ဘက်ပေးမှာ သွေးအရသာကိုမြည်းစမ်းဖို့လိုနေပြီး မီးထဲမှာ လမ်းလျှောက်ဖို့လိုအပ်နေကြောင်း ဇလာတန်ပြောကြား

ပီအက်စ်ဂျီဂန္ထဝင်တိုက်စစ်မှူးဇလာတန်အီဘရာဟီမိုဗစ်ဟာတိုက်စစ်မှူးကိုင်လီယန်ဘက်ပေးအားလုံလောက်တဲ့ကြိုးစားအားထုတ်မှုမရှိမှုအတွက်ဝေဖန်ပြောကြားလိုက်ပါတယ်။

ကိုင်လီယန်ဘက်ပေးဟာယခုရာသီတွင်လည်းထိပ်တန်းခြေစွမ်းဖြင့်ဆက်လက်ကစားနေပြီးပီအက်စ်ဂျီအတွက်ပြိုင်ပွဲအရပ်ရပ်တွင်၁၄ပွဲကစားထားရာမှာ၆ဂိုးသွင်းပြီး၈ကြိမ်ဖန်တီးမှုပြုလုပ်ထားပါတယ်။

အီဘရာဟီမိုဗစ်ဟာပီအက်စ်ဂျီတွင်လေးနှစ်ကြာကစားခဲ့ဖူးသူဖြစ်ပြီးပွဲ၁၈၀ကစားခဲ့ရာမှာ၁၅၆ဂိုးအထိသွင်းယူခဲ့ပါတယ်။

ကစားသမားဘဝတစ်လျှောက်လိဂ်ဂိုး၄၀၀အထိသွင်းယူထားတဲ့အီဘရာဟီမိုဗစ်ကကိုင်လီယန်ဘက်ပေးမှာကွင်းထဲမှာယခုထက်ပို၍ကြိုးစားအားထုတ်မှုပြုလုပ်ရန်လိုအပ်နေပြီးကိုယ့်ကိုယ်ကိုနာကျင်အောင်လုပ်မှသာလျှင်ကစားသမားဘဝနောက်တစ်ဆင့်မြင့်တက်လာမှာဖြစ်ကြောင်းသတိပေးမှုပြုလုပ်လာပါတယ်။

အီဘရာဟီမိုဗစ်က “သူ့ကိုချစ်ပါတယ်။ဒါပေမယ့်သူကလုံလောက်တဲ့ကြိုးစားအားထုတ်မှုမရှိဘူး။တကယ်လို့သူသာကိုယ့်ကိုယ်ကိုနာကျင်အောင်လုပ်ရင်ပိုပြီးတော့တောင်ကောင်းလာနိုင်ပါသေးတယ်။သူ့အနေနဲ့မီးထဲမှာလမ်းလျှောက်ပြီးသွေးအရသာကိုသိဖို့လိုအပ်နေပါတယ်။ကိုယ့်ပတ်ဝန်းကျင်မှုကိုယ့်ကိုလုံလောက်တဲ့ကောင်းမွန်မှုမရှိသေးဘူးလို့ပြောမယ့်သူတွေမှ ပိုကောင်းလာပါမယ်”လို့ပြောကြားခဲ့ပါတယ်။

ကိုင်လီယန်ဘက်ပေးဟာပီအက်စ်ဂျီအသင်းတွင်မက်ဆီ၊နေမာ၊ဒွန်နာရမ်မာ၊ရာမို့စ်တို့အပြင်ကမ္ဘာ့ထိပ်တန်းကစားသမားများဖြင့်ကစားခဲ့နေသူဖြစ်ပါတယ်။

ပီအက်စ်ဂျီနှင့်အတူပြင်သစ်လီဂူး၁ဖလားလေးနှစ်ဆက်တိုက်ရယူခဲ့တဲ့အီဘရာဟီမိုဗစ်ကသူကစားခဲ့တဲ့ပီအက်စ်ဂျီအသင်းကလက်ရှိပီအက်စ်ဂျီအသင်းထက်အသင်းလိုက်ပိုကောင်းကြောင်းလည်းပြောကြားသွားပါတယ်။

