ဘက်ပေးကို အံ့မခန်းများပြားတဲ့ လက်မှတ်ရေးထိုးကြေးပါဝင်တဲ့ စာချုပ်သစ်ကမ်းလှမ်းလာတဲ့ ပီအက်စ်ဂျီ

ပီအက်စ်ဂျီဟာကိုင်လီယန်ဘက်ပေးကိုလက်မှတ်ရေးထိုးကြေးပေါင်၈၃သန်းပေးမယ့်အချက်ပါဝင်တဲ့စာချုပ်သစ်ကမ်းလှမ်းမှုပြုလုပ်လာပါတယ်။

အသက်၂၃နှစ်ရှိကိုင်လီယန်ဘက်ပေးဟာယခုရာသီအကုန်တွင်စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး ပီအက်စ်ဂျီမှအလွတ်ပြောင်းရွှေ့ကြေးဖြင့်ထွက်ခွာနိုင်သူ ဖြစ်ပါတယ်။ပြင်သစ်လက်ရွေးစင်စတားဟာစပိန်ထိပ်သီးရီးရဲလ်မက်ဒရစ်သို့ပြောင်းမယ်လို့ယုံကြည်ရပါတယ်။

ဘက်ပေးဟာပီအက်စ်ဂျီဘက်ကစာချုပ်သစ်ကမ်းလှမ်းမှုတို့အား အကြိမ်ကြိမ်ပယ်ချခဲ့ဖူးပြီးလည်းဖြစ်ပါတယ်။ဒါပေမဲ့ပီအက်စ်ဂျီဟာ၂၀၁၇ခုနှစ်တွင်မိုနာကိုမှပြောင်းလာပြီးနောက်ကလပ်အတွက်၂၀၅ပွဲကစားထားရာမှာ၁၀၅ဂိုးသွင်းယူထားတဲ့ဘက်ပေးကိုထိန်းထားနိုင်ရေးအစွမ်းကုန်ကြိုးပမ်းရန် ဆုံးဖြတ်ထားပါတယ်။

ယနေ့မှာပြင်သစ်သတင်းစာ La Parisien ကပီအက်စ်ဂျီဟာဘက်ပေးကို အခွန်ဆောင်ပြီးတစ်ပတ်လုပ်ခပေါင်၈၀၀၀၀၀ပေးမယ့်စာချုပ်သစ်ကမ်းလှမ်းလာကြောင်းဖော်ပြလာပါတယ်။ယင်းစာချုပ်ကြောင့်ဘက်ပေးဟာကမ္ဘာ့လုပ်ခအများဆုံးကစားသမားဖြစ်လာပါမယ်။

ဒါ့အပြင်ဘက်ပေးဟာပီအက်စ်ဂျီရဲ့စာချုပ်သစ်ကိုလက်မှတ်ရေးထိုးလိုက်ပါကလက်မှတ်ထိုးကြေးပေါင်၈၃သန်း(ယူရိုသန်း၁၀၀)ရရှိမှာဖြစ်ကြောင်းလည်း သိရပါတယ်။

လက်ရှိအချိန်မှာဘက်ပေးရဲ့ကိုယ်စားလှယ်များကပီအက်စ်ဂျီရဲ့နောက်ဆုံးကမ်းလှမ်းမှုအပေါ် အဖြေမပေးသေးပါဘူး။ပီအက်စ်ဂျီကတော့ဘက်ပေးအားစာချုပ်သစ်ချုပ်ဆိုရေးအတွက်ကစားသမားများရဲ့ကိုယ်စားလှယ်များနှင့်ဆွေးနွေးရာတွင်အပြုသဘောဆောင်နေမှုနဲ့အတူ လက်ခံလာမယ်လို့ယုံကြည်နေကြပါတယ်။

ပြီးခဲ့တဲ့ရက်အနည်းငယ်ခန့်တုန်းကဘက်ပေးကကလပ်သမိုင်းတွင်ဂိုးအများဆုံးသွင်းယူသူအဖြစ်မှတ်တမ်းရေးထိုးထားတဲ့ကာဗာနီရဲ့ဂိုး၂၀၀စံချိန်ကိုရိုက်ချိုးရန်ပစ်မှတ်ထားနေကြောင်းပြောကြားကာပီအက်စ်ဂျီတွင်ဆက်ကစားနိုင်ကြောင်းအရိပ်အမြွက်ဆိုထားပါတယ်။

ZawGyi

ဘက္ေပးကို အံ့မခန္းမ်ားျပားတဲ့ လက္မွတ္ေရးထိုးေၾကးပါဝင္တဲ့ စာခ်ဳပ္သစ္ကမ္းလွမ္းလာတဲ့ ပီအက္စ္ဂ်ီ

