
ဂါရတ်ဘေးလ်ဟာဥရောပသမိုင်းတွင်ဗြိတိန်ရဲ့အအောင်မြင်ဆုံးကစားသမားအဖြစ်ရပ်တည်ပြီးဘောလုံးကစားသမားဘဝမှအနားယူသွားခဲ့ပြီဖြစ်ပါတယ်။
ဝေးလ်အသင်းခေါင်းဆောင်ဟာအသက်၃၃နှစ်အရွယ်မှာပဲကစားသမားဘဝမှအနားယူရန်ဆုံးဖြတ်လိုက်တာလည်းဖြစ်ပါတယ်။
သူဟာဆောက်သမ်တန်တွင်ကစားသမားဘဝစတင်ပြီးနောက်စပါးစ်တွင်စတားတစ်ဦးဖြစ်လာခဲ့ကာရီးရဲလ်မက်ဒရစ်တွင်ကြီးကျယ်ခမ်းနားတဲ့အောင်မြင်မှုများရယူနိုင်ခဲ့ပါတယ်။
သူဟာစပိန်တွင်ကစားစဉ်အတွင်းရီးရဲလ်မက်ဒရစ်နှင့်အတူချန်ပီယံလိဂ်ဖလား၅ကြိမ်အထိရယူနိုင်ခဲ့ပါတယ်။
ယင်းမှတ်တမ်းဟာဗြိတိန်ကစားသမားတစ်ဦးအတွက်ချန်ပီယံလိဂ်ပြိုင်ပွဲတွင်အအောင်မြင်ဆုံးမှတ်တမ်းလည်းဖြစ်ပါတယ်။
ဗြိတိန်ဘောလုံးလောကတွင်ချန်ပီယံလိဂ်တွင်ဒုတိယအအောင်မြင်ဆုံးအဖြစ်ဖီးလ်နီရယ်က ၄ကြိမ်ဖြင့်ရပ်တည်နေပြီးတတိယအအောင်မြင်ဆုံးအဖြစ်ရေးကလီးမန့်က၃ကြိမ်ဖြင့်ရပ်တည်နေပါတယ်။နံပါတ်၄နေရာမှာဖီးလ်သွမ်ဆင်က၃ကြိမ်ဖြင့်လည်းကောင်း၊နံပါတ်၅နေရာတွင်တယ်ရီမက်ဒါမော့က၃ကြိမ်ဖြင့်လည်းကောင်းရပ်တည်နေကြပါတယ်။
ဒါ့အပြင်SPORTbible ရဲ့စစ်တမ်းကောက်ယူမှုတွင်လည်းဂါရတ်ဘေးလ်ဟာဗြိတိန်ရဲ့အကြီးကျယ်ဆုံးကစားသမားအဖြစ်ရပ်တည်နေခဲ့ပါတယ်။သူဟာဝိန်းရွန်းနီ(၃၃.၁%)၊ဂျော့ဘတ်စ်(၂၃.၇%)၊ကန်နီဒဲလ်ကလစ်ရှ်(၆.၈%)တို့ကိုကျော်ဖြတ်ကာ၃၆.၄% ရာခိုင်နှုန်းဖြင့်ပရိသတ်မဲရရှိသွားခဲ့တာဖြစ်ပါတယ်။
သူဟာရီးရဲလ်မက်ဒရစ်နှင့်အတူချန်ပီယံလိဂ်ဖလား၅ကြိမ်၊လာလီဂါဖလား၃ကြိမ်၊ဖီဖာကလပ်ကမ္ဘာ့ဖလား၃ကြိမ်၊ယူအီးအက်ဖ်အေစူပါဖလား၃ကြိမ်၊စပိန်စူပါဖလား၁ကြိမ်နှင့်ကိုပါဒယ်ရေး၁ကြိမ်ဆွတ်ခူးနိုင်ခဲ့ပါတယ်။ သူဟာဆောက်သမ်တန်တွင်ပရော်ဖက်ရှင်နယ်ကစားသမားဘဝစတင်ပြီးနောက်စပါးစ်မှတဆင့်ရီးရဲလ်မက်ဒရစ်သို့ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးဖြင့်ပြောင်းခဲ့သူဖြစ်ပါတယ်။သူဟာပြီးခဲ့တဲ့နှစ်ဇွန်လတွင်ရီးရဲလ်မက်ဒရစ်မှထွက်ခွာကာမေဂျာလိဂ်ကလပ်လော့စ်အိန်ဂျယ်လိစ်သို့ပြောင်းပြီးနောက်မေဂျာလိဂ်ဖလားကိုလည်းဆွတ်ခူးနိုင်ခဲ့သူဖြစ်ပါတယ်။ သူဟာဝေးလ်လက်ရွေးစင်အသင်းအတွက်၁၁၁ပွဲကစားကာ၄၁ဂိုးသွင်းယူထားပြီးဝေးလ်ရဲ့ပွဲအများဆုံးကစားထားသူအဖြစ်လည်းကောင်း၊ဂိုးအများဆုံးသွင်းယူထားသူအဖြစ်လည်းကောင်းရပ်တည်နေသူလည်းဖြစ်ပါတယ်။
ZawGyi