ZawGyi

ဘက္ေပးမွာ ေသြးအရသာကိုျမည္းစမ္းဖို႔လိုေနၿပီး မီးထဲမွာ လမ္းေလွ်ာက္ဖို႔လိုအပ္ေနေၾကာင္း ဇလာတန္ေျပာၾကား

ပီအက္စ္ဂ်ီဂႏၴဝင္တိုက္စစ္မႉးဇလာတန္အီဘရာဟီမိုဗစ္ဟာတိုက္စစ္မႉးကိုင္လီယန္ဘက္ေပးအားလုံေလာက္တဲ့ႀကိဳးစားအားထုတ္မႈမရွိမႈအတြက္ေဝဖန္ေျပာၾကားလိုက္ပါတယ္။

ကိုင္လီယန္ဘက္ေပးဟာယခုရာသီတြင္လည္းထိပ္တန္းေျခစြမ္းျဖင့္ဆက္လက္ကစားေနၿပီးပီအက္စ္ဂ်ီအတြက္ၿပိဳင္ပြဲအရပ္ရပ္တြင္၁၄ပြဲကစားထားရာမွာ၆ဂိုးသြင္းၿပီး၈ႀကိမ္ဖန္တီးမႈျပဳလုပ္ထားပါတယ္။

အီဘရာဟီမိုဗစ္ဟာပီအက္စ္ဂ်ီတြင္ေလးႏွစ္ၾကာကစားခဲ့ဖူးသူျဖစ္ၿပီးပြဲ၁၈၀ကစားခဲ့ရာမွာ၁၅၆ဂိုးအထိသြင္းယူခဲ့ပါတယ္။

ကစားသမားဘဝတစ္ေလွ်ာက္လိဂ္ဂိုး၄၀၀အထိသြင္းယူထားတဲ့အီဘရာဟီမိုဗစ္ကကိုင္လီယန္ဘက္ေပးမွာကြင္းထဲမွာယခုထက္ပို၍ႀကိဳးစားအားထုတ္မႈျပဳလုပ္ရန္လိုအပ္ေနၿပီးကိုယ့္ကိုယ္ကိုနာက်င္ေအာင္လုပ္မွသာလွ်င္ကစားသမားဘဝေနာက္တစ္ဆင့္ျမင့္တက္လာမွာျဖစ္ေၾကာင္းသတိေပးမႈျပဳလုပ္လာပါတယ္။

အီဘရာဟီမိုဗစ္က “သူ႔ကိုခ်စ္ပါတယ္။ဒါေပမယ့္သူကလုံေလာက္တဲ့ႀကိဳးစားအားထုတ္မႈမရွိဘူး။တကယ္လို႔သူသာကိုယ့္ကိုယ္ကိုနာက်င္ေအာင္လုပ္ရင္ပိုၿပီးေတာ့ေတာင္ေကာင္းလာႏိုင္ပါေသးတယ္။သူ႔အေနနဲ႔မီးထဲမွာလမ္းေလွ်ာက္ၿပီးေသြးအရသာကိုသိဖို႔လိုအပ္ေနပါတယ္။ကိုယ့္ပတ္ဝန္းက်င္မႈကိုယ့္ကိုလုံေလာက္တဲ့ေကာင္းမြန္မႈမရွိေသးဘူးလို႔ေျပာမယ့္သူေတြမွ ပိုေကာင္းလာပါမယ္”လို႔ေျပာၾကားခဲ့ပါတယ္။

ကိုင္လီယန္ဘက္ေပးဟာပီအက္စ္ဂ်ီအသင္းတြင္မက္ဆီ၊ေနမာ၊ဒြန္နာရမ္မာ၊ရာမို႔စ္တို႔အျပင္ကမာၻ႔ထိပ္တန္းကစားသမားမ်ားျဖင့္ကစားခဲ့ေနသူျဖစ္ပါတယ္။

ပီအက္စ္ဂ်ီႏွင့္အတူျပင္သစ္လီဂူး၁ဖလားေလးႏွစ္ဆက္တိုက္ရယူခဲ့တဲ့အီဘရာဟီမိုဗစ္ကသူကစားခဲ့တဲ့ပီအက္စ္ဂ်ီအသင္းကလက္ရွိပီအက္စ္ဂ်ီအသင္းထက္အသင္းလိုက္ပိုေကာင္းေၾကာင္းလည္းေျပာၾကားသြားပါတယ္။