ဗြိတိန်ရဲ့အရပ်အရှည်ဆုံးကစားသမားကို ဟက်ဒါဖီးလ်တောင်းခေါ်ယူ

ချန်ပီယံရှစ်ကလပ်ဟက်ဒါဖီးလ်တောင်းဟာဗြိတိန်ရဲ့အရပ်အရှည်ဆုံးကစားသမားကိုခေါ်ယူလိုက်ပါတယ်။

အရပ်၆ပေ၊၉လက်မရှိတိုက်စစ်မှူးကိုင်လီဟက်လင်းဟာအင်္ဂလန်နှင့်လီဗာပူးတိုက်စစ်မှူးဟောင်းပီတာခရော့ချ်ထက်၂လက်မပိုရှည်သူဖြစ်ပါတယ်။

အသက်၂၂နှစ်ရှိကစားသမားဟာယခင်တုန်းကနေးရှင်းလိဂ်ကလပ်ဆိုလီဟူးလ်မိုးတွင်ကစားလာခဲ့သူဖြစ်ပြီးချန်ပီယံရှစ်ကလပ်သို့ပြောင်းရွှေ့လာမှုကသူ့ကစားသမားဘဝအတွက်အကြီးမားဆုံးခြေလှမ်းလည်းဖြစ်ပါတယ်။

သူဟာအပျော်တမ်းလိဂ်တွင်နှစ်ရာသီကြာကစားစဉ်အတွင်း၁၃ဂိုးအထိသွင်းယူနိုင်ခဲ့သူဖြစ်ပြီးယခုအခါလာမယ့်ရာသီတွင်ချန်ပီယံရှစ်မှာကစားခွင့်ရရှိလာပြီဖြစ်ပါတယ်။

ဟက်ဒါဖီးလ်တောင်းဟာပြီးခဲ့တဲ့ရာသီတုန်းကချန်ပီယံရှစ်တွင်အဆင့်၃ရရှိခဲ့တဲ့အသင်းဖြစ်ပြီးပလေးအော့ဖ်ဗိုလ်လုပွဲတွင်နော်တင်ဟမ်ဖောရက်စ်ကိုရှုံးနိမ့်ကာပရီးမီးယားလိဂ်သို့တန်းတက်ခွင့်မရခဲ့တဲ့အသင်းဖြစ်ပါတယ်။

ZawGyi



အရပ်၆ပေ၊၉လက်မရှိတိုက်စစ်မှူးကိုင်လီဟက်လင်းဟာအင်္ဂလန်နှင့်လီဗာပူးတိုက်စစ်မှူးဟောင်းပီတာခရော့ခ်ျထက်၂လက်မပိုရှည်သူဖြစ်ပါတယ်။