ၿဗိတိန္ရဲ႕အေအာင္ျမင္ဆုံးကစားသမားအျဖစ္ အနားယူသြားခဲ့တဲ့ ဂါရတ္ေဘးလ္
ဂါရတ္ေဘးလ္ဟာဥေရာပသမိုင္းတြင္ၿဗိတိန္ရဲ႕အေအာင္ျမင္ဆုံးကစားသမားအျဖစ္ရပ္တည္ၿပီးေဘာလုံးကစားသမားဘဝမွအနားယူသြားခဲ့ၿပီျဖစ္ပါတယ္။
ေဝးလ္အသင္းေခါင္းေဆာင္ဟာအသက္၃၃ႏွစ္အ႐ြယ္မွာပဲကစားသမားဘဝမွအနားယူရန္ဆုံးျဖတ္လိုက္တာလည္းျဖစ္ပါတယ္။
သူဟာေဆာက္သမ္တန္တြင္ကစားသမားဘဝစတင္ၿပီးေနာက္စပါးစ္တြင္စတားတစ္ဦးျဖစ္လာခဲ့ကာရီးရဲလ္မက္ဒရစ္တြင္ႀကီးက်ယ္ခမ္းနားတဲ့ေအာင္ျမင္မႈမ်ားရယူႏိုင္ခဲ့ပါတယ္။
သူဟာစပိန္တြင္ကစားစဥ္အတြင္းရီးရဲလ္မက္ဒရစ္ႏွင့္အတူခ်န္ပီယံလိဂ္ဖလား၅ႀကိမ္အထိရယူႏိုင္ခဲ့ပါတယ္။
ယင္းမွတ္တမ္းဟာၿဗိတိန္ကစားသမားတစ္ဦးအတြက္ခ်န္ပီယံလိဂ္ၿပိဳင္ပြဲတြင္အေအာင္ျမင္ဆုံးမွတ္တမ္းလည္းျဖစ္ပါတယ္။
ၿဗိတိန္ေဘာလုံးေလာကတြင္ခ်န္ပီယံလိဂ္တြင္ဒုတိယအေအာင္ျမင္ဆုံးအျဖစ္ဖီးလ္နီရယ္က ၄ႀကိမ္ျဖင့္ရပ္တည္ေနၿပီးတတိယအေအာင္ျမင္ဆုံးအျဖစ္ေရးကလီးမန႔္က၃ႀကိမ္ျဖင့္ရပ္တည္ေနပါတယ္။နံပါတ္၄ေနရာမွာဖီးလ္သြမ္ဆင္က၃ႀကိမ္ျဖင့္လည္းေကာင္း၊နံပါတ္၅ေနရာတြင္တယ္ရီမက္ဒါေမာ့က၃ႀကိမ္ျဖင့္လည္းေကာင္းရပ္တည္ေနၾကပါတယ္။
ဒါ့အျပင္SPORTbible ရဲ႕စစ္တမ္းေကာက္ယူမႈတြင္လည္းဂါရတ္ေဘးလ္ဟာၿဗိတိန္ရဲ႕အႀကီးက်ယ္ဆုံးကစားသမားအျဖစ္ရပ္တည္ေနခဲ့ပါတယ္။သူဟာဝိန္း႐ြန္းနီ(၃၃.၁%)၊ေဂ်ာ့ဘတ္စ္(၂၃.၇%)၊ကန္နီဒဲလ္ကလစ္ရွ္(၆.၈%)တို႔ကိုေက်ာ္ျဖတ္ကာ၃၆.၄% ရာခိုင္ႏႈန္းျဖင့္ပရိသတ္မဲရရွိသြားခဲ့တာျဖစ္ပါတယ္။
သူဟာရီးရဲလ္မက္ဒရစ္ႏွင့္အတူခ်န္ပီယံလိဂ္ဖလား၅ႀကိမ္၊လာလီဂါဖလား၃ႀကိမ္၊ဖီဖာကလပ္ကမာၻ႔ဖလား၃ႀကိမ္၊ယူအီးအက္ဖ္ေအစူပါဖလား၃ႀကိမ္၊စပိန္စူပါဖလား၁ႀကိမ္ႏွင့္ကိုပါဒယ္ေရး၁ႀကိမ္ဆြတ္ခူးႏိုင္ခဲ့ပါတယ္။ သူဟာေဆာက္သမ္တန္တြင္ပေရာ္ဖက္ရွင္နယ္ကစားသမားဘဝစတင္ၿပီးေနာက္စပါးစ္မွတဆင့္ရီးရဲလ္မက္ဒရစ္သို႔ကမာၻ႔စံခ်ိန္တင္ေျပာင္းေ႐ႊ႕ေၾကးျဖင့္ေျပာင္းခဲ့သူျဖစ္ပါတယ္။သူဟာၿပီးခဲ့တဲ့ႏွစ္ဇြန္လတြင္ရီးရဲလ္မက္ဒရစ္မွထြက္ခြာကာေမဂ်ာလိဂ္ကလပ္ေလာ့စ္အိန္ဂ်ယ္လိစ္သို႔ေျပာင္းၿပီးေနာက္ေမဂ်ာလိဂ္ဖလားကိုလည္းဆြတ္ခူးႏိုင္ခဲ့သူျဖစ္ပါတယ္။ သူဟာေဝးလ္လက္ေ႐ြးစင္အသင္းအတြက္၁၁၁ပြဲကစားကာ၄၁ဂိုးသြင္းယူထားၿပီးေဝးလ္ရဲ႕ပြဲအမ်ားဆုံးကစားထားသူအျဖစ္လည္းေကာင္း၊ဂိုးအမ်ားဆုံးသြင္းယူထားသူအျဖစ္လည္းေကာင္းရပ္တည္ေနသူလည္းျဖစ္ပါတယ္။