ဘက်ပေးအတွက် ပေါင်၁၅၄သန်းဖြင့်ကမ်းလှမ်းမှုကို လက်မခံလျှင် နောက်ဆုတ်မည်ဟု ရီးရဲလ်ခြိမ်းခြောက်

ရီးရဲလ်မက်ဒရစ်ဟာကိုင်လီယန်ဘက်ပေးအားဒုတိယအကြိမ်ကမ်းလှမ်းမှုဖြင့်ပေါင်၁၅၄သန်းဖြင့်ကမ်းလှမ်းမှုအားလက်မခံလျှင်အပြောင်းအရွှေ့မှနောက်ဆုတ်သွားတော့မှာဖြစ်ကြောင်းပီအက်စ်ဂျီအားခြိမ်းခြောက်မှုပြုလုပ်လာပါတယ်။

စပိန်ထိပ်သီးကလပ်ဟာလာမယ့်အပတ်အပြောင်းအရွှေ့ဈေးကွက်မပိတ်မီကာလအတွင်းတွင်အသက်၂၂နှစ်ရှိတိုက်စစ်မှူးအားခေါ်ယူရန်ကြိုးပမ်းနေပါတယ်။

ရီးရဲလ်မက်ဒရစ်ဟာယခုနွေရာသီတွင်ခေါ်ယူရေးမအောင်မြင်ပါကလည်း၁၁လစာချုပ်သက်တမ်းသာကျန်တော့တဲ့ဘက်ပေးအားလာမယ့်ဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်တွင်အကြိုသဘောတူညီမှုရယူပြီးဇွန်လတွင်အလွတ်ပြောင်းရွှေ့ကြေးဖြင့်ခေါ်ယူသွားမှာဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်ဟာပေါင်၁၄၅.၆သန်းအပြင် အောင်မြင်မှုအပေါ်မူတည်ပြီးပေါင်၈.၆သန်းထပ်ပေးမယ့်အချက်ဖြင့်ဘက်ပေးအားကမ်းလှမ်းထားတာဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်ဟာယနေ့တနင်္ဂနွေနေ့တွင်ဘက်ပေးအပြောင်းအရွှေ့အားအပြီးသတ်မှုပြုလုပ်ရန်ပီအက်စ်ဂျီကိုပြောကြားထားပါတယ်။

ဘက်ပေးဟာတနင်္လာနေ့မှာကမ္ဘာ့ဖလားခြေစစ်ပွဲကစားရန်အတွက်ပြင်သစ်အသင်းနှင့်ပူးပေါင်းရပါမယ်။

ပီအက်စ်ဂျီကတော့ဘက်ပေးအတွက်ပြောင်းရွှေ့ကြေးပေါင်၁၈၈သန်းအလိုရှိနေပြီးကစားသမားဘက်ကလည်းအလွတ်ပြောင်းရွှေ့ကြေးဖြင့်ထွက်ခွာမှာမဟုတ်ဟုကတိပြုထားကြောင်းဆိုထားပါတယ်။

ZawGyi

ဘက္ေပးအတြက္ ေပါင္၁၅၄သန္းျဖင့္ကမ္းလွမ္းမႈကို လက္မခံလွ်င္ ေနာက္ဆုတ္မည္ဟု ရီးရဲလ္ၿခိမ္းေျခာက္

ရီးရဲလ္မက္ဒရစ္ဟာကိုင္လီယန္ဘက္ေပးအားဒုတိယအႀကိမ္ကမ္းလွမ္းမႈျဖင့္ေပါင္၁၅၄သန္းျဖင့္ကမ္းလွမ္းမႈအားလက္မခံလွ်င္အေျပာင္းအေ႐ႊ႕မွေနာက္ဆုတ္သြားေတာ့မွာျဖစ္ေၾကာင္းပီအက္စ္ဂ်ီအားၿခိမ္းေျခာက္မႈျပဳလုပ္လာပါတယ္။

စပိန္ထိပ္သီးကလပ္ဟာလာမယ့္အပတ္အေျပာင္းအေ႐ႊ႕ေဈးကြက္မပိတ္မီကာလအတြင္းတြင္အသက္၂၂ႏွစ္ရွိတိုက္စစ္မႉးအားေခၚယူရန္ႀကိဳးပမ္းေနပါတယ္။

ရီးရဲလ္မက္ဒရစ္ဟာယခုေႏြရာသီတြင္ေခၚယူေရးမေအာင္ျမင္ပါကလည္း၁၁လစာခ်ဳပ္သက္တမ္းသာက်န္ေတာ့တဲ့ဘက္ေပးအားလာမယ့္ဇန္နဝါရီအေျပာင္းအေ႐ႊ႕ေဈးကြက္တြင္အႀကိဳသေဘာတူညီမႈရယူၿပီးဇြန္လတြင္အလြတ္ေျပာင္းေ႐ႊ႕ေၾကးျဖင့္ေခၚယူသြားမွာျဖစ္ပါတယ္။

ရီးရဲလ္မက္ဒရစ္ဟာေပါင္၁၄၅.၆သန္းအျပင္ ေအာင္ျမင္မႈအေပၚမူတည္ၿပီးေပါင္၈.၆သန္းထပ္ေပးမယ့္အခ်က္ျဖင့္ဘက္ေပးအားကမ္းလွမ္းထားတာျဖစ္ပါတယ္။

ရီးရဲလ္မက္ဒရစ္ဟာယေန႔တနဂၤေႏြေန႔တြင္ဘက္ေပးအေျပာင္းအေ႐ႊ႕အားအၿပီးသတ္မႈျပဳလုပ္ရန္ပီအက္စ္ဂ်ီကိုေျပာၾကားထားပါတယ္။

ဘက္ေပးဟာတနလၤာေန႔မွာကမာၻ႔ဖလားေျခစစ္ပြဲကစားရန္အတြက္ျပင္သစ္အသင္းႏွင့္ပူးေပါင္းရပါမယ္။

ပီအက္စ္ဂ်ီကေတာ့ဘက္ေပးအတြက္ေျပာင္းေ႐ႊ႕ေၾကးေပါင္၁၈၈သန္းအလိုရွိေနၿပီးကစားသမားဘက္ကလည္းအလြတ္ေျပာင္းေ႐ႊ႕ေၾကးျဖင့္ထြက္ခြာမွာမဟုတ္ဟုကတိျပဳထားေၾကာင္းဆိုထားပါတယ္။