ဗြိတိန်စံချိန်တင်ပြောင်းရွှေ့ကြေးပေါင် ၁၁၅ သန်းဖြင့် အန်ဇိုဖာနန်ဒက်ဇ်ကို ချဲလ်ဆီး ခေါ်ယူ

ချဲလ်ဆီးဟာအပြောင်းအရွှေ့ဈေးကွက်နောက်ဆုံးရက်တွင်အလယ်တန်းကစားသမားအန်ဇိုဖာနန်ဒက်ဇ်အားခေါ်ယူရန်ဘင်ဖီကာနှင့်သဘောတူညီမှုရရှိသွားခဲ့ပြီဖြစ်ပါတယ်။

ချဲလ်ဆီးဟာအသက်၂၂နှစ်ရှိအာဂျင်တီးနားရဲ့ကမ္ဘာ့ဖလားစတားကိဗြိတိန်စံချိန်တင်ပြောင်းရွှေ့ကြေးဖြင့်ခေါ်ယူရန်သဘောတူညီမှုရရှိခဲ့တာလည်းဖြစ်ပါတယ်။

ချဲလ်ဆီးဟာအန်ဇိုဖာနန်ဒက်ဇ်အားခေါ်ယူရန်အကြိမ်ကြိမ်ကမ်းလှမ်းမှုပယ်ချခြင်းခံခဲ့ရပြီးတဲ့နောက်ဗြိတိန်စံချိန်တင်ကြေးပေါင်၁၁၅သန်းဖြင့်ကမ်းလှမ်းခဲ့ရာမှာတော့သဘောတူညီမှုရရှိသွားတာဖြစ်ပါတယ်။

ယခင်ဗြိတိန်စံချိန်တင်ပြောင်းရွှေ့ကြေးကမန်စီးတီးကဂျက်ဂရဲလ်လစ်ရှ်ကိုပေါင်သန်း၁၀၀ဖြင့်ခေါ်ယူမှုဖြစ်ပါတယ်။

ဖာနန်ဒက်ဇ်ဟာချဲလ်ဆီးသို့အပြောင်းအရွှေ့ပြုလုပ်ရန်လစ္စဘွန်းတွင်ဆေးစစ်ဆေးမှုခံယူခဲ့ပါတယ်။

ဖာနန်ဒက်ဇ်ဟာပြီးခဲ့တဲ့ဇူလိုင်လကမှ အာဂျင်တီးနားကလပ်ရေးဗားပလိတ်မှဘင်ဖီကာသို့ရောက်လာသူဖြစ်ပါတယ်။

သူဟာကလပ်အတွက်၁၇ပွဲကစားခဲ့ပြီးပြီးခဲ့တဲ့လတုန်းကအာဂျင်တီးနားနှင့်အတူကမ္ဘာ့ဖလားချန်ပီယံဖြစ်ခဲ့ပါတယ်။

သူဟာဘင်ဖီကာနှင့်၂၀၂၇ခုနှစ်အထိစာချုပ်ချုပ်ဆိုထားတာဖြစ်ပြီးစာချုပ်အတွင်းတွင်စာချုပ်ဖျက်သိမ်းကြေးပေါင်၁၀၅သန်းပေးရဆိုတဲ့အချက်ပါဝင်ပါတယ်။ဒါကြောင့်လည်းချဲလ်ဆီးဟာဖာနန်ဒက်ဇ်ကိုခေါ်ယူနိုင်ဖို့ စာချုပ်ပါအချက်ထက်ပိုပေးခဲ့ရတာလည်းဖြစ်ပါတယ်။

ZawGyi

ၿဗိတိန္စံခ်ိန္တင္ေျပာင္းေ႐ႊ႕ေၾကးေပါင္ ၁၁၅ သန္းျဖင့္ အန္ဇိုဖာနန္ဒက္ဇ္ကို ခ်ဲလ္ဆီး ေခၚယူ

ခ်ဲလ္ဆီးဟာအေျပာင္းအေ႐ႊ႕ေဈးကြက္ေနာက္ဆုံးရက္တြင္အလယ္တန္းကစားသမားအန္ဇိုဖာနန္ဒက္ဇ္အားေခၚယူရန္ဘင္ဖီကာႏွင့္သေဘာတူညီမႈရရွိသြားခဲ့ၿပီျဖစ္ပါတယ္။

ခ်ဲလ္ဆီးဟာအသက္၂၂ႏွစ္ရွိအာဂ်င္တီးနားရဲ႕ကမာၻ႔ဖလားစတားကိၿဗိတိန္စံခ်ိန္တင္ေျပာင္းေ႐ႊ႕ေၾကးျဖင့္ေခၚယူရန္သေဘာတူညီမႈရရွိခဲ့တာလည္းျဖစ္ပါတယ္။

ခ်ဲလ္ဆီးဟာအန္ဇိုဖာနန္ဒက္ဇ္အားေခၚယူရန္အႀကိမ္ႀကိမ္ကမ္းလွမ္းမႈပယ္ခ်ျခင္းခံခဲ့ရၿပီးတဲ့ေနာက္ၿဗိတိန္စံခ်ိန္တင္ေၾကးေပါင္၁၁၅သန္းျဖင့္ကမ္းလွမ္းခဲ့ရာမွာေတာ့သေဘာတူညီမႈရရွိသြားတာျဖစ္ပါတယ္။

ယခင္ၿဗိတိန္စံခ်ိန္တင္ေျပာင္းေ႐ႊ႕ေၾကးကမန္စီးတီးကဂ်က္ဂရဲလ္လစ္ရွ္ကိုေပါင္သန္း၁၀၀ျဖင့္ေခၚယူမႈျဖစ္ပါတယ္။

ဖာနန္ဒက္ဇ္ဟာခ်ဲလ္ဆီးသို႔အေျပာင္းအေ႐ႊ႕ျပဳလုပ္ရန္လစၥဘြန္းတြင္ေဆးစစ္ေဆးမႈခံယူခဲ့ပါတယ္။

ဖာနန္ဒက္ဇ္ဟာၿပီးခဲ့တဲ့ဇူလိုင္လကမွ အာဂ်င္တီးနားကလပ္ေရးဗားပလိတ္မွဘင္ဖီကာသို႔ေရာက္လာသူျဖစ္ပါတယ္။

သူဟာကလပ္အတြက္၁၇ပြဲကစားခဲ့ၿပီးၿပီးခဲ့တဲ့လတုန္းကအာဂ်င္တီးနားႏွင့္အတူကမာၻ႔ဖလားခ်န္ပီယံျဖစ္ခဲ့ပါတယ္။

သူဟာဘင္ဖီကာႏွင့္၂၀၂၇ခုႏွစ္အထိစာခ်ဳပ္ခ်ဳပ္ဆိုထားတာျဖစ္ၿပီးစာခ်ဳပ္အတြင္းတြင္စာခ်ဳပ္ဖ်က္သိမ္းေၾကးေပါင္၁၀၅သန္းေပးရဆိုတဲ့အခ်က္ပါဝင္ပါတယ္။ဒါေၾကာင့္လည္းခ်ဲလ္ဆီးဟာဖာနန္ဒက္ဇ္ကိုေခၚယူႏိုင္ဖို႔ စာခ်ဳပ္ပါအခ်က္ထက္ပိုေပးခဲ့ရတာလည္းျဖစ္ပါတယ္။