ဗြိတိန်အစိုးရက အေဘရာမိုဗစ်ကို ဆန်ရှင်လုပ်ခဲ့ပေမဲ့ ချဲလ်ဆီးကို ရောင်းချနိုင်တုန်း၊ ဝယ်ယူလိုသူများကလည်း စိတ်ဝင်စားနေဆဲ

ရိုမန်အေဘရာမိုဗစ်ရဲ့ပိုင်ဆိုင်မှုများအသိမ်းခံခဲ့ရပေမဲ့လည်းချဲလ်ဆီးအသင်းကို ရောင်းချနိုင်ဆဲဖြစ်ကြောင်းသိရပါတယ်။

ဒါပေမဲ့ရိုမန်အေဘရာမိုဗစ်အနေဖြင့်ချဲလ်ဆီးအသင်းကိုရောင်းချမှုမှငွေကြေးတစ်ပြားမှရလာမှာမဟုတ်သလိုငွေကြေးများကိုလည်းအာဏာပိုင်များကပင်ဆက်လက်ထိန်းသိမ်းသွားပါမယ်။

အေဘရာမိုဗစ်ဟာ ရုရှားသမ္မတပူတင်နှင့်ဆက်နွယ်နေမှုကြောင့်ဗြိတိန်အစိုးရရဲ့ဆန်ရှင်စာရင်းတွင်ထည့်သွင်းခြင်းခံခဲ့ရပါတယ်။

ဒါပေမဲ့ inews က ရိုမန်အေဘရာမိုဗစ်အနေဖြင့်အသင်းကိုရောင်းချရေးအတွက်အထူးလိုင်စင်လျှောက်ထားနိုင်ကြောင်းသိရပါတယ်။ဒါပေမဲ့သူဟာ ချဲလ်ဆီးကိုရောင်းချမှုမှရရှိတဲ့ငွေကြေးတစ်ပြားတစ်ချပ်ကိုထိခွင့်မရဘဲယင်းငွေများကိုထားရှိတဲ့အကောင့်များကိုလည်းအစိုးရကပင်ဆက်လက်ထိန်းချုပ်သွားပါမယ်။

အီဘရာမိုဗစ်ဟာပြီးခဲ့တဲ့အပတ်တုန်းကချဲလ်ဆီးကိုပေါင်၃ဘီလီယံဖြင့်ရောင်းချမယ်လို့ကြေညာခဲ့ပြီးရရှိလာတဲ့အကျိုးအမြတ်များကိုယူကရိန်းစစ်ပွဲမှထိခိုက်သူများအတွက်လှူဒါန်းသွားမယ်လို့ဆိုထားပါတယ်။

ရုရှားဘီလျှံနာဘက်ကချဲလ်ဆီးအတွက်ပေါင်၃ဘီလီယံအထိလိုချင်နေပေမဲ့လည်းပေါင်၂ဘီလီယံဝန်းကျင်ဖြင့်အရောင်းအဝယ်ဖြစ်လာဖို့ရှိပါတယ်။

တဖက်တွင်ချဲလ်ဆီးကိုဝယ်ယူရန်စိတ်ဝင်စားနေကြသူများကလည်း ချဲလ်ဆီးကိုဝယ်ယူနိုင်ရေးဆက်လက်လုပ်ဆောင်ရန်ဆန္ဒရှိနေသေးကြောင်းသိရပါတယ်။

အမေရိကန်ဘီလျှံနာတုဒ်ဘိုလီနှင့်ဆွစ်ဇာလန်စီးပွားရေးလုပ်ငန်းရှင်ဟန်ဂျော့ဝှိုက်စ်တို့ဟာ၎င်းတို့ရဲကမ်းလှမ်းမှုအတွက်အဖြေကိုစောင့်ဆိုင်းနေပါတယ်။

