ဘက်ပေးကို စော်ကားတဲ့ မာတီနက်ဇ်ကို အရေးယူရန် ဖီဖာကို ပြင်သစ်ဝန်ကြီးတောင်းဆို

ပြင်သစ်ဝန်ကြီးတစ်ဦးဟာကိုင်လီယန်ဘက်ပေးကိုစော်ကားတဲ့အပြုအမူပြုလုပ်ခဲ့တဲ့ အီမီလီယာနိုမာတီနက်ဇ်နှင့်အာဂျင်တီးနားပရိသတ်များရဲ့လုပ်ရပ်အားစုံစမ်းစစ်ဆေးမှုပြုလုပ်ရန်ဖီဖာကိုတောင်းဆိုလာပါတယ်။

အာဂျင်တီးနားဟာကမ္ဘာ့ဖလားပြိုင်ပွဲသမိုင်းတွင်အကောင်းဆုံးပွဲများထဲမှတစ်ပွဲအဖြစ်ပြင်သစ်ကိုပွဲချိန်အတွင်း၃ဂိုးစီသရေကျပြီးပင်နယ်တီအဆုံးအဖြတ်ဖြင့် အနိုင်ရဗိုလ်စွဲခဲ့ပါတယ်။

အာဂျင်တီးနားဟာကမ္ဘာ့ဖလားချန်ပီယံအောင်ပွဲခံမှုပြုလုပ်ရာတွင် ပြိုင်ဘက်အသင်းစတား ကိုင်လီယန်ဘက်ပေးကိုလှောင်ပြောင်စော်ကားတဲ့အပြုအမူများလည်းပြုလုပ်ခဲ့ကြပါတယ်။

ပြိုင်ဘက်အသင်းကိုဒေါသနှိုးဆွတတ်လေ့ရှိတဲ့မာတီနက်ဇ်ဟာလည်း အာဂျင်တီးနားအဝတ်အစားလဲခန်းအတွင်းတွင် သေဆုံးသွားတဲ့ဘက်ပေးအတွက်ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ်တစ်မိနစ်ကြာငြိမ်သက်ရန်လှောင်ပြောင်ခဲ့ပါတယ်။

ဒါ့အပြင်အာဂျင်တီးနားတွင်အောင်ပွဲခံမှုပြုလုပ်ရာမှာလည်းမာတီနက်ဇ်ဟာဘက်ပေးမျက်နှာပါအရုပ်ဖြင့်လှောင်ပြောင်ခဲ့ပါတယ်။အာဂျင်တီးနားပရိသတ်အချို့တို့ဟာဘက်ပေးအလောင်းကိုထမ်းပြီးအောင်ပွဲခံမှုပါပြုလုပ်ခဲ့ကြပါတယ်။

ယင်းသို့အာဂျင်တီးနားပရိသတ်များနှင့်မာတီနက်ဇ်ရဲ့လုပ်ရပ်ကြောင့်ပြင်သစ်သားတို့အကြီးအကျယ်ဒေါသထွက်ခဲ့ကြရပါတယ်။ယင်းအထဲမှာပြင်သစ်ဝန်ကြီးတစ်ဦးလည်းပါဝင်ပါတယ်။

Economy, Finance and Recovery ဝန်ကြီးဘရူနိုလီမိုင်ရီဟာအာဂျင်တီးနားပရိသတ်များနှင့်မာတီနက်ဇ်တို့ရဲ့လုပ်ရပ်အတွက်စစ်ဆေးပေးရန်ဖီဖာကိုတောင်းဆိုလာပါတယ်။

လီမိုင်ရီက “ဖီဖာဘာလုပ်နေလဲ။အားကစားကမျှတစွာကစားရမယ်။အခြားသူတွေကိုလေးစားရမယ်။ရှုံးနိမ့်သူကိုလေးစားရမယ်”လို့ပြောကြားသွားပါတယ်။

ပြင်သစ်နှင့်အတူ ၂၀၁၈ ကမ္ဘာ့ဖလားရရှိခဲ့တဲ့ အဒဲလ်ရာမီကလည်း မာတီနက်ဇ်မှာဘောလုံးလောကရဲ့ချီးထုပ်အကျဆုံးကစားသမားဖြစ်ပြီးအမုန်းခံရဆုံးလူသားဖြစ်ကြောင်းဝေဖန်သွားပါတယ်။

