ဘက်ပေးရဲ့နေးရှင်းလိဂ်ဗိုလ်လုပွဲအနိုင်ဂိုးအား ခွင့်ပြုခဲ့တဲ့ VAR ကို ဘက်စကွက်ဇ်ဝေဖန်

စပိန်ကွင်းလယ်ကစားသမားဆာဂျီယိုဘက်စကွက်ဇ်ဟာမနေ့ညတုန်းကပြင်သစ်ကို၂-၁ဂိုးဖြင့်ရှုံးနိမ့်တဲ့နေးရှင်းလိဂ်ဗိုလ်လုပွဲတွင်ကိုင်လီယန်ဘက်ပေးရဲ့လူကျွံဘောအနေအထားမှသွင်းယူခဲ့တဲ့ဂိုးအားခွင့်ပြုခဲ့တဲ့ VAR ကို အပြင်းအထန်ဝေဖန်လိုက်ပါတယ်။

ကိုင်လီယန်ဘက်ပေးဟာသီယိုဟာနန်ဒက်ဇ်ရဲ့ပေးပို့မှုကနေပြင်သစ်အတွက်အနိုင်ဂိုးကိုသွင်းယူခဲ့တာဖြစ်ပါတယ်။အသက်၂၂နှစ်ရှိပြင်သစ်တိုက်စစ်သမားဟာရှင်းရှင်းလင်းလင်းလူကျွံနေတဲ့အနေအထားမှတဆင့်ဂိုးသွင်းယူခဲ့တာလည်းဖြစ်ပါတယ်။

အထက်ပါဖြစ်ရပ်ကို VAR ဒိုင်အဖြစ်ဆောင်ရွက်နေတဲ့အင်္ဂလိပ်ဒိုင်အတ်ဝတ်ဒ်ကစစ်ဆေးမှုပြုလုပ်ခဲ့ပေမယ့်လည်း ကိုင်လီယန်ဘက်ပေးရဲ့ဂိုးကိုခွင့်ပြုခဲ့ပါတယ်။ကွင်းလယ်ဒိုင်လူကြီးအန်တိုနီတေလာကလည်းအဲရစ်ဂါစီယာကဘောလုံးကိုထိခဲ့တယ်လို့ယုံကြည်တာကြောင့် ကိုင်လီယန်ဘက်ပေးရဲ့ဂိုးကိုခွင့်ပြုခဲ့ပါတယ်။

ဘက်စကွက်ဇ်က “အဲရစ်ဂါစီယာကဘောလုံးထိခဲ့တယ်လို့ဒိုင်ကပြောပါတယ်။အဲဒါကဘဲလူကျွံဘောမဖြစ်စေခဲ့တာပါ။ဒါပေမယ့်သူကလူကျွံဘောဖြစ်နေတဲ့ဘက်ပေးဆီသို့မရောက်စေချင်လို့ဘောလုံးကိုတားဖို့ကြိုးစားတာပါ။ဒါကလုံးဝအဓိပ္ပါယ်မရှိတာပါ”လို့ပြောကြားခဲ့ပါတယ်။

ဂါစီယာကလည်း “ဘက်ပေးကလူကျွံဘောဖြစ်နေပါတယ်။ဒိုင်လူကြီးကကျွန်တော်ဘောလုံးကိုတားဖို့ကြိုးစားခဲ့တယ်လို့ပြောပါတယ်။ဒီတော့ကျွန်တော်ကဘာလုပ်ရမှာလဲ။ဘေးသို့ထွက်နေပြီးသူ့ကိုပြေးခွင့်ပေးရမှာလား”လို့ပြောကြားသွားပါတယ်။

ZawGyi

ဘက္ေပးရဲ႕ေနးရွင္းလိဂ္ဗိုလ္လုပြဲအႏိုင္ဂိုးအား ခြင့္ျပဳခဲ့တဲ့ VAR ကို ဘက္စကြက္ဇ္ေဝဖန္

စပိန္ကြင္းလယ္ကစားသမားဆာဂ်ီယိုဘက္စကြက္ဇ္ဟာမေန႔ညတုန္းကျပင္သစ္ကို၂-၁ဂိုးျဖင့္ရႈံးနိမ့္တဲ့ေနးရွင္းလိဂ္ဗိုလ္လုပြဲတြင္ကိုင္လီယန္ဘက္ေပးရဲ႕လူကြၽံေဘာအေနအထားမွသြင္းယူခဲ့တဲ့ဂိုးအားခြင့္ျပဳခဲ့တဲ့ VAR ကို အျပင္းအထန္ေဝဖန္လိုက္ပါတယ္။

ကိုင္လီယန္ဘက္ေပးဟာသီယိုဟာနန္ဒက္ဇ္ရဲ႕ေပးပို႔မႈကေနျပင္သစ္အတြက္အႏိုင္ဂိုးကိုသြင္းယူခဲ့တာျဖစ္ပါတယ္။အသက္၂၂ႏွစ္ရွိျပင္သစ္တိုက္စစ္သမားဟာရွင္းရွင္းလင္းလင္းလူကြၽံေနတဲ့အေနအထားမွတဆင့္ဂိုးသြင္းယူခဲ့တာလည္းျဖစ္ပါတယ္။

အထက္ပါျဖစ္ရပ္ကို VAR ဒိုင္အျဖစ္ေဆာင္႐ြက္ေနတဲ့အဂၤလိပ္ဒိုင္အတ္ဝတ္ဒ္ကစစ္ေဆးမႈျပဳလုပ္ခဲ့ေပမယ့္လည္း ကိုင္လီယန္ဘက္ေပးရဲ႕ဂိုးကိုခြင့္ျပဳခဲ့ပါတယ္။ကြင္းလယ္ဒိုင္လူႀကီးအန္တိုနီေတလာကလည္းအဲရစ္ဂါစီယာကေဘာလုံးကိုထိခဲ့တယ္လို႔ယုံၾကည္တာေၾကာင့္ ကိုင္လီယန္ဘက္ေပးရဲ႕ဂိုးကိုခြင့္ျပဳခဲ့ပါတယ္။

ဘက္စကြက္ဇ္က “အဲရစ္ဂါစီယာကေဘာလုံးထိခဲ့တယ္လို႔ဒိုင္ကေျပာပါတယ္။အဲဒါကဘဲလူကြၽံေဘာမျဖစ္ေစခဲ့တာပါ။ဒါေပမယ့္သူကလူကြၽံေဘာျဖစ္ေနတဲ့ဘက္ေပးဆီသို႔မေရာက္ေစခ်င္လို႔ေဘာလုံးကိုတားဖို႔ႀကိဳးစားတာပါ။ဒါကလုံးဝအဓိပၸါယ္မရွိတာပါ”လို႔ေျပာၾကားခဲ့ပါတယ္။

ဂါစီယာကလည္း “ဘက္ေပးကလူကြၽံေဘာျဖစ္ေနပါတယ္။ဒိုင္လူႀကီးကကြၽန္ေတာ္ေဘာလုံးကိုတားဖို႔ႀကိဳးစားခဲ့တယ္လို႔ေျပာပါတယ္။ဒီေတာ့ကြၽန္ေတာ္ကဘာလုပ္ရမွာလဲ။ေဘးသို႔ထြက္ေနၿပီးသူ႔ကိုေျပးခြင့္ေပးရမွာလား”လို႔ေျပာၾကားသြားပါတယ္။