Zawgyi

ၿဗိတိန္အစိုးရက ေအဘရာမိုဗစ္ကို ဆန္ရွင္လုပ္ခဲ့ေပမဲ့ ခ်ဲလ္ဆီးကို ေရာင္းခ်ႏိုင္တုန္း၊ ဝယ္ယူလိုသူမ်ားကလည္း စိတ္ဝင္စားေနဆဲ

႐ိုမန္ေအဘရာမိုဗစ္ရဲ႕ပိုင္ဆိုင္မႈမ်ားအသိမ္းခံခဲ့ရေပမဲ့လည္းခ်ဲလ္ဆီးအသင္းကို ေရာင္းခ်ႏိုင္ဆဲျဖစ္ေၾကာင္းသိရပါတယ္။

ဒါေပမဲ့႐ိုမန္ေအဘရာမိုဗစ္အေနျဖင့္ခ်ဲလ္ဆီးအသင္းကိုေရာင္းခ်မႈမွေငြေၾကးတစ္ျပားမွရလာမွာမဟုတ္သလိုေငြေၾကးမ်ားကိုလည္းအာဏာပိုင္မ်ားကပင္ဆက္လက္ထိန္းသိမ္းသြားပါမယ္။

ေအဘရာမိုဗစ္ဟာ ႐ုရွားသမၼတပူတင္ႏွင့္ဆက္ႏြယ္ေနမႈေၾကာင့္ၿဗိတိန္အစိုးရရဲ႕ဆန္ရွင္စာရင္းတြင္ထည့္သြင္းျခင္းခံခဲ့ရပါတယ္။

ဒါေပမဲ့ inews က ႐ိုမန္ေအဘရာမိုဗစ္အေနျဖင့္အသင္းကိုေရာင္းခ်ေရးအတြက္အထူးလိုင္စင္ေလွ်ာက္ထားႏိုင္ေၾကာင္းသိရပါတယ္။ဒါေပမဲ့သူဟာ ခ်ဲလ္ဆီးကိုေရာင္းခ်မႈမွရရွိတဲ့ေငြေၾကးတစ္ျပားတစ္ခ်ပ္ကိုထိခြင့္မရဘဲယင္းေငြမ်ားကိုထားရွိတဲ့အေကာင့္မ်ားကိုလည္းအစိုးရကပင္ဆက္လက္ထိန္းခ်ဳပ္သြားပါမယ္။

အီဘရာမိုဗစ္ဟာၿပီးခဲ့တဲ့အပတ္တုန္းကခ်ဲလ္ဆီးကိုေပါင္၃ဘီလီယံျဖင့္ေရာင္းခ်မယ္လို႔ေၾကညာခဲ့ၿပီးရရွိလာတဲ့အက်ိဳးအျမတ္မ်ားကိုယူကရိန္းစစ္ပြဲမွထိခိုက္သူမ်ားအတြက္လႉဒါန္းသြားမယ္လို႔ဆိုထားပါတယ္။

႐ုရွားဘီလွ်ံနာဘက္ကခ်ဲလ္ဆီးအတြက္ေပါင္၃ဘီလီယံအထိလိုခ်င္ေနေပမဲ့လည္းေပါင္၂ဘီလီယံဝန္းက်င္ျဖင့္အေရာင္းအဝယ္ျဖစ္လာဖို႔ရွိပါတယ္။

တဖက္တြင္ခ်ဲလ္ဆီးကိုဝယ္ယူရန္စိတ္ဝင္စားေနၾကသူမ်ားကလည္း ခ်ဲလ္ဆီးကိုဝယ္ယူႏိုင္ေရးဆက္လက္လုပ္ေဆာင္ရန္ဆႏၵရွိေနေသးေၾကာင္းသိရပါတယ္။

အေမရိကန္ဘီလွ်ံနာတုဒ္ဘိုလီႏွင့္ဆြစ္ဇာလန္စီးပြားေရးလုပ္ငန္းရွင္ဟန္ေဂ်ာ့ဝႈိက္စ္တို႔ဟာ၎တို႔ရဲကမ္းလွမ္းမႈအတြက္အေျဖကိုေစာင့္ဆိုင္းေနပါတယ္။