ဘက်ပေးရဲ့စာချုပ်ကြောင့် ပေါင် ၃၁၇ သန်းအရှုံးပေါ်တဲ့ ပီအက်စ်ဂျီ

ပီအက်စ်ဂျီဟာကိုင်လီယန်ဘက်ပေးကိုစာချုပ်သစ်ချုပ်ဆိုလိုက်မှုနှင့်အတူ ပေါင်၃၁၇သန်းအထိအရှုံးပေါ်လာကြောင်းသိရပါတယ်။

ကိုင်လီယန်ဘက်ပေးဟာမေလတုန်းကပီအက်စ်ဂျီနှင့်ချုပ်ဆိုလိုက်တဲ့စာချုပ်ကြောင့် ပီအက်စ်ဂျီကစားဖော်များဖြစ်ကြတဲ့လီယွန်နယ်မက်ဆီ၊နေမာတို့ထက်လုပ်ခပိုမိုရရှိလာပြီးကမ္ဘာ့လုပ်ခအများဆုံးရရှိတဲ့ကစားသမားဖြစ်လာခဲ့ပါတယ်။

ဒါ့အပြင်သူဟာနောက်ဆုံး၈နှစ်အတွင်းတွင်မက်ဆီ(သို့မဟုတ်)ခရစ္စတီယာနိုရော်နယ်ဒိုတို့ထက်တစ်နှစ်တာဝင်ငွေ(စပွန်ဆာဝင်ငွေအပါအဝင်)အများဆုံးကစားသမားအဖြစ်လည်းရပ်တည်လာနိုင်ပါတယ်။

ဒါပေမဲ့ပီအက်စ်ဂျီကတော့မေလတုန်းကကိုင်လီယန်ဘက်ပေးကိုချုပ်ဆိုလိုက်တဲ့သုံးနှစ်စာချုပ်သစ်ကြောင့်ငွေများစွာဆုံးရှုံးလာပါတယ်။

Marca ရဲ့ဖော်ပြချက်အရပီအက်စ်ဂျီဟာ၂၀၂၁-၂၂ဘောလုံးရာသီအတွက်ဘဏ္ဍာရေးရှင်းတမ်းတွင်ပေါင်၃၁၇သန်းအထိအရှုံးပေါ်လာခဲ့ကြောင်းသိရပါတယ်။

ကိုင်လီယန်ဘက်ပေးရဲ့တစ်နှစ်တာလုပ်ခမှာပီအက်စ်ဂျီအသင်းရဲ့တစ်နှစ်တာလုပ်ခရဲ့လေးပုံတစ်ပုံအထိရယူထားမှု၊လက်မှတ်ထိုးကြေးပေးရမှုတို့နှင့်အတူ ပီအက်စ်ဂျီတို့အရှုံးပေါ်မှုမြင့်မားလာတာလည်းဖြစ်ပါတယ်။

 

ZawGyi

ဘက္ေပးရဲ႕စာခ်ဳပ္ေၾကာင့္ ေပါင္ ၃၁၇ သန္းအရႈံးေပၚတဲ့ ပီအက္စ္ဂ်ီ

ပီအက္စ္ဂ်ီဟာကိုင္လီယန္ဘက္ေပးကိုစာခ်ဳပ္သစ္ခ်ဳပ္ဆိုလိုက္မႈႏွင့္အတူ ေပါင္၃၁၇သန္းအထိအရႈံးေပၚလာေၾကာင္းသိရပါတယ္။

ကိုင္လီယန္ဘက္ေပးဟာေမလတုန္းကပီအက္စ္ဂ်ီႏွင့္ခ်ဳပ္ဆိုလိုက္တဲ့စာခ်ဳပ္ေၾကာင့္ ပီအက္စ္ဂ်ီကစားေဖာ္မ်ားျဖစ္ၾကတဲ့လီယြန္နယ္မက္ဆီ၊ေနမာတို႔ထက္လုပ္ခပိုမိုရရွိလာၿပီးကမာၻ႔လုပ္ခအမ်ားဆုံးရရွိတဲ့ကစားသမားျဖစ္လာခဲ့ပါတယ္။

ဒါ့အျပင္သူဟာေနာက္ဆုံး၈ႏွစ္အတြင္းတြင္မက္ဆီ(သို႔မဟုတ္)ခရစၥတီယာႏိုေရာ္နယ္ဒိုတို႔ထက္တစ္ႏွစ္တာဝင္ေငြ(စပြန္ဆာဝင္ေငြအပါအဝင္)အမ်ားဆုံးကစားသမားအျဖစ္လည္းရပ္တည္လာႏိုင္ပါတယ္။

ဒါေပမဲ့ပီအက္စ္ဂ်ီကေတာ့ေမလတုန္းကကိုင္လီယန္ဘက္ေပးကိုခ်ဳပ္ဆိုလိုက္တဲ့သုံးႏွစ္စာခ်ဳပ္သစ္ေၾကာင့္ေငြမ်ားစြာဆုံးရႈံးလာပါတယ္။

Marca ရဲ႕ေဖာ္ျပခ်က္အရပီအက္စ္ဂ်ီဟာ၂၀၂၁-၂၂ေဘာလုံးရာသီအတြက္ဘ႑ာေရးရွင္းတမ္းတြင္ေပါင္၃၁၇သန္းအထိအရႈံးေပၚလာခဲ့ေၾကာင္းသိရပါတယ္။

ကိုင္လီယန္ဘက္ေပးရဲ႕တစ္ႏွစ္တာလုပ္ခမွာပီအက္စ္ဂ်ီအသင္းရဲ႕တစ္ႏွစ္တာလုပ္ခရဲ႕ေလးပုံတစ္ပုံအထိရယူထားမႈ၊လက္မွတ္ထိုးေၾကးေပးရမႈတို႔ႏွင့္အတူ ပီအက္စ္ဂ်ီတို႔အရႈံးေပၚမႈျမင့္မားလာတာလည္းျဖစ္ပါတယ္။