ဗြိတိန်အစိုးရက စီးပွားရေးပိတ်ဆို့မှုပြုလုပ်လာမှုနဲ့အတူ ရိုမန်အေဘရာမိုဗစ်ရဲ့ ပိုင်ဆိုင်မှုများ အသိမ်းခံရ

ရိုမန်အေဘရာမိုဗစ်ဟာပူတင်ရဲ့ခရိုနီတစ်ဦးဖြစ်မှုနဲ့အတူဗြိတိန်အစိုးရရဲ့စီးပွားရေးပိတ်ဆို့အရေးယူခြင်းခံလာရမှုနဲ့အတူ ချဲလ်ဆီးကိုရောင်းချနိုင်တော့မှာမဟုတ်တော့ပါဘူး။

ဗြိတိန်အစိုးရဟာရိုမန်အေဘရာမိုဗစ်ကိုဆန်ရှင်လုပ်ခဲ့ပြီးခရီးသွားလာခွင့်ပိတ်ဆို့ခြင်း၊ပိုင်ဆိုင်မှုအသိမ်းခံခဲ့ရတဲ့အပြင်ဗြိတိန်နိုင်ငံအတင်းတွင်စီးပွားရေးလုပ်ခွင့်ပိတ်ပင်ခြင်းခံခဲ့ရပါတယ်။

ချဲလ်ဆီးဟာဗြိတိန်အစိုးရကအထူးအခွင့်အရေးပေးတဲ့အနေဖြင့်ပွဲများကိုဆက်လက်ကစားနိုင်ခဲ့ပြီး ယနေ့ညနော့ဝှစ်ချ်နှင့်ပွဲကိုကစားသွားနိုင်ပါမယ်။

ဒါပေမဲ့ချဲလ်ဆီးဟာအသင်းပိုင်ရှင်ရိုမန်အေဘရာမိုဗစ် စီးပွားရေးပိတ်ဆို့ခံရမှုနဲ့အတူလက်မှတ်ရောင်းချခွင့်ပိတ်ပင်ခြင်းခံခဲ့ရပြီးအသင်းရဲ့အမှတ်တရပစ္စည်းအရောင်းဆိုင်မှာလည်း ရောင်းချမှုပိတ်ပင်ခြင်းခံခဲ့ရပါတယ်။

ချဲလ်ဆီးအနေဖြင့်ပိုင်မုန့်များနှင့်ဘာဂါရောင်းချတို့မှသာငွေရှာဖွေနိုင်တော့မှာဖြစ်ပါတယ်။၎င်းတို့ဟာရုပ်သံလွှင့်ခမှမူ ငွေရရှိနိုင်ပါသေးတယ်။

ဒါ့အပြင်ချဲလ်ဆီးဟာကစားသမားရောင်းဝယ်မှုပြုလုပ်နိုင်ခြင်းမရှိတော့သလို အသင်းရှိကစားသမားများကိုလည်းစာချုပ်သက်တမ်းတိုးမှုပြုလုပ်နိုင်ခြင်း မရှိတော့ပါဘူး။

ချဲလ်ဆီးဟာယင်းသို့အခြေအနေများကြောင့်ဘဏ္ဍာရေးပြဿနာအကြီးအကျယ်တက်လာဖို့ရှိနေပြီး အာဏာပိုင်အုပ်ချုပ်မှုခံပါက ရမှတ်အလျှော့ခံရပါမယ်။

ချဲလ်ဆီးဘုတ်အဖွဲ့ဝင်များဟာလက်ရှိအခြေအနေများကြောင့်အရေးပေါ်အစည်းအဝေးများပြုလုပ်ရန်စီစဉ်နေသလို အာဏာပိုင်များနှင့်လည်းဆွေးနွေးမှုများပြုလုပ်ရန်စီစဉ်နေပါတယ်။

ZawGyi

ၿဗိတိန္အစိုးရက စီးပြားေရးပိတ္ဆို႔မႈျပဳလုပ္လာမႈနဲ႔အတူ ႐ိုမန္ေအဘရာမိုဗစ္ရဲ႕ ပိုင္ဆိုင္မႈမ်ား အသိမ္းခံရ

