ဘက်တစ်နှင့်ပွဲစဉ်မှ ဖာကန်ဒိုပယ်လစ်ထရီ အဝါကတ်ပြသခံရမှုအပေါ် ယူနိုက်တက်ပရိသတ်များ မယုံကြည်နိုင်လောက်အောင် ဖြစ်နေ

မန်ချက်စတာယူနိုက်တက်ပရိသတ်များဟာမနေ့ညတုန်းကဘက်တစ်နှင့်ပွဲစဉ်တွင်ဒိုင်လူကြီးကဖာကန်ဒိုပယ်လစ်ထရီအားအဝါကတ်ပြခဲ့တဲ့ဆုံးဖြတ်ချက်အပေါ်မယုံကြည်နိုင်လောက်အောင်ဖြစ်နေကြပါတယ်။

ပယ်လစ်ထရီဟာမနေ့ညတုန်းကစပိန်မြေတွင်ဘက်တစ်ကိုရင်ဆိုင်ကစားရတဲ့ယူရိုပါလိဂ်၁၆သင်းရှုံးထွက်အဆင့်ဒုတိယအကျော့ပွဲစဉ်တွင်အဲရစ်တန်ဟက်ရဲ့လက်အောက်မှာပထမဆုံးအကြိမ်အဖြစ်ပွဲထွက်ကစားခွင့်ရခဲ့ပါတယ်။

အသက်၂၁နှစ်ရှိဥရုဂွေးတောင်ပံကစားသမားဟာဘက်တစ်နှင့်ပွဲစဉ်တွင်တောင်ပံတစ်လျှောက်အကောင်းဆုံးကြိုးစားကစားသွားခဲ့တာတွေ့ရပါတယ်။

ဒါပေမဲ့ပွဲချိန်၂၉မိနစ်မှာတော့သူဟာဘက်တစ်အလယ်တန်းကစားသမားဂူဒိုရိုဒရီဂွက်ဇ်နှင့်မတော်တဆမှုအတွက်အဝါကတ်ပြသခြင်းခံခဲ့ရပါတယ်။

သူဟာဘောလုံးကိုအားကုန်လိုက်ရာမှလျောထိုးခဲ့ပြီးဘောလုံးထိခဲ့ပါတယ်။ဘက်တစ်အလယ်တန်းကစားသမားကသူ့ခြေထောက်ကိုထိသွားခဲ့ပါတယ်။

ဒါပေမဲ့ဒိုင်လူကြီးဟာရိုဒရီဂွက်ဇ်ကိုအရေးမယူဘဲယူနိုက်တက်တောင်ပံကစားသမားကိုအံ့ဩသင့်စရာကောင်းအောင်အဝါကတ်ပြသခဲ့တာတွေ့ရပါတယ်။

ဒါကြောင့်လည်းယူနိုက်တက်ပရိသတ်များဟာဒိုင်လူကြီးရဲ့ဆုံးဖြတ်ချက်ကိုဝေဖန်နေကြပါတယ်။ပရိသတ်တစ်ဦးက “မြင်ဖူးသမျှထဲမှာအဆိုးရွားဆုံးအဝါကတ်ပဲ”လိုပြောကြားသွားပါတယ်။

အခြားတစ်ဦးကလည်း “သူကဘက်တစ်ကစားသမားထက်ဦးပြီးဘောလုံးကိုထိတာလေ။ပြီးတော့ပြစ်ဒဏ်ကျူးလွန်တာလည်းခံရသေးတယ်။ဒါတောင်အဝါကတ်ပြတယ်တဲ့လား”လို့ဆိုသွားပါတယ်။

မနေ့ညကပွဲစဉ်တွင်ယူနိုက်တက်ဟာမားကပ်စ်ရက်ဖို့ဒ်ရဲ့တစ်လုံးတည်းသောအနိုင်ဂိုးဖြင့်ဘက်တစ်ကို၁-၀ဂိုးဖြင့်အနိုင်ရရှိကာနှစ်ကျော့ပေါင်းရလဒ်၅-၁ဖြင့် ယူရိုပါလိဂ်ကွာတားဖိုင်နယ်အဆင့်သို့တက်သွားခဲ့ပါတယ်။

