ဗြိတိန်နည်းပြလောကသို့ ဝင်ရောက်ရန် ချဲလ်ဆီးစတားဟောင်းရှက်ဗ်ချင်ကို တံခါးဖွင့်ပေးထား

အင်ဒရေရှက်ဗ်ချင်ကိုဟာဗြိတိန်တွင်နည်းပြတာဝန်ထမ်းဆောင်ရန်တံခါးဖွင့်လိုက်ပါတယ်။ယင်းသို့ရှက်ဗ်ချင်ကိုဖက်ကတံခါးဖွင့်ပေးလာမှုနဲ့အတူဆဲလ်တစ်အပါအဝင်အခြားကလပ်များကစိတ်ဝင်စားကြောင်းပြသလာပါတယ်။

အေစီမီလန်နှင့်ချဲလ်ဆီးတိုက်စစ်မှူးဟောင်းဟာယူရို၂၀၂၀ပြိုင်ပွဲတုန်းကယူကရိန်းအသင်းကိုကွာတားဖိုင်နယ်အဆင့်သို့ပို့ဆောင်ပေးခဲ့ပြီးနောက်နည်းပြရာထူးမှထွက်ခွာလာခဲ့သူဖြစ်ပါတယ်။

အသက်၄၈နှစ်ရှိရှက်ဗ်ချင်ကိုဟာယူကရိန်းနည်းပြရာထူးမှထွက်ခွာလာပြီးနောက်နွေရာသီကာလအတွင်းတွင်ကလပ်အသင်းများစွာနှင့်အင်တာဗျူးမှုပြုလုပ်ခဲ့ပေမယ့် မအောင်မြင်ခဲ့ခဲ့ပါဘူး။

ယူကရိန်းအတွက်၄၈ဂိုးသွင်းယူကာယူကရိန်းသမိုင်းတွင်ဂိုးအများဆုံးသွင်းယူသူအဖြစ်ရပ်တည်နိုင်ခဲ့တဲ့ရှက်ဗ်ချင်ကိုဟာယူကရိန်းအသင်းကို၅နှစ်ကြာကိုင်တွယ်ခဲ့သော်လည်းနိုင်ငံတကာအသင်းအတွေ့အကြုံသာရှိကာကလပ်အသင်းအတွေ့အကြုံမရှိပါဘူး။

သူဟာအင်္ဂလန်တွင်နှစ်အတန်ကြာနေထိုင်ခဲ့ဖူးရာဗြိတိန်အလုပ်လုပ်ခွင့်ပါမစ်ရရှိရန်မခက်ခဲသူလည်းဖြစ်ပါတယ်။သူဟာအင်္ဂလိပ်စကားကောင်းမွန်စွာပြောဆိုနိုင်တဲ့အပြင်ပရီးမီးယားလိဂ်အကြောင်းကိုလည်းဖြစ်ပါတယ်။

လက်ရှိအချိန်တွင်ရှက်ဗ်ချင်ကိုကိုင်တွယ်ဖို့ရေပန်းအစားဆုံးအဖြစ်ဆဲလ်တစ်ကရေပန်းစားနေပါတယ်။ဆဲလ်တစ်ဟာရလဒ်ဆိုးရွားမှုကြောင့်နည်းပြပေါ့စတဲလ်ကိုဂလူအားထုတ်ပယ်ဖို့ရှိနေပါတယ်။

ZawGyi

ၿဗိတိန္နည္းျပေလာကသို႔ ဝင္ေရာက္ရန္ ခ်ဲလ္ဆီးစတားေဟာင္းရွက္ဗ္ခ်င္ကို တံခါးဖြင့္ေပးထား

အင္ဒေရရွက္ဗ္ခ်င္ကိုဟာၿဗိတိန္တြင္နည္းျပတာဝန္ထမ္းေဆာင္ရန္တံခါးဖြင့္လိုက္ပါတယ္။ယင္းသို႔ရွက္ဗ္ခ်င္ကိုဖက္ကတံခါးဖြင့္ေပးလာမႈနဲ႔အတူဆဲလ္တစ္အပါအဝင္အျခားကလပ္မ်ားကစိတ္ဝင္စားေၾကာင္းျပသလာပါတယ္။

ေအစီမီလန္ႏွင့္ခ်ဲလ္ဆီးတိုက္စစ္မႉးေဟာင္းဟာယူ႐ို၂၀၂၀ၿပိဳင္ပြဲတုန္းကယူကရိန္းအသင္းကိုကြာတားဖိုင္နယ္အဆင့္သို႔ပို႔ေဆာင္ေပးခဲ့ၿပီးေနာက္နည္းျပရာထူးမွထြက္ခြာလာခဲ့သူျဖစ္ပါတယ္။

အသက္၄၈ႏွစ္ရွိရွက္ဗ္ခ်င္ကိုဟာယူကရိန္းနည္းျပရာထူးမွထြက္ခြာလာၿပီးေနာက္ေႏြရာသီကာလအတြင္းတြင္ကလပ္အသင္းမ်ားစြာႏွင့္အင္တာဗ်ဴးမႈျပဳလုပ္ခဲ့ေပမယ့္ မေအာင္ျမင္ခဲ့ခဲ့ပါဘူး။

ယူကရိန္းအတြက္၄၈ဂိုးသြင္းယူကာယူကရိန္းသမိုင္းတြင္ဂိုးအမ်ားဆုံးသြင္းယူသူအျဖစ္ရပ္တည္ႏိုင္ခဲ့တဲ့ရွက္ဗ္ခ်င္ကိုဟာယူကရိန္းအသင္းကို၅ႏွစ္ၾကာကိုင္တြယ္ခဲ့ေသာ္လည္းႏိုင္ငံတကာအသင္းအေတြ႕အႀကဳံသာရွိကာကလပ္အသင္းအေတြ႕အႀကဳံမရွိပါဘူး။

သူဟာအဂၤလန္တြင္ႏွစ္အတန္ၾကာေနထိုင္ခဲ့ဖူးရာၿဗိတိန္အလုပ္လုပ္ခြင့္ပါမစ္ရရွိရန္မခက္ခဲသူလည္းျဖစ္ပါတယ္။သူဟာအဂၤလိပ္စကားေကာင္းမြန္စြာေျပာဆိုႏိုင္တဲ့အျပင္ပရီးမီးယားလိဂ္အေၾကာင္းကိုလည္းျဖစ္ပါတယ္။

လက္ရွိအခ်ိန္တြင္ရွက္ဗ္ခ်င္ကိုကိုင္တြယ္ဖို႔ေရပန္းအစားဆုံးအျဖစ္ဆဲလ္တစ္ကေရပန္းစားေနပါတယ္။ဆဲလ္တစ္ဟာရလဒ္ဆိုး႐ြားမႈေၾကာင့္နည္းျပေပါ့စတဲလ္ကိုဂလူအားထုတ္ပယ္ဖို႔ရွိေနပါတယ္။