႐ိုမန္ေအဘရာမိုဗစ္ဟာပူတင္ရဲ႕ခ႐ိုနီတစ္ဦးျဖစ္မႈနဲ႔အတူၿဗိတိန္အစိုးရရဲ႕စီးပြားေရးပိတ္ဆို႔အေရးယူျခင္းခံလာရမႈနဲ႔အတူ ခ်ဲလ္ဆီးကိုေရာင္းခ်ႏိုင္ေတာ့မွာမဟုတ္ေတာ့ပါဘူး။

ၿဗိတိန္အစိုးရဟာ႐ိုမန္ေအဘရာမိုဗစ္ကိုဆန္ရွင္လုပ္ခဲ့ၿပီးခရီးသြားလာခြင့္ပိတ္ဆို႔ျခင္း၊ပိုင္ဆိုင္မႈအသိမ္းခံခဲ့ရတဲ့အျပင္ၿဗိတိန္ႏိုင္ငံအတင္းတြင္စီးပြားေရးလုပ္ခြင့္ပိတ္ပင္ျခင္းခံခဲ့ရပါတယ္။

ခ်ဲလ္ဆီးဟာၿဗိတိန္အစိုးရကအထူးအခြင့္အေရးေပးတဲ့အေနျဖင့္ပြဲမ်ားကိုဆက္လက္ကစားႏိုင္ခဲ့ၿပီး ယေန႔ညေနာ့ဝွစ္ခ်္ႏွင့္ပြဲကိုကစားသြားႏိုင္ပါမယ္။

ဒါေပမဲ့ခ်ဲလ္ဆီးဟာအသင္းပိုင္ရွင္႐ိုမန္ေအဘရာမိုဗစ္ စီးပြားေရးပိတ္ဆို႔ခံရမႈနဲ႔အတူလက္မွတ္ေရာင္းခ်ခြင့္ပိတ္ပင္ျခင္းခံခဲ့ရၿပီးအသင္းရဲ႕အမွတ္တရပစၥည္းအေရာင္းဆိုင္မွာလည္း ေရာင္းခ်မႈပိတ္ပင္ျခင္းခံခဲ့ရပါတယ္။

ခ်ဲလ္ဆီးအေနျဖင့္ပိုင္မုန႔္မ်ားႏွင့္ဘာဂါေရာင္းခ်တို႔မွသာေငြရွာေဖြႏိုင္ေတာ့မွာျဖစ္ပါတယ္။၎တို႔ဟာ႐ုပ္သံလႊင့္ခမွမူ ေငြရရွိႏိုင္ပါေသးတယ္။

ဒါ့အျပင္ခ်ဲလ္ဆီးဟာကစားသမားေရာင္းဝယ္မႈျပဳလုပ္ႏိုင္ျခင္းမရွိေတာ့သလို အသင္းရွိကစားသမားမ်ားကိုလည္းစာခ်ဳပ္သက္တမ္းတိုးမႈျပဳလုပ္ႏိုင္ျခင္း မရွိေတာ့ပါဘူး။

ခ်ဲလ္ဆီးဟာယင္းသို႔အေျခအေနမ်ားေၾကာင့္ဘ႑ာေရးျပႆနာအႀကီးအက်ယ္တက္လာဖို႔ရွိေနၿပီး အာဏာပိုင္အုပ္ခ်ဳပ္မႈခံပါက ရမွတ္အေလွ်ာ့ခံရပါမယ္။

ခ်ဲလ္ဆီးဘုတ္အဖြဲ႕ဝင္မ်ားဟာလက္ရွိအေျခအေနမ်ားေၾကာင့္အေရးေပၚအစည္းအေဝးမ်ားျပဳလုပ္ရန္စီစဥ္ေနသလို အာဏာပိုင္မ်ားႏွင့္လည္းေဆြးေႏြးမႈမ်ားျပဳလုပ္ရန္စီစဥ္ေနပါတယ္။