ဘက်ပေးမှာ ရီးရဲလ်မက်ဒရစ်သို့ လာကစားလိမ့်မည်ဟု ဘန်ဇီးမားပြောကြား

ကာရမ်ဘန်ဇီးမားကကိုင်လီယန်ဘက်ပေးမှာတစ်နေ့တွင်ရီးရဲလ်မက်ဒရစ်သို့လာရောက်ကစားလိမ့်မယ်လို့ပြောကြားလိုက်ပါတယ်။

အသက်၃၃နှစ်ရှိပြင်သစ်ဝါရင့်တိုက်စစ်မှူးဟာပြင်သစ်ကစားဖော်မှာလာမယ့်နွေရာသီတွင်အလွတ်ပြောင်းရွှေ့ကြေးဖြင့်ပြောင်းလာမလားဆိုတာကိုတော့အတိအကျမပြောသွားပါဘူး။

ဘန်ဇီးမားက “သူ(ဘက်ပေး)ကပြောထားပြီးသားပါ။သူကဘာဖြစ်မလာဆိုတာကြည့်ချင်သေးတယ်။တစ်နေ့မှာတော့သူဟာရီးရဲလ်မက်ဒရစ်အတွက်ကစားလာမှာပါ။ဘယ်အချိန်မှာကစားလာမလဲဆိုတာကိုတော့မသိပါဘူး။ဒါပေမယ့်သူလာမှာတော့သေချာပါတယ်။အချိန်ကစကားပြောလာပါလိမ့်မယ်”လို့ပြောကြားသွားပါတယ်။

ရီးရဲလ်မက်ဒရစ်ဟာပြီးခဲ့တဲ့နွေရာသီတုန်းကဘက်ပေးအားခေါ်ယူရန်ကမ်းလှမ်းမှုများပြုလုပ်ခဲ့ပေမယ့်ပီအက်စ်ဂျီရဲ့ပယ်ချခြင်းခံခဲ့ရပါတယ်။

ဘက်ပေးဟာလာမယ့်နွေရာသီမှာပီအက်စ်ဂျီနှင့်စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပြီးဇန်နဝါရီလ၁ရက်နေ့မှစတင်ကာနိုင်ငံခြားကလပ်နှင့်အကြိုစာချုပ်ချုပ်ဆိုထားနိုင်ပါတယ်။

ZawGyi

ဘက္ေပးမွာ ရီးရဲလ္မက္ဒရစ္သို႔ လာကစားလိမ့္မည္ဟု ဘန္ဇီးမားေျပာၾကား

ကာရမ္ဘန္ဇီးမားကကိုင္လီယန္ဘက္ေပးမွာတစ္ေန႔တြင္ရီးရဲလ္မက္ဒရစ္သို႔လာေရာက္ကစားလိမ့္မယ္လို႔ေျပာၾကားလိုက္ပါတယ္။

အသက္၃၃ႏွစ္ရွိျပင္သစ္ဝါရင့္တိုက္စစ္မႉးဟာျပင္သစ္ကစားေဖာ္မွာလာမယ့္ေႏြရာသီတြင္အလြတ္ေျပာင္းေ႐ႊ႕ေၾကးျဖင့္ေျပာင္းလာမလားဆိုတာကိုေတာ့အတိအက်မေျပာသြားပါဘူး။

ဘန္ဇီးမားက “သူ(ဘက္ေပး)ကေျပာထားၿပီးသားပါ။သူကဘာျဖစ္မလာဆိုတာၾကည့္ခ်င္ေသးတယ္။တစ္ေန႔မွာေတာ့သူဟာရီးရဲလ္မက္ဒရစ္အတြက္ကစားလာမွာပါ။ဘယ္အခ်ိန္မွာကစားလာမလဲဆိုတာကိုေတာ့မသိပါဘူး။ဒါေပမယ့္သူလာမွာေတာ့ေသခ်ာပါတယ္။အခ်ိန္ကစကားေျပာလာပါလိမ့္မယ္”လို႔ေျပာၾကားသြားပါတယ္။

ရီးရဲလ္မက္ဒရစ္ဟာၿပီးခဲ့တဲ့ေႏြရာသီတုန္းကဘက္ေပးအားေခၚယူရန္ကမ္းလွမ္းမႈမ်ားျပဳလုပ္ခဲ့ေပမယ့္ပီအက္စ္ဂ်ီရဲ႕ပယ္ခ်ျခင္းခံခဲ့ရပါတယ္။

ဘက္ေပးဟာလာမယ့္ေႏြရာသီမွာပီအက္စ္ဂ်ီႏွင့္စာခ်ဳပ္သက္တမ္းကုန္ဆုံးမွာျဖစ္ၿပီးဇန္နဝါရီလ၁ရက္ေန႔မွစတင္ကာႏိုင္ငံျခားကလပ္ႏွင့္အႀကိဳစာခ်ဳပ္ခ်ဳပ္ဆိုထားႏိုင္ပါတယ္။