ပီအက္စ္ဂ်ီဟာကိုင္လီယန္ဘက္ေပးကိုလက္မွတ္ေရးထိုးေၾကးေပါင္၈၃သန္းေပးမယ့္အခ်က္ပါဝင္တဲ့စာခ်ဳပ္သစ္ကမ္းလွမ္းမႈျပဳလုပ္လာပါတယ္။

အသက္၂၃ႏွစ္ရွိကိုင္လီယန္ဘက္ေပးဟာယခုရာသီအကုန္တြင္စာခ်ဳပ္သက္တမ္းကုန္ဆုံးမည္ျဖစ္ၿပီး ပီအက္စ္ဂ်ီမွအလြတ္ေျပာင္းေ႐ႊ႕ေၾကးျဖင့္ထြက္ခြာႏိုင္သူ ျဖစ္ပါတယ္။ျပင္သစ္လက္ေ႐ြးစင္စတားဟာစပိန္ထိပ္သီးရီးရဲလ္မက္ဒရစ္သို႔ေျပာင္းမယ္လို႔ယုံၾကည္ရပါတယ္။

ဘက္ေပးဟာပီအက္စ္ဂ်ီဘက္ကစာခ်ဳပ္သစ္ကမ္းလွမ္းမႈတို႔အား အႀကိမ္ႀကိမ္ပယ္ခ်ခဲ့ဖူးၿပီးလည္းျဖစ္ပါတယ္။ဒါေပမဲ့ပီအက္စ္ဂ်ီဟာ၂၀၁၇ခုႏွစ္တြင္မိုနာကိုမွေျပာင္းလာၿပီးေနာက္ကလပ္အတြက္၂၀၅ပြဲကစားထားရာမွာ၁၀၅ဂိုးသြင္းယူထားတဲ့ဘက္ေပးကိုထိန္းထားႏိုင္ေရးအစြမ္းကုန္ႀကိဳးပမ္းရန္ ဆုံးျဖတ္ထားပါတယ္။

ယေန႔မွာျပင္သစ္သတင္းစာ La Parisien ကပီအက္စ္ဂ်ီဟာဘက္ေပးကို အခြန္ေဆာင္ၿပီးတစ္ပတ္လုပ္ခေပါင္၈၀၀၀၀၀ေပးမယ့္စာခ်ဳပ္သစ္ကမ္းလွမ္းလာေၾကာင္းေဖာ္ျပလာပါတယ္။ယင္းစာခ်ဳပ္ေၾကာင့္ဘက္ေပးဟာကမာၻ႔လုပ္ခအမ်ားဆုံးကစားသမားျဖစ္လာပါမယ္။

ဒါ့အျပင္ဘက္ေပးဟာပီအက္စ္ဂ်ီရဲ႕စာခ်ဳပ္သစ္ကိုလက္မွတ္ေရးထိုးလိုက္ပါကလက္မွတ္ထိုးေၾကးေပါင္၈၃သန္း(ယူ႐ိုသန္း၁၀၀)ရရွိမွာျဖစ္ေၾကာင္းလည္း သိရပါတယ္။

လက္ရွိအခ်ိန္မွာဘက္ေပးရဲ႕ကိုယ္စားလွယ္မ်ားကပီအက္စ္ဂ်ီရဲ႕ေနာက္ဆုံးကမ္းလွမ္းမႈအေပၚ အေျဖမေပးေသးပါဘူး။ပီအက္စ္ဂ်ီကေတာ့ဘက္ေပးအားစာခ်ဳပ္သစ္ခ်ဳပ္ဆိုေရးအတြက္ကစားသမားမ်ားရဲ႕ကိုယ္စားလွယ္မ်ားႏွင့္ေဆြးေႏြးရာတြင္အျပဳသေဘာေဆာင္ေနမႈနဲ႔အတူ လက္ခံလာမယ္လို႔ယုံၾကည္ေနၾကပါတယ္။

ၿပီးခဲ့တဲ့ရက္အနည္းငယ္ခန႔္တုန္းကဘက္ေပးကကလပ္သမိုင္းတြင္ဂိုးအမ်ားဆုံးသြင္းယူသူအျဖစ္မွတ္တမ္းေရးထိုးထားတဲ့ကာဗာနီရဲ႕ဂိုး၂၀၀စံခ်ိန္ကို႐ိုက္ခ်ိဳးရန္ပစ္မွတ္ထားေနေၾကာင္းေျပာၾကားကာပီအက္စ္ဂ်ီတြင္ဆက္ကစားႏိုင္ေၾကာင္းအရိပ္အႁမြက္ဆိုထားပါတယ္။