ဘက်တစ်နှင့်ပွဲတွင် သေချာပေါက်ဂိုးရမဲ့ အခွင့်အရေးကို ဖြုန်းတီးပြီးနောက် ဟာသလုပ်ခံနေရတဲ့ ဝက်ဟော့စ်

ဘောလုံးပရိသတ်များဟာမနေ့ညတုန်းကဘက်တစ်နှင့်ပွဲတွင်ယူနိုက်တက်အတွက်ဂိုးသွင်းနိုင်မဲ့အခွင့်အရေးကိုဖြုန်းတီးခဲ့တဲ့ နယ်သာလန်တိုက်စစ်မှူးဝေါက်ဝက်ဟော့စ်ကိုဟာသလုပ်နေကြပါတယ်။

နယ်သာလန်တိုက်စစ်မှူးဟာပြီးခဲ့တဲ့အပတ်တုန်းကအိုးထရက်ဖို့ဒ်တွင်ဘက်တစ်ကို၄-၁ဂိုးဖြင့်အနိုင်ရရှိတဲ့ပထမအကျော့ပွဲစဉ်တုန်းကဂိုးသွင်းနိုင်ခဲ့သူလည်းဖြစ်ပါတယ်။

သူဟာစပိန်တွင်ကစားတဲ့ဒုတိယအကျော့ပွဲစဉ်တွင်လည်းထပ်မံဂိုးသွင်းနိုင်မဲ့အခွင့်အရေးကောင်းကြီးကြုံခဲ့ပါတယ်။

ပထမပိုင်းပြီးခါနီးတွင်ဘရူနိုဖာနန်ဒက်စ်ရဲ့ဖရီးကစ်ကနေကျလာတဲ့ဘောလုံးကိုဖာကန်ဒိုပယ်လစ်ထရီကဘော်လီကန်သွင်းခဲ့ပါတယ်။ယင်းကိုဝက်ဟော့စ်ကထပ်ဆင့်ပိတ်ရာမှမဆိုစလောက်ကလေးလွဲသွားခဲ့ပြီးဂိုးရရှိမဲ့အခွင့်အရေးအသုံးမချနိုင်ခဲ့ပါဘူး။ဘောလုံးဟာတိုင်သွားပြီးဘက်တစ်နောက်ခံလူရဲ့ရှင်းထုတ်ခြင်းခံခဲ့ရပါတယ်။

ယင်းသို့ဝက်ဟော့စ်ဂိုးမသွင်းနိုင်ခဲ့မှုနဲ့ပတ်သက်ပြီးဘောလုံးပရိသတ်များဟာအွန်လိုင်းတွင်ဟာသနှောပြောဆိုလျက်ရှိကြပါတယ်။

ပရိသတ်တစ်ဦးက “ဒတ်ချ်သားတစ်ယောက်အနေနဲ့ဝေါက်ဝက်ဟော့စ်အတွက်တောင်းပန်ပါတယ်ဗျာ”လို့ဆိုသွားပါတယ်။

အခြားတစ်ဦးကလည်း “ဝက်ဟော့စ်ဟာဂိုးအလားဂျစ်ရှိတယ်”လို့ဆိုသွားပါတယ်။

တကယ်တော့ယင်းပွဲတွင်ဝက်ဟော့စ်တစ်ဦးတည်းသာအပိုင်အခွင့်အရေးဖြုန်းတီးခဲ့တာမဟုတ်ပါဘူး။မားကပ်စ်ရက်ဖို့ဒ်ဟာလည်းအပိုင်အခွင့်အရေးဖြုန်းတီးမှုပြုလုပ်ခဲ့ပါတယ်။

မနေ့ညကပွဲတွင်ယူနိုက်တက်ဟာမားကပ်စ်ရက်ဖို့ဒ်ရဲ့တစ်လုံးတည်းသောအနိုင်ဂိုးနဲ့၁-၀ဂိုးဖြင့်အနိုင်ရရှိခဲ့ပြီးနှစ်ကျော့ပေါင်းရလဒ်၅-၁ဖြင့်ကွာတားဖိုင်နယ်သို့တက်သွားခဲ့ပါတယ်။

