ဘက်စကွက်ဇ်နှင့်အယ်ဘာတို့ လုပ်ခလျှော့ယူမှုကြောင့် အဂွဲရိုးကို မှတ်ပုံတင်နိုင်ခဲ့တဲ့ ဘာစီလိုနာ

ဘာစီလိုနာဟာကလပ်ရဲ့အသင်းခေါင်းဆောင်များဖြစ်ကြတဲ့ဆာဂျီယိုဘတ်စကွက်ဇ်နှင့်ဂျော်ဒီအယ်လ်ဘာတို့ကလုပ်ခလျှော့ယူလာမှုနဲ့အတူတိုက်စစ်မှူးသစ်ဆာဂျီယိုအဂွဲရိုးအား ကစားသမားသစ်အဖြစ်လာလီဂါမှာမှတ်ပုံတင်နိုင်ခဲ့ပါတယ်။

ဘဏ္ဍာရေးပြဿနာများနှင့်ရင်ဆိုင်နေရတဲ့ဘာစီလိုနာဟာပြီးခဲ့တဲ့လတုန်းကလည်းဂါရတ်ပီကေးရဲ့လုပ်ခလျှော့ယူမှုကြောင့်နွေရာသီတွင်ခေါ်ယူထားတဲ့ဒီပေး၊အီမာဆင်ရွိုင်ရယ်နှင့်အဲရစ်ဂါစီယာတို့ကိုမှတ်ပုံတင်ကာအသုံးပြုနိုင်ခဲ့ပါတယ်။

ဘာစီလိုနာဟာအသက်၃၃နှစ်ရှိမန်စီးတီးဂန္ထဝင်တိုက်စစ်မှူးကိုပြီးခဲ့တဲ့မေလကတည်းကခေါ်ယူခဲ့ခြင်းဖြစ်ပေမယ့်ဘဏ္ဍရေးအသုံးစရိတ်ကန့်သတ်ခံရမှုကြောင့်မှတ်ပုံတင်နိုင်ခဲ့ခြင်းမရှိပါဘူး။

တစ်ဖက်တွင်ဘာစီလိုနာဟာအဂွဲရိုးမှာလေ့ကျင့်ခန်းအစီအစဉ်တွင်ကြွက်သားဒဏ်ရာရရှိခဲ့မှုနဲ့အတူနိုဝင်ဘာလအထိအနားယူရမှာဖြစ်လို့ကစားသမားမှတ်ပုံတင်ရေးကိုရွှေ့ဆိုင်းမှုပြုလုပ်ခဲ့ပါတယ်။

ငွေကြေးပြဿနာများနှင့်ရင်ဆိုင်နေရတဲ့ဘာစီလိုနာဟာအပြောင်းအရွှေ့ဈေးကွက်နောက်ဆုံးရက်မှာဂရက်ဇ်မန်းကိုအသင်းဟောင်းအက်သလက်တီကိုသို့အငှားချခြင်း၊လိုက်စ်မိုရီဘာကိုလိုက်ဇစ်သို့ပေါင်၁၄သန်းဖြင့်ရောင်းချခြင်းတို့ပြုလုပ်ခဲ့ပါတယ်။၎င်းတို့ဟာဆီဗီလာတိုက်စစ်မှူးဒီဂျောင်ကိုခေါ်ယူပြီးဂရက်ဇ်မန်းနေရာမှာအစားထိုးခဲ့ပါတယ်။

ZawGyi

ဘက္စကြက္ဇ္ႏွင့္အယ္ဘာတို႔ လုပ္ခေလွ်ာ့ယူမႈေၾကာင့္ အဂြဲ႐ိုးကို မွတ္ပုံတင္ႏိုင္ခဲ့တဲ့ ဘာစီလိုနာ

ဘာစီလိုနာဟာကလပ္ရဲ႕အသင္းေခါင္းေဆာင္မ်ားျဖစ္ၾကတဲ့ဆာဂ်ီယိုဘတ္စကြက္ဇ္ႏွင့္ေဂ်ာ္ဒီအယ္လ္ဘာတို႔ကလုပ္ခေလွ်ာ့ယူလာမႈနဲ႔အတူတိုက္စစ္မႉးသစ္ဆာဂ်ီယိုအဂြဲ႐ိုးအား ကစားသမားသစ္အျဖစ္လာလီဂါမွာမွတ္ပုံတင္ႏိုင္ခဲ့ပါတယ္။

ဘ႑ာေရးျပႆနာမ်ားႏွင့္ရင္ဆိုင္ေနရတဲ့ဘာစီလိုနာဟာၿပီးခဲ့တဲ့လတုန္းကလည္းဂါရတ္ပီေကးရဲ႕လုပ္ခေလွ်ာ့ယူမႈေၾကာင့္ေႏြရာသီတြင္ေခၚယူထားတဲ့ဒီေပး၊အီမာဆင္႐ြိဳင္ရယ္ႏွင့္အဲရစ္ဂါစီယာတို႔ကိုမွတ္ပုံတင္ကာအသုံးျပဳႏိုင္ခဲ့ပါတယ္။

ဘာစီလိုနာဟာအသက္၃၃ႏွစ္ရွိမန္စီးတီးဂႏၴဝင္တိုက္စစ္မႉးကိုၿပီးခဲ့တဲ့ေမလကတည္းကေခၚယူခဲ့ျခင္းျဖစ္ေပမယ့္ဘ႑ေရးအသုံးစရိတ္ကန႔္သတ္ခံရမႈေၾကာင့္မွတ္ပုံတင္ႏိုင္ခဲ့ျခင္းမရွိပါဘူး။

တစ္ဖက္တြင္ဘာစီလိုနာဟာအဂြဲ႐ိုးမွာေလ့က်င့္ခန္းအစီအစဥ္တြင္ႂကြက္သားဒဏ္ရာရရွိခဲ့မႈနဲ႔အတူႏိုဝင္ဘာလအထိအနားယူရမွာျဖစ္လို႔ကစားသမားမွတ္ပုံတင္ေရးကိုေ႐ႊ႕ဆိုင္းမႈျပဳလုပ္ခဲ့ပါတယ္။

ေငြေၾကးျပႆနာမ်ားႏွင့္ရင္ဆိုင္ေနရတဲ့ဘာစီလိုနာဟာအေျပာင္းအေ႐ႊ႕ေဈးကြက္ေနာက္ဆုံးရက္မွာဂရက္ဇ္မန္းကိုအသင္းေဟာင္းအက္သလက္တီကိုသို႔အငွားခ်ျခင္း၊လိုက္စ္မိုရီဘာကိုလိုက္ဇစ္သို႔ေပါင္၁၄သန္းျဖင့္ေရာင္းခ်ျခင္းတို႔ျပဳလုပ္ခဲ့ပါတယ္။၎တို႔ဟာဆီဗီလာတိုက္စစ္မႉးဒီေဂ်ာင္ကိုေခၚယူၿပီးဂရက္ဇ္မန္းေနရာမွာအစားထိုးခဲ့ပါတယ္။