
ရီးရဲလ်မက်ဒရစ်ဟာတိုက်စစ်ပိုင်းရွေးချယ်စရာမြင့်မားလာစေရန်အတွက် ဆန်ဟောင်မင်အားခေါ်ယူရန်အံ့ဩသင့်ဖွယ်လုပ်ဆောင်လာကြောင်းသိရပါတယ်။
အသက်၂၉နှစ်ရှိတောင်ကိုရီးယားစတားဟာပြီးခဲ့တဲ့ဘောလုံးရာသီတုန်းကပရီးမီးယားလိဂ်တွင်၂၃ဂိုးသွင်းယူကာမိုဟာမက်ဆာလက်နှင့်အတူပရီးမီးယားလိဂ်ရွှေဖိနပ်ဆုအားပူးတွဲရယူနိုင်ခဲ့ပါတယ်။
စပိန်မီဒီယာများရဲ့ဖော်ပြချက်အရရီးရဲလ်မက်ဒရစ်ဟာဆန်ဟောင်မင်ရဲ့အခြေအနေကိုစောင့်ကြည့်လျက်ရှိပြီးသူ့ကိုခေါ်ယူရေးမကြာခင်ကြိုးပမ်းလာနိုင်ကြောင်းသိရပါတယ်။
ရီးရဲလ်မက်ဒရစ်နည်းပြကာလိုအန်ဆယ်လော့တီဟာစာချုပ်သက်တမ်းကုန်ဆုံးသွားပြီးနောက်ဂါရတ်ဘေးလ်နှင့်အစ္စကိုတို့ထွက်ခွာသွားမှု၊ မာကိုအဆန်စီယိုမှာလည်း မီလန်(သို့မဟုတ်)လီဗာပူးသို့ပြောင်းနိုင်ခြေရှိမှုတို့ကြောင့်တိုက်စစ်ကိုအားဖြည့်လိုနေပါတယ်။
ဒါ့အပြင်ရီးရဲလ်မက်ဒရစ်ဟာ၎င်းတို့ရဲ့ယခုနွေရာသီအဓိကပစ်မှတ်ကိုင်လီယန်ဘက်ပေးမှာလည်းပီအက်စ်ဂျီတွင်ဆက်နေရန်ဆုံးဖြတ်မှုကြောင့်ရှက်စရာကြုံခဲ့ရပါတယ်။
ယင်းသို့အနေအထားကြောင့်ရီးရဲလ်မက်ဒရစ်ဟာတိုက်စစ်အတွက်ကစားသမားတစ်ဦးခေါ်ယူရန်ရှာဖွေနေပြီးတောင်ကိုရီးယားစတားကိုအသင့်တော်ဆုံးအဖြစ်မြင်တွေ့လျက်ရှိပါတယ်။
ဆန်ဟောင်မင်ဟာပြီးခဲ့တဲ့နှစ်နွေကမှစပါးစ်နှင့်စာချုပ်သစ်ချုပ်ဆိုခဲ့သူဖြစ်ပြီးလက်ရှိစာချုပ်မှာ၂၀၂၅ခုနှစ်တွင်မှကုန်ဆုံးပါမယ်။စပါးစ်အနေနဲ့အသင်းရဲ့အရေးပါလှတဲ့ဆန်ဟောင်မင်ကိုလက်လွှတ်သွားဖို့မရှိပါဘူး။
ZawGyi
ဘက္ေပးကို မေခၚယူႏိုင္ခဲ့ၿပီးေနာက္ ဆန္ေဟာင္မင္ကို ေခၚယူရန္ ရီးရဲလ္မက္ဒရစ္ႀကိဳးပမ္းလာ
ရီးရဲလ္မက္ဒရစ္ဟာတိုက္စစ္ပိုင္းေ႐ြးခ်ယ္စရာျမင့္မားလာေစရန္အတြက္ ဆန္ေဟာင္မင္အားေခၚယူရန္အံ့ဩသင့္ဖြယ္လုပ္ေဆာင္လာေၾကာင္းသိရပါတယ္။
အသက္၂၉ႏွစ္ရွိေတာင္ကိုရီးယားစတားဟာၿပီးခဲ့တဲ့ေဘာလုံးရာသီတုန္းကပရီးမီးယားလိဂ္တြင္၂၃ဂိုးသြင္းယူကာမိုဟာမက္ဆာလက္ႏွင့္အတူပရီးမီးယားလိဂ္ေ႐ႊဖိနပ္ဆုအားပူးတြဲရယူႏိုင္ခဲ့ပါတယ္။
စပိန္မီဒီယာမ်ားရဲ႕ေဖာ္ျပခ်က္အရရီးရဲလ္မက္ဒရစ္ဟာဆန္ေဟာင္မင္ရဲ႕အေျခအေနကိုေစာင့္ၾကည့္လ်က္ရွိၿပီးသူ႔ကိုေခၚယူေရးမၾကာခင္ႀကိဳးပမ္းလာႏိုင္ေၾကာင္းသိရပါတယ္။
ရီးရဲလ္မက္ဒရစ္နည္းျပကာလိုအန္ဆယ္ေလာ့တီဟာစာခ်ဳပ္သက္တမ္းကုန္ဆုံးသြားၿပီးေနာက္ဂါရတ္ေဘးလ္ႏွင့္အစၥကိုတို႔ထြက္ခြာသြားမႈ၊ မာကိုအဆန္စီယိုမွာလည္း မီလန္(သို႔မဟုတ္)လီဗာပူးသို႔ေျပာင္းႏိုင္ေျခရွိမႈတို႔ေၾကာင့္တိုက္စစ္ကိုအားျဖည့္လိုေနပါတယ္။
ဒါ့အျပင္ရီးရဲလ္မက္ဒရစ္ဟာ၎တို႔ရဲ႕ယခုေႏြရာသီအဓိကပစ္မွတ္ကိုင္လီယန္ဘက္ေပးမွာလည္းပီအက္စ္ဂ်ီတြင္ဆက္ေနရန္ဆုံးျဖတ္မႈေၾကာင့္ရွက္စရာႀကဳံခဲ့ရပါတယ္။
ယင္းသို႔အေနအထားေၾကာင့္ရီးရဲလ္မက္ဒရစ္ဟာတိုက္စစ္အတြက္ကစားသမားတစ္ဦးေခၚယူရန္ရွာေဖြေနၿပီးေတာင္ကိုရီးယားစတားကိုအသင့္ေတာ္ဆုံးအျဖစ္ျမင္ေတြ႕လ်က္ရွိပါတယ္။
ဆန္ေဟာင္မင္ဟာၿပီးခဲ့တဲ့ႏွစ္ေႏြကမွစပါးစ္ႏွင့္စာခ်ဳပ္သစ္ခ်ဳပ္ဆိုခဲ့သူျဖစ္ၿပီးလက္ရွိစာခ်ဳပ္မွာ၂၀၂၅ခုႏွစ္တြင္မွကုန္ဆုံးပါမယ္။စပါးစ္အေနနဲ႔အသင္းရဲ႕အေရးပါလွတဲ့ဆန္ေဟာင္မင္ကိုလက္လႊတ္သြားဖို႔မရွိပါဘူး။