ZawGyi

ဘက္တစ္ႏွင့္ပြဲတြင္ ေသခ်ာေပါက္ဂိုးရမဲ့ အခြင့္အေရးကို ျဖဳန္းတီးၿပီးေနာက္ ဟာသလုပ္ခံေနရတဲ့ ဝက္ေဟာ့စ္

ေဘာလုံးပရိသတ္မ်ားဟာမေန႔ညတုန္းကဘက္တစ္ႏွင့္ပြဲတြင္ယူႏိုက္တက္အတြက္ဂိုးသြင္းႏိုင္မဲ့အခြင့္အေရးကိုျဖဳန္းတီးခဲ့တဲ့ နယ္သာလန္တိုက္စစ္မႉးေဝါက္ဝက္ေဟာ့စ္ကိုဟာသလုပ္ေနၾကပါတယ္။

နယ္သာလန္တိုက္စစ္မႉးဟာၿပီးခဲ့တဲ့အပတ္တုန္းကအိုးထရက္ဖို႔ဒ္တြင္ဘက္တစ္ကို၄-၁ဂိုးျဖင့္အႏိုင္ရရွိတဲ့ပထမအေက်ာ့ပြဲစဥ္တုန္းကဂိုးသြင္းႏိုင္ခဲ့သူလည္းျဖစ္ပါတယ္။

သူဟာစပိန္တြင္ကစားတဲ့ဒုတိယအေက်ာ့ပြဲစဥ္တြင္လည္းထပ္မံဂိုးသြင္းႏိုင္မဲ့အခြင့္အေရးေကာင္းႀကီးႀကဳံခဲ့ပါတယ္။

ပထမပိုင္းၿပီးခါနီးတြင္ဘ႐ူႏိုဖာနန္ဒက္စ္ရဲ႕ဖရီးကစ္ကေနက်လာတဲ့ေဘာလုံးကိုဖာကန္ဒိုပယ္လစ္ထရီကေဘာ္လီကန္သြင္းခဲ့ပါတယ္။ယင္းကိုဝက္ေဟာ့စ္ကထပ္ဆင့္ပိတ္ရာမွမဆိုစေလာက္ကေလးလြဲသြားခဲ့ၿပီးဂိုးရရွိမဲ့အခြင့္အေရးအသုံးမခ်ႏိုင္ခဲ့ပါဘူး။ေဘာလုံးဟာတိုင္သြားၿပီးဘက္တစ္ေနာက္ခံလူရဲ႕ရွင္းထုတ္ျခင္းခံခဲ့ရပါတယ္။

ယင္းသို႔ဝက္ေဟာ့စ္ဂိုးမသြင္းႏိုင္ခဲ့မႈနဲ႔ပတ္သက္ၿပီးေဘာလုံးပရိသတ္မ်ားဟာအြန္လိုင္းတြင္ဟာသေႏွာေျပာဆိုလ်က္ရွိၾကပါတယ္။

ပရိသတ္တစ္ဦးက “ဒတ္ခ်္သားတစ္ေယာက္အေနနဲ႔ေဝါက္ဝက္ေဟာ့စ္အတြက္ေတာင္းပန္ပါတယ္ဗ်ာ”လို႔ဆိုသြားပါတယ္။

အျခားတစ္ဦးကလည္း “ဝက္ေဟာ့စ္ဟာဂိုးအလားဂ်စ္ရွိတယ္”လို႔ဆိုသြားပါတယ္။

တကယ္ေတာ့ယင္းပြဲတြင္ဝက္ေဟာ့စ္တစ္ဦးတည္းသာအပိုင္အခြင့္အေရးျဖဳန္းတီးခဲ့တာမဟုတ္ပါဘူး။မားကပ္စ္ရက္ဖို႔ဒ္ဟာလည္းအပိုင္အခြင့္အေရးျဖဳန္းတီးမႈျပဳလုပ္ခဲ့ပါတယ္။

မေန႔ညကပြဲတြင္ယူႏိုက္တက္ဟာမားကပ္စ္ရက္ဖို႔ဒ္ရဲ႕တစ္လုံးတည္းေသာအႏိုင္ဂိုးနဲ႔၁-၀ဂိုးျဖင့္အႏိုင္ရရွိခဲ့ၿပီးႏွစ္ေက်ာ့ေပါင္းရလဒ္၅-၁ျဖင့္ကြာတားဖိုင္နယ္သို႔တက္သြားခဲ့ပါတယ္။