ဘက်ပေးနေရာတွင် ရီချက်လီဆင်နှင့် အစားထိုးရန် ပီအက်စ်ဂျီဆွေးနွေးနေပြီ

ပီအက်စ်ဂျီဟာရီးရဲလ်မက်ဒရစ်သို့ကိုင်လီယန်ဘက်ပေးထွက်ခွာသွားပါကအဲဗာတန်စတားရီချက်လီဆင်နှင့်အစားထိုးရန်စီစဉ်နေကြောင်းသိရပါတယ်။

ရီးရဲလ်မက်ဒရစ်ဟာအသက်၂၂နှစ်ရှိပြင်သစ်စူပါစတားအား ပေါင်၁၃၈သန်းဖြင့်ပထမအကြိမ်ကမ်းလှမ်းမှုပယ်ချခြင်းခံခဲ့ရပြီးနောက်ဒုတိယအကြိမ်ကမ်းလှမ်းမှုအဖြစ်ပေါင်၁၅၄သန်းဖြင့်တိုးမြှင့်ကမ်းလှမ်းထားပါတယ်။

လက်ရှိအနေအထားအရကိုင်လီယန်ဘက်ပေးမှာယခုရက်ပိုင်းအတွင်းရီးရဲလ်မက်ဒရစ်သို့ပြောင်းမယ့်အနေအထားမျိုးတွင်ရှိနေပါတယ်။

ဒါကြောင့်လည်းပီအက်စ်ဂျီဟာဘက်ပေးနေရာတွင်အစားထိုးရန်အတွက်ရီချက်လီဆင်အားစိတ်ဝင်စားနေပါတယ်။

 

ESPN Brazil ရဲ့ဖော်ပြချက်အရရီချက်လီဆင်ရဲ့အေးဂျင့်များဟာပဲရစ်သို့ရောက်နေကာပီအက်စ်ဂျီနှင့်ဆွေးနွေးနေကြောင်းသိရပါတယ်။

ဒါ့အပြင် ESPN Brazil ကပီအက်စ်ဂျီနှင့်ရီးရဲလ်မက်ဒရစ်ဟာယနေ့တွင်ဘက်ပေးအပြောင်းအရွှေ့အားအပြီးသတ်လုပ်ဆောင်သွားမယ်လို့ဖော်ပြသွားပါသေးတယ်။

ဘရာဇီးတိုက်စစ်သမားရီချက်လီဆင်ဟာအဲဗာတန်တိုက်စစ်တွင်ဒိုမီနစ်ကယ်ဗတ်လီဝင်းနှင့်အတူအရေးပါတဲ့ကစားသမားအဖြစ်ကစားနေသူလည်းဖြစ်ပါတယ်။သူဟာအဲဗာတန်တွင်ကစားတဲ့သုံးရာသီတွင်၁၂၁ပွဲကစားခဲ့ရာမှာ၄၃ဂိုးသွင်းထားနိုင်သူဖြစ်ပါတယ်။

အကယ်၍အဲဗာတန်အနေဖြင့်ရီချက်လီဆင်ကိုသာဆုံးရှုံးရပါကအစားထိုးနိုင်မယ့်ကစားသမားအားခက်ခက်ခဲခဲရှာရဖို့ရှိပါတယ်။

ZawGyi








