ဗြိတိန်ဝန်ကြီးချုပ်ဘိုရစ်ဂျွန်ဆင်ကြောင့် အင်္ဂလန်အသင်း ဗိုလ်လုပွဲသို့ တက်မယ့် ပင်နယ်တီ ရရှိခဲ့ခြင်းဖြစ်

အီတလီမီဒီယာများကအင်္ဂလန်အသင်းမှာယူရို၂၀၂၀ဗိုလ်လုပွဲသို့တက်ရောက်နိုင်မယ့်ပင်နယ်တီအားရရှိခဲ့ခြင်းမှာဗြိတိန်ဝန်ကြီးချုပ်ဘိုရစ်ဂျွန်ဆင်ကြောင့်ဖြစ်ကြောင်းစွပ်စွဲရေးသားလာပါတယ်။

ဗုဒ္ဓဟူးနေ့ညတုန်းကအင်္ဂလန်နှင့်ဒိန်းမတ်တို့ရဲ့ယူရို၂၀၂၀ပြိုင်ပွဲဆီမီးဖိုင်နယ်ပွဲစဉ်ရဲ့အချိန်ပိုတွင်စတာလင်းကိုဧရိယာအတွင်းမှာလှဲချတယ်ဆိုပြီးအင်္ဂလန်တို့ပင်နယ်တီရရှိပါတယ်။

ယင်းပင်နယ်တီကိုဟယ်ရီကိန်းကန်သွင်းရာမှာဒိန်းမတ်ဂိုးသမားရှမိုက်ကယ်ကာကွယ်ခဲ့ပေမယ့်ပြန်အံထွက်လာတဲ့ဘောလုံးကိုပိတ်သွင်းခဲ့ကာအင်္ဂလန်က၂-၁ဂိုးဖြင့်ဒိန်းမတ်ကိုအနိုင်ရရှိပြီးယူရို၂၀၂၀ဗိုလ်လုပွဲသို့တက်ရောက်ခဲ့ပါတယ်။

ချဲလ်ဆီးနှင့်မန်ယူနည်းပြဟောင်းမော်ရင်ဟိုနှင့်အာဆင်နယ်နည်းပြဟောင်းအာစင်ဝင်းဂါးတို့ကယင်းပင်နယ်တီမှာမပေးသင့်တဲ့ပင်နယ်တီဖြစ်ကြောင်းဆိုထားကြပါတယ်။

တစ်ဖက်တွင်အီတလီမီဒီယာများကလည်းအင်္ဂလန်အသင်း ဗိုလ်လုပွဲသို့တက်ရောက်လာမှုအပေါ်မပျော်မရွှင်ဖြစ်နေပါတယ်။အီတလီဟာလာမယ့်တနင်္ဂနွေနေ့မှာအင်္းလန်နှင့်ယူရို၂၀၂၀ဗိုလ်လုပွဲကစားရပါမယ်။

Gazzetta dello Sport ကယင်းပင်နယ်တီမှာဘိုရစ်ဂျွန်ဆင်ကဥရောပစူပါလိဂ်ပြိုင်ပွဲအဆုံးသတ်ရေးအတွက်ပါဝင်လုပ်ဆောင်မှုအတွက်ယူအီးအက်ဖ်အေရဲ့မျက်နှာပေးမှုကြောင့်ရရှိလာခြင်းဖြစ်ကြောင်းစွပ်စွဲလာပါတယ်။

ဥရောပစူပါလိဂ်အားကျင်းပမည်ဖြစ်ကြောင်းကြေညာလာချိန်တွင်ဘိုရစ်ဂျွန်ဆင်ဟာယင်းပြိုင်ပွဲအစီအစဉ်ကိုအကြီးအကျယ်ကန့်ကွက်ခဲ့သူလည်းဖြစ်ပါတယ်။ဂျွန်ဆင်ကလူသိရှင်ကြားကွန့်ကွက်မှုနဲ့အတူပရီးမီးယားလိဂ်ခြောက်သင်းလုံးကနုတ်ထွက်ခဲ့ကြပါတယ်။

ဒါ့အပြင်ဒိန်းမတ်သတင်းစာများကလည်းယူအီးအက်ဖ်အေမှာအင်္ဂလန်အသင်းကိုယူရို၂၀၂၀ပြိုင်ပွဲအားချန်ပီယံဖြစ်စေလိုနေကြောင်းနှင့်အင်္ဂလန်အသင်းရရှိတဲ့ပင်နယ်တီကို VAR ဖြင့်မစစ်ဆေးခဲ့မှုမှာမေးခွန်းထုတ်စရာရှိကြောင်းရေးသားနေပါတယ်။

အင်္ဂလန်အသင်းဟာသူတို့ရဲ့ယူရို၂၀၂၀ပြိုင်ပွဲမှာပွဲ၇ပွဲမှ၆ပွဲကိုဝင်ဘာလေကွင်းတွင်ကစားရပါမယ်။

