ဘက်ပေးနှင့်နေမာအကြား ဆက်ဆံရေး အဆိုးရွားဆုံးဖြစ်နေပြီး ပီအက်စ်ဂျီရဲ့ရာသီကို ဆိုးဆိုးရွားရွားထိခိုက်လာနိုင်

ကိုင်လီယန်ဘက်ပေးနှင့်နေမာတို့အကြားဆက်ဆံရေးမှာအဆိုးရွားဆုံးအခြေအနေမျိုးသို့ရောက်နေပြီဖြစ်ပြီးတစ်ဦးနှင့်တစ်ဦးမျက်နှာချင်းဆိုင်လို့မရတဲ့အနေအထားသို့အထိရောက်နေကြောင်းပြင်သစ်မီဒီယာများကဖော်ပြလာပါတယ်။

ကိုင်လီယန်ဘက်ပေးဟာနွေရာသီတုန်းကပီအက်စ်ဂျီနှင့်သုံးနှစ်စာချုပ်သစ်ချုပ်ဆိုပြီးနောက်ကမ္ဘာ့လုပ်ခအများဆုံးကစားသမားဖြစ်လာပြီးနောက် နေမာနှင့်ပြဿနာတက်လာခဲ့တာလည်းဖြစ်ပါတယ်။

ပြင်သစ်သတင်းစာ L’Equipe ကကိုင်လီယန်ဘက်ပေးနှင့်နေမာအကြားဆက်ဆံရေးမှာအဆိုးရွားအနေအထားသို့ရောက်နေပြီဖြစ်ကြောင်းဖော်ပြသွားပါတယ်။

ကိုင်လီယန်ဘက်ပေးဟာနေမာကိုပီအက်စ်ဂျီအသင်းတွင်လုံးဝမြင်တွေ့လိုခြင်းမရှိတော့ကြောင်းသိရပါတယ်။

ဒါကြောင့်လည်းကိုင်လီယန်ဘက်ပေးဟာလာမယ့်နွေရာသီတွင်ပီအက်စ်ဂျီသို့ခေါ်ဆောင်စေလိုတဲ့လျာထားကစားသမား၄ဦးကိုလည်းတင်ပြထားပါတယ်။ယင်းကစားသမား၄ဦးတို့တွင်မားကပ်စ်ရက်ဖို့ဒ်၊အူစမာနီဒမ်ဘီလီ၊ဝက်စ်ဟမ်းတိုက်စစ်မှူးစကာမက္ကာ၊ရောဘတ်လီဝန်ဒေါ့စကီးတို့ပါဝင်နေကြောင်းသိရပါတယ်။

ကိုင်လီယန်ဘက်ပေးနှင့်နေမာအကြားပြဿနာစတင်ခဲ့တာကတော့ဩဂုတ်လတုန်းကမွန်ပယ်လီယာနှင့်ပွဲတွင်ပင်နယ်တီကန်ရေးနှင့်ပတ်သက်ပြီးပြဿနာတက်ခဲ့တာပါ။ဘက်ပေးဟာပထမရရှိတဲ့ပင်နယ်တီလွဲပြီးနောက် ဒုတိယရရှိတဲ့ပင်နယ်တီကိုလည်းကန်ရန်ကြိုးပမ်းခဲ့ပါတယ်။ဒါပေမဲ့နေမာကပေးမကန်ဘဲကိုယ်တိုင်ကန်သွင်းခဲ့ပါတယ်။ယင်းပွဲအပြီးအဝတ်အစားလဲခန်းထဲတွင်၎င်းတို့နှစ်ဦးဟာအော်ကြီးဟစ်ကျယ်ဖြင့်စကားများခဲ့ပြီးပစ္စည်းများဖြင့်အပြန်အလှန်ပစ်ပေါက်ခဲ့ကြပါတယ်။

