ဗြိတိန်ဓာတ်ဆီအကျပ်အတည်းကြောင့် ဓာတ်ဆီရှာပေးကြရန် ပရိသတ်များကို မီဝေါလ်စတား တောင်းဆို

မီဝေါလ်တိုက်စစ်မှူးမတ်စမစ်ကသူ့အတွက်ဓာတ်ဆီရှာဖွေပေးကြရန်ပရိသတ်များကိုတွစ်တာတောင်းဆိုလိုက်ပါတယ်။ဒါ့အပြင်၎င်းကဓာတ်ဆီရှာဖွေမပေးနိုင်ပါကလည်းသူ့ကို တစ်ယောက်ယောက်ကအသင်းလေ့ကျင့်ရေးကွင်းသို့လိုက်ပို့ပေးနိုင်ပါကပို့ပေးရန်တောင်းဆိုသွားပါတယ်။

ဗြိတိန်တွင်ဓာတ်ဆီအကျပ်အတည်းနှင့်ရင်ဆိုင်နေရပြီးဓာတ်ဆီဆိုင်များတွင်ယာဉ်တန်းရှည်ကြီးဖြင့်ဆီဖြည့်ရန်စောင့်ဆိုင်းနေခဲ့ကြရပါတယ်။အထူးသဖြင့်လူပေါင်းမြောက်မြားစွာတို့အလျှင်စလိုဝယ်ယူမှုနဲ့အတူဓာတ်ဆီရှားပါးမှုနဲ့ကြုံရပြီးကုန်တင်ကားသမားများမှာအကျပ်အတည်းနဲ့ရင်ဆိုင်နေရပါတယ်။

စမစ်မှာလည်းဓာတ်ဆီမရှိမှုကြောင့်ဗြိတိန်တွင်ဓာတ်ဆီအကျပ်အတည်းနဲ့ရင်ဆိုင်ရတဲ့သူများထဲမှတစ်ဦးဖြစ်ပြီးလေ့ကျင့်ရေးကွင်းသို့သွားရန်ပင်အခက်အခဲရှိနေခဲ့ပါတယ်။

စမစ်က “အနောက်လန်ဒန်(ချဲလ်ဆီး/ဖူလ်ဟမ်)မှာနေတဲ့သူတွေအနေနဲ့ဓာတ်ဆီဘယ်မှာရနိုင်မလဲသိကြလားခင်ဗျ။ဆီဆိုင်ရှာမရရင်လည်းလေ့ကျင့်ရေးကွင်းသို့လိုက်ပို့ပေးကြပါလား”လို့တွစ်တာမှရေးသားခဲ့ပါတယ်။

ZawGyi

ၿဗိတိန္ဓာတ္ဆီအက်ပ္အတည္းေၾကာင့္ ဓာတ္ဆီရွာေပးၾကရန္ ပရိသတ္မ်ားကို မီေဝါလ္စတား ေတာင္းဆို

မီေဝါလ္တိုက္စစ္မႉးမတ္စမစ္ကသူ႔အတြက္ဓာတ္ဆီရွာေဖြေပးၾကရန္ပရိသတ္မ်ားကိုတြစ္တာေတာင္းဆိုလိုက္ပါတယ္။ဒါ့အျပင္၎ကဓာတ္ဆီရွာေဖြမေပးႏိုင္ပါကလည္းသူ႔ကို တစ္ေယာက္ေယာက္ကအသင္းေလ့က်င့္ေရးကြင္းသို႔လိုက္ပို႔ေပးႏိုင္ပါကပို႔ေပးရန္ေတာင္းဆိုသြားပါတယ္။

ၿဗိတိန္တြင္ဓာတ္ဆီအက်ပ္အတည္းႏွင့္ရင္ဆိုင္ေနရၿပီးဓာတ္ဆီဆိုင္မ်ားတြင္ယာဥ္တန္းရွည္ႀကီးျဖင့္ဆီျဖည့္ရန္ေစာင့္ဆိုင္းေနခဲ့ၾကရပါတယ္။အထူးသျဖင့္လူေပါင္းေျမာက္ျမားစြာတို႔အလွ်င္စလိုဝယ္ယူမႈနဲ႔အတူဓာတ္ဆီရွားပါးမႈနဲ႔ႀကဳံရၿပီးကုန္တင္ကားသမားမ်ားမွာအက်ပ္အတည္းနဲ႔ရင္ဆိုင္ေနရပါတယ္။

စမစ္မွာလည္းဓာတ္ဆီမရွိမႈေၾကာင့္ၿဗိတိန္တြင္ဓာတ္ဆီအက်ပ္အတည္းနဲ႔ရင္ဆိုင္ရတဲ့သူမ်ားထဲမွတစ္ဦးျဖစ္ၿပီးေလ့က်င့္ေရးကြင္းသို႔သြားရန္ပင္အခက္အခဲရွိေနခဲ့ပါတယ္။

စမစ္က “အေနာက္လန္ဒန္(ခ်ဲလ္ဆီး/ဖူလ္ဟမ္)မွာေနတဲ့သူေတြအေနနဲ႔ဓာတ္ဆီဘယ္မွာရႏိုင္မလဲသိၾကလားခင္ဗ်။ဆီဆိုင္ရွာမရရင္လည္းေလ့က်င့္ေရးကြင္းသို႔လိုက္ပို႔ေပးၾကပါလား”လို႔တြစ္တာမွေရးသားခဲ့ပါတယ္။