ဘက်ပေးနေရာတွင် ကြိုးကြာနီစူပါစတားနှင့် အစားထိုးရန် ပီအက်စ်ဂျီ စီစဉ်ထား

ပီအက်စ်ဂျီအသင်းဟာလီဗာပူးစတားမိုဟာမက်ဆာလက်အားခေါ်ယူရန်ကမ်းလှမ်းမှုပြုလုပ်ရန် စဉ်းစားနေကြောင်းသိရပါတယ်။ပြင်သစ်ထိပ်သီးကလပ်ဟာကိုင်လီယန်ဘက်ပေးရဲ့နေရာတွင် အီဂျစ်စူပါစတားအားခေါ်ယူပြီးအစားထိုးရန်ပြင်ဆင်နေတာလည်းဖြစ်ပါတယ်။

မိုဟာမက်ဆာလက်ဟာလီဗာပူးနှင့်၂၀၂၃ခုနှစ်အထိစာချုပ်ချုပ်ဆိုထားသူဖြစ်ပြီးစာချုပ်သစ်အတွက်တစ်ပတ်လုပ်ခပေါင်၃၈၀၀၀၀အထိ တောင်းဆိုထားသူလည်းဖြစ်ပါတယ်။

အသက်၂၉နှစ်ရှိဆာလက်ဟာလီဗာပူးရဲ့လုပ်ခအများဆုံးကစားသမားဖြစ်လာရန်ဆန္ဒပြင်းပြနေတာလည်းဖြစ်ပါတယ်။

ဒါပေမယ့်လည်းပီအက်စ်ဂျီဟာဘက်ပေးကိုရီးရဲလ်မက်ဒရစ်သို့အလွတ်ပြောင်းရွှေ့ကြေးဖြင့် လက်လွှတ်ရလျှင်ဆာလက်အားပဲရစ်သို့ခေါ်ယူရန်အဆင်သင့်ရှိနေပါတယ်။

မကြာသေးမီတုန်းကဘက်ပေးကပီအက်စ်ဂျီမှထွက်ခွာကာရီးရဲလ်မက်ဒရစ်သို့ပြောင်းရွှေ့ကစားလိုကြောင်းအတည်ပြုထားပြီးဖြစ်ပါတယ်။

ဆာလက်ဟာယခုရာသီတွင်လီဗာပူးအတွက်ခြေစွမ်းပြကစားနေသူဖြစ်ပြီး၉ပွဲတွင်၉ဂိုးသွင်းကာ၃ကြိမ်ဖန်တီးထားပါတယ်။သူဟာလီဗာပူးအတွက်၂၁၂ပွဲတွင်၁၃၄ဂိုးသွင်းပြီး၅၀ကြိမ်ဖန်မတီးထားပါတယ်။

ZawGyi