ZawGyi

ၿဗိတိန္ဝန္ႀကီးခ်ဳပ္ဘိုရစ္ဂြၽန္ဆင္ေၾကာင့္ အဂၤလန္အသင္း ဗိုလ္လုပြဲသို႔ တက္မယ့္ ပင္နယ္တီ ရရွိခဲ့ျခင္းျဖစ္

အီတလီမီဒီယာမ်ားကအဂၤလန္အသင္းမွာယူ႐ို၂၀၂၀ဗိုလ္လုပြဲသို႔တက္ေရာက္ႏိုင္မယ့္ပင္နယ္တီအားရရွိခဲ့ျခင္းမွာၿဗိတိန္ဝန္ႀကီးခ်ဳပ္ဘိုရစ္ဂြၽန္ဆင္ေၾကာင့္ျဖစ္ေၾကာင္းစြပ္စြဲေရးသားလာပါတယ္။

ဗုဒၶဟူးေန႔ညတုန္းကအဂၤလန္ႏွင့္ဒိန္းမတ္တို႔ရဲ႕ယူ႐ို၂၀၂၀ၿပိဳင္ပြဲဆီမီးဖိုင္နယ္ပြဲစဥ္ရဲ႕အခ်ိန္ပိုတြင္စတာလင္းကိုဧရိယာအတြင္းမွာလွဲခ်တယ္ဆိုၿပီးအဂၤလန္တို႔ပင္နယ္တီရရွိပါတယ္။

ယင္းပင္နယ္တီကိုဟယ္ရီကိန္းကန္သြင္းရာမွာဒိန္းမတ္ဂိုးသမားရွမိုက္ကယ္ကာကြယ္ခဲ့ေပမယ့္ျပန္အံထြက္လာတဲ့ေဘာလုံးကိုပိတ္သြင္းခဲ့ကာအဂၤလန္က၂-၁ဂိုးျဖင့္ဒိန္းမတ္ကိုအႏိုင္ရရွိၿပီးယူ႐ို၂၀၂၀ဗိုလ္လုပြဲသို႔တက္ေရာက္ခဲ့ပါတယ္။

ခ်ဲလ္ဆီးႏွင့္မန္ယူနည္းျပေဟာင္းေမာ္ရင္ဟိုႏွင့္အာဆင္နယ္နည္းျပေဟာင္းအာစင္ဝင္းဂါးတို႔ကယင္းပင္နယ္တီမွာမေပးသင့္တဲ့ပင္နယ္တီျဖစ္ေၾကာင္းဆိုထားၾကပါတယ္။

တစ္ဖက္တြင္အီတလီမီဒီယာမ်ားကလည္းအဂၤလန္အသင္း ဗိုလ္လုပြဲသို႔တက္ေရာက္လာမႈအေပၚမေပ်ာ္မ႐ႊင္ျဖစ္ေနပါတယ္။အီတလီဟာလာမယ့္တနဂၤေႏြေန႔မွာအၤးလန္ႏွင့္ယူ႐ို၂၀၂၀ဗိုလ္လုပြဲကစားရပါမယ္။

Gazzetta dello Sport ကယင္းပင္နယ္တီမွာဘိုရစ္ဂြၽန္ဆင္ကဥေရာပစူပါလိဂ္ၿပိဳင္ပြဲအဆုံးသတ္ေရးအတြက္ပါဝင္လုပ္ေဆာင္မႈအတြက္ယူအီးအက္ဖ္ေအရဲ႕မ်က္ႏွာေပးမႈေၾကာင့္ရရွိလာျခင္းျဖစ္ေၾကာင္းစြပ္စြဲလာပါတယ္။

ဥေရာပစူပါလိဂ္အားက်င္းပမည္ျဖစ္ေၾကာင္းေၾကညာလာခ်ိန္တြင္ဘိုရစ္ဂြၽန္ဆင္ဟာယင္းၿပိဳင္ပြဲအစီအစဥ္ကိုအႀကီးအက်ယ္ကန႔္ကြက္ခဲ့သူလည္းျဖစ္ပါတယ္။ဂြၽန္ဆင္ကလူသိရွင္ၾကားကြန႔္ကြက္မႈနဲ႔အတူပရီးမီးယားလိဂ္ေျခာက္သင္းလုံးကႏုတ္ထြက္ခဲ့ၾကပါတယ္။

ဒါ့အျပင္ဒိန္းမတ္သတင္းစာမ်ားကလည္းယူအီးအက္ဖ္ေအမွာအဂၤလန္အသင္းကိုယူ႐ို၂၀၂၀ၿပိဳင္ပြဲအားခ်န္ပီယံျဖစ္ေစလိုေနေၾကာင္းႏွင့္အဂၤလန္အသင္းရရွိတဲ့ပင္နယ္တီကို VAR ျဖင့္မစစ္ေဆးခဲ့မႈမွာေမးခြန္းထုတ္စရာရွိေၾကာင္းေရးသားေနပါတယ္။

အဂၤလန္အသင္းဟာသူတို႔ရဲ႕ယူ႐ို၂၀၂၀ၿပိဳင္ပြဲမွာပြဲ၇ပြဲမွ၆ပြဲကိုဝင္ဘာေလကြင္းတြင္ကစားရပါမယ္။