ZawGyi

ဘက္တစ္ႏွင့္ပြဲစဥ္မွ ဖာကန္ဒိုပယ္လစ္ထရီ အဝါကတ္ျပသခံရမႈအေပၚ ယူႏိုက္တက္ပရိသတ္မ်ား မယုံၾကည္ႏိုင္ေလာက္ေအာင္ ျဖစ္ေန

မန္ခ်က္စတာယူႏိုက္တက္ပရိသတ္မ်ားဟာမေန႔ညတုန္းကဘက္တစ္ႏွင့္ပြဲစဥ္တြင္ဒိုင္လူႀကီးကဖာကန္ဒိုပယ္လစ္ထရီအားအဝါကတ္ျပခဲ့တဲ့ဆုံးျဖတ္ခ်က္အေပၚမယုံၾကည္ႏိုင္ေလာက္ေအာင္ျဖစ္ေနၾကပါတယ္။

ပယ္လစ္ထရီဟာမေန႔ညတုန္းကစပိန္ေျမတြင္ဘက္တစ္ကိုရင္ဆိုင္ကစားရတဲ့ယူ႐ိုပါလိဂ္၁၆သင္းရႈံးထြက္အဆင့္ဒုတိယအေက်ာ့ပြဲစဥ္တြင္အဲရစ္တန္ဟက္ရဲ႕လက္ေအာက္မွာပထမဆုံးအႀကိမ္အျဖစ္ပြဲထြက္ကစားခြင့္ရခဲ့ပါတယ္။

အသက္၂၁ႏွစ္ရွိဥ႐ုေဂြးေတာင္ပံကစားသမားဟာဘက္တစ္ႏွင့္ပြဲစဥ္တြင္ေတာင္ပံတစ္ေလွ်ာက္အေကာင္းဆုံးႀကိဳးစားကစားသြားခဲ့တာေတြ႕ရပါတယ္။

ဒါေပမဲ့ပြဲခ်ိန္၂၉မိနစ္မွာေတာ့သူဟာဘက္တစ္အလယ္တန္းကစားသမားဂူဒို႐ိုဒရီဂြက္ဇ္ႏွင့္မေတာ္တဆမႈအတြက္အဝါကတ္ျပသျခင္းခံခဲ့ရပါတယ္။

သူဟာေဘာလုံးကိုအားကုန္လိုက္ရာမွေလ်ာထိုးခဲ့ၿပီးေဘာလုံးထိခဲ့ပါတယ္။ဘက္တစ္အလယ္တန္းကစားသမားကသူ႔ေျခေထာက္ကိုထိသြားခဲ့ပါတယ္။

ဒါေပမဲ့ဒိုင္လူႀကီးဟာ႐ိုဒရီဂြက္ဇ္ကိုအေရးမယူဘဲယူႏိုက္တက္ေတာင္ပံကစားသမားကိုအံ့ဩသင့္စရာေကာင္းေအာင္အဝါကတ္ျပသခဲ့တာေတြ႕ရပါတယ္။

ဒါေၾကာင့္လည္းယူႏိုက္တက္ပရိသတ္မ်ားဟာဒိုင္လူႀကီးရဲ႕ဆုံးျဖတ္ခ်က္ကိုေဝဖန္ေနၾကပါတယ္။ပရိသတ္တစ္ဦးက “ျမင္ဖူးသမွ်ထဲမွာအဆိုး႐ြားဆုံးအဝါကတ္ပဲ”လိုေျပာၾကားသြားပါတယ္။

အျခားတစ္ဦးကလည္း “သူကဘက္တစ္ကစားသမားထက္ဦးၿပီးေဘာလုံးကိုထိတာေလ။ၿပီးေတာ့ျပစ္ဒဏ္က်ဴးလြန္တာလည္းခံရေသးတယ္။ဒါေတာင္အဝါကတ္ျပတယ္တဲ့လား”လို႔ဆိုသြားပါတယ္။

မေန႔ညကပြဲစဥ္တြင္ယူႏိုက္တက္ဟာမားကပ္စ္ရက္ဖို႔ဒ္ရဲ႕တစ္လုံးတည္းေသာအႏိုင္ဂိုးျဖင့္ဘက္တစ္ကို၁-၀ဂိုးျဖင့္အႏိုင္ရရွိကာႏွစ္ေက်ာ့ေပါင္းရလဒ္၅-၁ျဖင့္ ယူ႐ိုပါလိဂ္ကြာတားဖိုင္နယ္အဆင့္သို႔တက္သြားခဲ့ပါတယ္။