ZawGyi

ဘက္ေပးႏွင့္ေနမာအၾကား ဆက္ဆံေရး အဆိုး႐ြားဆုံးျဖစ္ေနၿပီး ပီအက္စ္ဂ်ီရဲ႕ရာသီကို ဆိုးဆိုး႐ြား႐ြားထိခိုက္လာႏိုင္

ကိုင္လီယန္ဘက္ေပးႏွင့္ေနမာတို႔အၾကားဆက္ဆံေရးမွာအဆိုး႐ြားဆုံးအေျခအေနမ်ိဳးသို႔ေရာက္ေနၿပီျဖစ္ၿပီးတစ္ဦးႏွင့္တစ္ဦးမ်က္ႏွာခ်င္းဆိုင္လို႔မရတဲ့အေနအထားသို႔အထိေရာက္ေနေၾကာင္းျပင္သစ္မီဒီယာမ်ားကေဖာ္ျပလာပါတယ္။

ကိုင္လီယန္ဘက္ေပးဟာေႏြရာသီတုန္းကပီအက္စ္ဂ်ီႏွင့္သုံးႏွစ္စာခ်ဳပ္သစ္ခ်ဳပ္ဆိုၿပီးေနာက္ကမာၻ႔လုပ္ခအမ်ားဆုံးကစားသမားျဖစ္လာၿပီးေနာက္ ေနမာႏွင့္ျပႆနာတက္လာခဲ့တာလည္းျဖစ္ပါတယ္။

ျပင္သစ္သတင္းစာ L’Equipe ကကိုင္လီယန္ဘက္ေပးႏွင့္ေနမာအၾကားဆက္ဆံေရးမွာအဆိုး႐ြားအေနအထားသို႔ေရာက္ေနၿပီျဖစ္ေၾကာင္းေဖာ္ျပသြားပါတယ္။

ကိုင္လီယန္ဘက္ေပးဟာေနမာကိုပီအက္စ္ဂ်ီအသင္းတြင္လုံးဝျမင္ေတြ႕လိုျခင္းမရွိေတာ့ေၾကာင္းသိရပါတယ္။

ဒါေၾကာင့္လည္းကိုင္လီယန္ဘက္ေပးဟာလာမယ့္ေႏြရာသီတြင္ပီအက္စ္ဂ်ီသို႔ေခၚေဆာင္ေစလိုတဲ့လ်ာထားကစားသမား၄ဦးကိုလည္းတင္ျပထားပါတယ္။ယင္းကစားသမား၄ဦးတို႔တြင္မားကပ္စ္ရက္ဖို႔ဒ္၊အူစမာနီဒမ္ဘီလီ၊ဝက္စ္ဟမ္းတိုက္စစ္မႉးစကာမကၠာ၊ေရာဘတ္လီဝန္ေဒါ့စကီးတို႔ပါဝင္ေနေၾကာင္းသိရပါတယ္။

ကိုင္လီယန္ဘက္ေပးႏွင့္ေနမာအၾကားျပႆနာစတင္ခဲ့တာကေတာ့ဩဂုတ္လတုန္းကမြန္ပယ္လီယာႏွင့္ပြဲတြင္ပင္နယ္တီကန္ေရးႏွင့္ပတ္သက္ၿပီးျပႆနာတက္ခဲ့တာပါ။ဘက္ေပးဟာပထမရရွိတဲ့ပင္နယ္တီလြဲၿပီးေနာက္ ဒုတိယရရွိတဲ့ပင္နယ္တီကိုလည္းကန္ရန္ႀကိဳးပမ္းခဲ့ပါတယ္။ဒါေပမဲ့ေနမာကေပးမကန္ဘဲကိုယ္တိုင္ကန္သြင္းခဲ့ပါတယ္။ယင္းပြဲအၿပီးအဝတ္အစားလဲခန္းထဲတြင္၎တို႔ႏွစ္ဦးဟာေအာ္ႀကီးဟစ္က်ယ္ျဖင့္စကားမ်ားခဲ့ၿပီးပစၥည္းမ်ားျဖင့္အျပန္အလွန္ပစ္ေပါက္ခဲ့ၾကပါတယ္။