ပရီးမီးယားလိဂ္ပြဲတြင္ယူႏိုက္တက္အတြက္ပထမဆုံးပြဲအျဖစ္ကစားလာဖို႔ရွိေနပါတယ္။

ဝက္ေဟာ့စ္ေရာက္လာမႈနဲ႔အတူ အဲရစ္တန္ဟက္ဟာၿပိဳင္ပြဲအရပ္ရပ္တြင္စိန္ေခၚႏိုင္ေရးအတြက္တိုက္စစ္ပိုင္းေတာင့္တင္းလာခဲ့ၿပီျဖစ္ပါတယ္။

ယူႏိုက္တက္ဟာပရီးမီးယားလိဂ္တြင္အမွတ္ေပးဇယားအဆင့္၄ေနရာတြင္ရပ္တည္ေနၿပီးအက္ဖ္ေအဖလားၿပိဳင္ပြဲတြင္စတုတၳအဆင့္သို႔လည္းေကာင္း၊ခါရာေဘာင္ဖလားတြင္ဆီမီးဖိုင္နယ္သို႔လည္းေကာင္းတက္ထားပါတယ္။ဒါ့အျပင္၎တို႔ဟာယူ႐ိုပါလိဂ္တြင္လည္းရႈံးထြက္အဆင့္ပေလးေအာ့ဖ္အျဖစ္ဘာစီလိုနာႏွင့္ရင္ဆိုင္ရပါဦးမယ္။

သူဟာယူႏိုက္တက္တြင္ေက်ာနံပါတ္၂၇ကိုဝတ္ဆင္သြားပါမယ္။