ဗြိတိန်တွင် ကွာရန်တင်းမဝင်ရအောင် ခရိုအေးရှားသို့သွားရောက်ကာ လေ့ကျင့်ခန်းဆင်းမယ့် ဗီလာရဲ့မာတီနက်ဇ်နှင့်ဘူအန်ဒီအာ

အီမီလီယာနိုမာတီနက်ဇ်နှင့်အီမီလီယာနိုဘူအန်ဒီအာတို့ဟာဘရာဇီးတွင်ကိုဗစ်ကန့်သတ်ချက်ကြောင့်အာဂျင်တီးနားအသင်းမှထွက်ခွာခဲ့ရပါတယ်။

ဗီလာကစားသမားနှစ်ဦးတို့ဟာဗြိတိန်သို့တိုက်ရိုက်ပြန်လာမည်မဟုတ်ဘဲခရိုအေးရှားသို့ထွက်ခွာမှာဖြစ်ကြောင်းသိရပါတယ်။၎င်းတို့ဟာဗြိတိန်တွင်ဟိုတယ်ကွာရန်တင်း၁၀ရက်မဝင်ဘဲခရိုအေးရှားတွင်ဆယ်ရက်ကြာလေ့ကျင့်ခန်းဆင်းမှုပြုလုပ်ပါမယ်။

ပရီးမီးယားလိဂ်ကကလပ်များအားကိုဗစ်ကန့်သတ်ချက်အနီရောင်အဆင့်ရှိနိုင်ငံများသို့ ကစားသမားစေလွှတ်ခွင့်မပေးထားသော်လည်းဗီလာဟာသူတို့ရဲ့အာဂျင်တီးနားကစားသမားနှစ်ဦးတို့အားကမ္ဘာ့ဖလားခြေစစ်ပွဲနှစ်ပွဲသွားရောက်ကစားစေခဲ့ပါတယ်။

အသက်၂၉နှစ်ရှိမာတီနက်ဇ်ဟာတနင်္ဂနွေနေ့တုန်းကဘရာဇီးနှင့်ကမ္ဘာ့ဖလားခြေစစ်ပွဲတွင်အာဂျင်တီးနားပွဲထွက်လူစာရင်းတွင်ပါဝင်ခဲ့ပေမယ့်ပွဲအစ၆မိနစ်တွင်ပင်ဘရာဇီးကျန်းမာရေးဝန်ထမ်းများကကွင်းအတွင်းဝင်ရောက်ကာအာဂျင်တီးနားမှပရီးမီးယားလိဂ်ကစားသမားလေးဦးအားပြည်နှင်ရန်ကြိုးပမ်းရာမှာပွဲပျက်ခဲ့ပါတယ်။

မာတီနက်ဇ်နှင့်အတူ ဘူအန်ဒီအာ၊လိုစယ်ဆို၊ရိုမဲရိုးတို့ဟာချက်ချင်းပင်ဘရာဇီးမှပြည်နှင်ခြင်းခံခဲ့ရပါတယ်။

အာဂျင်တီးနားအသင်းဟာဘရာဇီးသို့ရောက်လာတာသုံးရက်ရှိပြီဖြစ်ပေမယ့်ပွဲကစားနေချိန်တွင်မှကိုဗစ်အကြောင်းပြချက်ဖြင့်ကစားသမားများအားပြည်နှင်ရန်ကြိုးပမ်းမှုအပေါ်အကြီးအကျယ်ဒေါသထွက်နေပါတယ်။

ဗီလာရဲ့မာတီနက်ဇ်နှင့်အူအန်ဒီအာတို့ဟာဗြိတိန်သို့တိုက်ရိုက်မပြန်ဘဲခရိုအေးရှားသို့သွားရောက်ကာယင်းတွင်၁၀ရက်ကြာနေထိုင်လေ့ကျင့်ခန်းဆင်းပြီးမှဗြိတိန်သို့ပြန်လာပါမယ်။၎င်းတို့ဟာဗြိတိန်သို့ရောက်ချိန်မှာကွာရန်တင်းထပ်မံဝင်ရတော့မှာမဟုတ်ပါဘူး။

ZawGyi







