
သောမတ်စ်တူချယ်ဟာဗြိတိန်မှထွက်ခွာသွားပြီးနောက်စပိန်ဘာသာစကားသင်ကြားနေမှုနဲ့အတူ နောက်ထပ်အလုပ်သစ်တစ်ခုရရှိလာဖို့နီးစပ်နေပြီလို့ယူဆရပါတယ်။
ချဲလ်ဆီးနည်းပြဟောင်းဟာချဲလ်ဆီးနည်းပြရာထူးမှထုတ်ပယ်ခြင်းခံရပြီးနောက်ဗီဇာသက်တမ်းကုန်ဆုံးကာဗြိတိန်မှမဖြစ်နေထွက်ခွာခဲ့ရပါတယ်။
ဂျာမန်လူမျိုးနည်းပြဟာအစောပိုင်းတုန်းကဂါရတ်ဆောက်ဂိတ်သာနုတ်ထွက်လာပါကအင်္ဂလန်နည်းပြရာထူးကိုရယူရန်မျှော်လင့်ခဲ့သူလည်းဖြစ်ပါတယ်။
ဒါပေမဲ့ယနေ့ထွက်ပေါ်လာတဲ့သတင်းအရသောမတ်စ်တူချယ်ဟာဗြိတိန်မှထွက်ခွာလာပြီးနောက်စပိန်ဘောလုံးလောကသို့ဝင်ရောက်ရန်အတွက်စပိန်ဘာသာစကားသင်ကြားနေကြောင်းသိရပါတယ်။
သောမတ်စ်တူချယ်ရေပန်းအစားဆုံးဖြစ်နေတာကတော့အက်သလက်တီကိုနည်းပြရာထူးဖြစ်ပါတယ်။
အက်သလက်တီကိုဟာချန်ပီယံလိဂ်အုပ်စုအဆင့်မှထွက်ခွာခဲ့ရတဲ့အပြင်လာလီဂါတွင်လည်းအဆင့်၅နေရာတွင်ရပ်တည်နေရမှုကြောင့်ဒီယေဂိုဆီမြွန်နီကိုထုတ်ပယ်ရန်စီစဉ်နေကြောင်းသတင်းထွက်နေပါတယ်။
ဒါ့အပြင်သူဟာဘာစီလိုနာနည်းပြရာထူးကိုစောင့်မျှော်နေပုံလည်းရပါတယ်။ဇာဗီးဟာချန်ပီယံလိဂ်အုပ်စုအဆင့်မှထွက်ခွာရပြီးနောက်ဖိအားများနှင့်ကြုံနေရပါတယ်။ဇာဗီးရဲ့ဘာစီလိုနာဟာဖေဖော်ဝါရီလတွင်ယူနိုက်တက်နှင့်ယူရိုပါလိဂ်ပလေးအော့ဖ်ရင်ဆိုင်ကစားရပါမယ်။
ZawGyi
ၿဗိတိန္မွ ထြက္ခြာသြားၿပီးေနာက္ စပိန္ဘာသာစကားသင္ၾကားေနတဲ့ ေသာမတ္စ္တူခ်ယ္
ေသာမတ္စ္တူခ်ယ္ဟာၿဗိတိန္မွထြက္ခြာသြားၿပီးေနာက္စပိန္ဘာသာစကားသင္ၾကားေနမႈနဲ႔အတူ ေနာက္ထပ္အလုပ္သစ္တစ္ခုရရွိလာဖို႔နီးစပ္ေနၿပီလို႔ယူဆရပါတယ္။
ခ်ဲလ္ဆီးနည္းျပေဟာင္းဟာခ်ဲလ္ဆီးနည္းျပရာထူးမွထုတ္ပယ္ျခင္းခံရၿပီးေနာက္ဗီဇာသက္တမ္းကုန္ဆုံးကာၿဗိတိန္မွမျဖစ္ေနထြက္ခြာခဲ့ရပါတယ္။
ဂ်ာမန္လူမ်ိဳးနည္းျပဟာအေစာပိုင္းတုန္းကဂါရတ္ေဆာက္ဂိတ္သာႏုတ္ထြက္လာပါကအဂၤလန္နည္းျပရာထူးကိုရယူရန္ေမွ်ာ္လင့္ခဲ့သူလည္းျဖစ္ပါတယ္။
ဒါေပမဲ့ယေန႔ထြက္ေပၚလာတဲ့သတင္းအရေသာမတ္စ္တူခ်ယ္ဟာၿဗိတိန္မွထြက္ခြာလာၿပီးေနာက္စပိန္ေဘာလုံးေလာကသို႔ဝင္ေရာက္ရန္အတြက္စပိန္ဘာသာစကားသင္ၾကားေနေၾကာင္းသိရပါတယ္။
ေသာမတ္စ္တူခ်ယ္ေရပန္းအစားဆုံးျဖစ္ေနတာကေတာ့အက္သလက္တီကိုနည္းျပရာထူးျဖစ္ပါတယ္။
အက္သလက္တီကိုဟာခ်န္ပီယံလိဂ္အုပ္စုအဆင့္မွထြက္ခြာခဲ့ရတဲ့အျပင္လာလီဂါတြင္လည္းအဆင့္၅ေနရာတြင္ရပ္တည္ေနရမႈေၾကာင့္ဒီေယဂိုဆီႁမြန္နီကိုထုတ္ပယ္ရန္စီစဥ္ေနေၾကာင္းသတင္းထြက္ေနပါတယ္။
ဒါ့အျပင္သူဟာဘာစီလိုနာနည္းျပရာထူးကိုေစာင့္ေမွ်ာ္ေနပုံလည္းရပါတယ္။ဇာဗီးဟာခ်န္ပီယံလိဂ္အုပ္စုအဆင့္မွထြက္ခြာရၿပီးေနာက္ဖိအားမ်ားႏွင့္ႀကဳံေနရပါတယ္။ဇာဗီးရဲ႕ဘာစီလိုနာဟာေဖေဖာ္ဝါရီလတြင္ယူႏိုက္တက္ႏွင့္ယူ႐ိုပါလိဂ္ပေလးေအာ့ဖ္ရင္ဆိုင္ကစားရပါမယ္။