ဗြိတိန်ဝန်ကြီးချုပ်ဖြစ်လာရန် ဗီလာစတားတိုင်ရွန်မင် ရည်မှန်းထား

အက်စတွန်ဗီလာစတားတိုင်ရွန်မင်ကကစားသမားဘဝကုန်ဆုံးပြီးပါကနိုင်ငံရေးလောကသို့ဝင်ရောက်ကာအနာဂတ်တွင်ဝန်ကြီးချုပ်နေရာအတွက်ယှဉ်ပြိုင်လာနိုင်ကြောင်းဖွင့်ဟပြောကြားလာပါတယ်။

အသက်၂၈နှစ်ရှိအင်္ဂလန်လက်ရွေးစင်ဗဟိုနောက်ခံလူဟာလူမျိုးရေးခွဲခြားတိုက်ဖျက်ရေးအတွက်လုပ်ဆောင်မှုနည်းပါးတဲ့ပြည်ထဲရေးအတွင်းဝန်ပရီတီ ပါတဲလ်ကိုလည်းဝေဖန်မှုပြုလုပ်ခဲ့ဖူးသူဖြစ်ပါတယ်။သူဟာယူရို၂၀၂၀ပြိုင်ပွဲမတိုင်မီတုန်းကပရီတီပါတဲလ်အားမီးမွှေးနေသူဖြစ်ကြောင်းဝေဖန်ခဲ့တာဖြစ်ပါတယ်။

ပရီတီပါတဲလ်ဟာယူရို၂၀၂၀ဗိုလ်လုပွဲရှုံးပွဲအပြီးတွင်လူမျိုးရေးခွဲခြားမှုခံခဲ့ရတဲ့ရှရှ်ဖို့ဒ်၊ဆန်ချို၊ဆာကာတို့ရဲ့ဖြစ်ရပ်နှင့်ပတ်သက်ပြီးအပြင်းအထန်ရှုံ့ချမှုပြုလုပ်ခဲ့ပါတယ်။

တိုင်ရွန်မင်က “ဝန်ကြီးချုပ်ဖြစ်လာဖို့ကြိုးစားလာနိုင်ပါတယ်။ပွင့်ပွင့်လင်းလင်းပြောတာပါ။အနားယူရေးကကျွန်တော့်အတွက်စိုးရိမ်စရာအရာမဟုတ်ပါဘူး။နည်းပြအလုပ်ဝင်လုပ်လို့လည်းရတယ်။ကျွန်တော်အားလုံးသိထားတဲ့အရာပါ။ဘောလုံးအလွန်မှာဘာလုပ်မလဲဆိုတာနဲ့ပတ်သက်ပြီးစိတ်လှုပ်ရှားရပါတယ်”လို့ပြောကြားသွားပါတယ်။

တိုင်ရွန်မင်ဟာဗီလာအသင်းနှင့်၂၀၂၄ခုနှစ်အထိစာချုပ်ချုပ်ဆိုထားသူဖြစ်ပါတယ်။ယခုရာသီတွင်ရုန်းကန်နေရတဲ့မင်ရဲ့ဗီလာဟာပရီးမီးယားလိဂ်တန်းဆင်းဇုန်နှင့်၂မှတ်အကွာတွင်ရပ်တည်နေပါတယ်။

ZawGyi

ၿဗိတိန္ဝန္ႀကီးခ်ဳပ္ျဖစ္လာရန္ ဗီလာစတားတိုင္႐ြန္မင္ ရည္မွန္းထား

အက္စတြန္ဗီလာစတားတိုင္႐ြန္မင္ကကစားသမားဘဝကုန္ဆုံးၿပီးပါကႏိုင္ငံေရးေလာကသို႔ဝင္ေရာက္ကာအနာဂတ္တြင္ဝန္ႀကီးခ်ဳပ္ေနရာအတြက္ယွဥ္ၿပိဳင္လာႏိုင္ေၾကာင္းဖြင့္ဟေျပာၾကားလာပါတယ္။

အသက္၂၈ႏွစ္ရွိအဂၤလန္လက္ေ႐ြးစင္ဗဟိုေနာက္ခံလူဟာလူမ်ိဳးေရးခြဲျခားတိုက္ဖ်က္ေရးအတြက္လုပ္ေဆာင္မႈနည္းပါးတဲ့ျပည္ထဲေရးအတြင္းဝန္ပရီတီ ပါတဲလ္ကိုလည္းေဝဖန္မႈျပဳလုပ္ခဲ့ဖူးသူျဖစ္ပါတယ္။သူဟာယူ႐ို၂၀၂၀ၿပိဳင္ပြဲမတိုင္မီတုန္းကပရီတီပါတဲလ္အားမီးေမႊးေနသူျဖစ္ေၾကာင္းေဝဖန္ခဲ့တာျဖစ္ပါတယ္။

ပရီတီပါတဲလ္ဟာယူ႐ို၂၀၂၀ဗိုလ္လုပြဲရႈံးပြဲအၿပီးတြင္လူမ်ိဳးေရးခြဲျခားမႈခံခဲ့ရတဲ့ရွရွ္ဖို႔ဒ္၊ဆန္ခ်ိဳ၊ဆာကာတို႔ရဲ႕ျဖစ္ရပ္ႏွင့္ပတ္သက္ၿပီးအျပင္းအထန္ရႈံ႕ခ်မႈျပဳလုပ္ခဲ့ပါတယ္။

တိုင္႐ြန္မင္က “ဝန္ႀကီးခ်ဳပ္ျဖစ္လာဖို႔ႀကိဳးစားလာႏိုင္ပါတယ္။ပြင့္ပြင့္လင္းလင္းေျပာတာပါ။အနားယူေရးကကြၽန္ေတာ့္အတြက္စိုးရိမ္စရာအရာမဟုတ္ပါဘူး။နည္းျပအလုပ္ဝင္လုပ္လို႔လည္းရတယ္။ကြၽန္ေတာ္အားလုံးသိထားတဲ့အရာပါ။ေဘာလုံးအလြန္မွာဘာလုပ္မလဲဆိုတာနဲ႔ပတ္သက္ၿပီးစိတ္လႈပ္ရွားရပါတယ္”လို႔ေျပာၾကားသြားပါတယ္။

တိုင္႐ြန္မင္ဟာဗီလာအသင္းႏွင့္၂၀၂၄ခုႏွစ္အထိစာခ်ဳပ္ခ်ဳပ္ဆိုထားသူျဖစ္ပါတယ္။ယခုရာသီတြင္႐ုန္းကန္ေနရတဲ့မင္ရဲ႕ဗီလာဟာပရီးမီးယားလိဂ္တန္းဆင္းဇုန္ႏွင့္၂မွတ္အကြာတြင္ရပ္တည္ေနပါတယ္။