ZawGyi

ဘက္ေပးကို ေစာ္ကားတဲ့ မာတီနက္ဇ္ကို အေရးယူရန္ ဖီဖာကို ျပင္သစ္ဝန္ႀကီးေတာင္းဆို

ျပင္သစ္ဝန္ႀကီးတစ္ဦးဟာကိုင္လီယန္ဘက္ေပးကိုေစာ္ကားတဲ့အျပဳအမူျပဳလုပ္ခဲ့တဲ့ အီမီလီယာႏိုမာတီနက္ဇ္ႏွင့္အာဂ်င္တီးနားပရိသတ္မ်ားရဲ႕လုပ္ရပ္အားစုံစမ္းစစ္ေဆးမႈျပဳလုပ္ရန္ဖီဖာကိုေတာင္းဆိုလာပါတယ္။

အာဂ်င္တီးနားဟာကမာၻ႔ဖလားၿပိဳင္ပြဲသမိုင္းတြင္အေကာင္းဆုံးပြဲမ်ားထဲမွတစ္ပြဲအျဖစ္ျပင္သစ္ကိုပြဲခ်ိန္အတြင္း၃ဂိုးစီသေရက်ၿပီးပင္နယ္တီအဆုံးအျဖတ္ျဖင့္ အႏိုင္ရဗိုလ္စြဲခဲ့ပါတယ္။

အာဂ်င္တီးနားဟာကမာၻ႔ဖလားခ်န္ပီယံေအာင္ပြဲခံမႈျပဳလုပ္ရာတြင္ ၿပိဳင္ဘက္အသင္းစတား ကိုင္လီယန္ဘက္ေပးကိုေလွာင္ေျပာင္ေစာ္ကားတဲ့အျပဳအမူမ်ားလည္းျပဳလုပ္ခဲ့ၾကပါတယ္။

ၿပိဳင္ဘက္အသင္းကိုေဒါသႏႈိးဆြတတ္ေလ့ရွိတဲ့မာတီနက္ဇ္ဟာလည္း အာဂ်င္တီးနားအဝတ္အစားလဲခန္းအတြင္းတြင္ ေသဆုံးသြားတဲ့ဘက္ေပးအတြက္ဝမ္းနည္းျခင္းအထိမ္းအမွတ္အျဖစ္တစ္မိနစ္ၾကာၿငိမ္သက္ရန္ေလွာင္ေျပာင္ခဲ့ပါတယ္။

ဒါ့အျပင္အာဂ်င္တီးနားတြင္ေအာင္ပြဲခံမႈျပဳလုပ္ရာမွာလည္းမာတီနက္ဇ္ဟာဘက္ေပးမ်က္ႏွာပါအ႐ုပ္ျဖင့္ေလွာင္ေျပာင္ခဲ့ပါတယ္။အာဂ်င္တီးနားပရိသတ္အခ်ိဳ႕တို႔ဟာဘက္ေပးအေလာင္းကိုထမ္းၿပီးေအာင္ပြဲခံမႈပါျပဳလုပ္ခဲ့ၾကပါတယ္။

ယင္းသို႔အာဂ်င္တီးနားပရိသတ္မ်ားႏွင့္မာတီနက္ဇ္ရဲ႕လုပ္ရပ္ေၾကာင့္ျပင္သစ္သားတို႔အႀကီးအက်ယ္ေဒါသထြက္ခဲ့ၾကရပါတယ္။ယင္းအထဲမွာျပင္သစ္ဝန္ႀကီးတစ္ဦးလည္းပါဝင္ပါတယ္။

Economy, Finance and Recovery ဝန္ႀကီးဘ႐ူႏိုလီမိုင္ရီဟာအာဂ်င္တီးနားပရိသတ္မ်ားႏွင့္မာတီနက္ဇ္တို႔ရဲ႕လုပ္ရပ္အတြက္စစ္ေဆးေပးရန္ဖီဖာကိုေတာင္းဆိုလာပါတယ္။

လီမိုင္ရီက “ဖီဖာဘာလုပ္ေနလဲ။အားကစားကမွ်တစြာကစားရမယ္။အျခားသူေတြကိုေလးစားရမယ္။ရႈံးနိမ့္သူကိုေလးစားရမယ္”လို႔ေျပာၾကားသြားပါတယ္။

ျပင္သစ္ႏွင့္အတူ ၂၀၁၈ ကမာၻ႔ဖလားရရွိခဲ့တဲ့ အဒဲလ္ရာမီကလည္း မာတီနက္ဇ္မွာေဘာလုံးေလာကရဲ႕ခ်ီးထုပ္အက်ဆုံးကစားသမားျဖစ္ၿပီးအမုန္းခံရဆုံးလူသားျဖစ္ေၾကာင္းေဝဖန္သြားပါတယ္။