ဘက်ပေးအတွက် ပြောင်းရွှေ့ကြေးပေါင် ၁၈၈ သန်း တောင်းဆိုလိုက်တဲ့ ပီအက်စ်ဂျီ

ပီအက်စ်ဂျီဟာကိုင်လီယန်ဘက်ပေးအတွက်ပြောင်းရွှေ့ကြေးပေါင်၁၈၈သန်းပေးရန် ရီးရဲလ်မက်ဒရစ်ထံတောင်းဆိုလိုက်ပါတယ်။

ရီးရဲလ်မက်ဒရစ်ဟာဗုဒ္ဓဟူးနေ့တုန်းဘက်ပေးအတွက်ပြောင်းရွှေ့ကြေးပေါင်၁၃၇သန်းဖြင့်ကမ်းလှမ်းမှုပြုလုပ်ခဲ့သော်လည်းပီအက်စ်ဂျီကချက်ချင်းပယ်ချခဲ့ပါတယ်။

ပီအက်စ်ဂျီအားကစားဒါရိုက်တာလီယိုနာဒိုကဘက်ပေးမှာအသင်းမှအလွတ်ပြောင်းရွှေ့ကြေးဖြင့်ထွက်ခွာမည်မဟုတ်ဟုကတိပေးထားကြောင်း၊ရီးရဲလ်မက်ဒရစ်ဟာဘက်ပေးအတွက်မိမိတို့ပေးခဲ့ရတဲ့ကြေးထက်နည်းပါးပြီးကမ်းလှမ်းလာမှုမှာတစ်နှစ်စာချုပ်ကစားသမားအားငွေများစွာမသုံးဘဲခေါ်ယူရန်ကြိုးပမ်းလာမှုဖြစ်ကြောင်းဆိုသွားပါတယ်။

ကိုင်လီယန်ဘက်ပေးဟာယခုနွေရာသီတွင်ရီးရဲလ်မက်ဒရစ်သို့ပြောင်းရွှေ့လိုကြောင်းတရားဝင်အသိပေးအကြောင်းကြားထားပြီးလည်းဖြစ်ပါတယ်။ပြင်သစ်စူပါစတားက အလွတ်ပြောင်းရွှေ့ကြေးဖြင့်ထွက်ခွာမည်မဟုတ်ဟုပီအက်စ်ဂျီကိုကတိပေးထားရာရီးရဲလ်မက်ဒရစ်သာလုံလောက်တဲ့ကမ်းလှမ်းမှုမရှိပါကအခြားကလပ်တစ်ခုသို့ပြောင်းခြင်း၊စာချုပ်သစ်ချုပ်ဆိုခြင်းတို့ပြုလုပ်လာဖို့ရှိပါတယ်။

ပီအက်စ်ဂျီဟာ၂၀၁၈ခုနှစ်တုန်းကဘက်ပေးအားမိုနာကိုမှခေါ်ယူစဉ်တုန်းကပြောင်းရွှေ့ကြေးပေါင်၁၅၄သန်းအထိပေးခဲ့ရပါတယ်။သူဟာပီအက်စ်ဂျီအတွက်၁၇၄ပွဲကစားထားရာမှာ၁၃၃ဂိုးသွင်းယူပေးထားပါတယ်။

ယနေ့မှာမီဒီယာများရဲ့ဖော်ပြချက်အရပီအက်စ်ဂျီဟာဘက်ပေးအတွက်ပြောင်းရွှေ့ကြေးပေါင်၁၈၈သန်းအထိအလိုရှိနေကြောင်းသိရပါတယ်။အဆိုပါပီအက်စ်ဂျီတို့နေမာအားဘာစီလိုနာမှခေါ်ယူစဉ်ပေးခဲ့ရတဲ့ပမာဏထက်အနည်းငယ်သာနည်းပါးပါတယ်။

ZawGyi

ဘက္ေပးအတြက္ ေျပာင္းေ႐ႊ႕ေၾကးေပါင္ ၁၈၈ သန္း ေတာင္းဆိုလိုက္တဲ့ ပီအက္စ္ဂ်ီ

ပီအက္စ္ဂ်ီဟာကိုင္လီယန္ဘက္ေပးအတြက္ေျပာင္းေ႐ႊ႕ေၾကးေပါင္၁၈၈သန္းေပးရန္ ရီးရဲလ္မက္ဒရစ္ထံေတာင္းဆိုလိုက္ပါတယ္။

ရီးရဲလ္မက္ဒရစ္ဟာဗုဒၶဟူးေန႔တုန္းဘက္ေပးအတြက္ေျပာင္းေ႐ႊ႕ေၾကးေပါင္၁၃၇သန္းျဖင့္ကမ္းလွမ္းမႈျပဳလုပ္ခဲ့ေသာ္လည္းပီအက္စ္ဂ်ီကခ်က္ခ်င္းပယ္ခ်ခဲ့ပါတယ္။

ပီအက္စ္ဂ်ီအားကစားဒါ႐ိုက္တာလီယိုနာဒိုကဘက္ေပးမွာအသင္းမွအလြတ္ေျပာင္းေ႐ႊ႕ေၾကးျဖင့္ထြက္ခြာမည္မဟုတ္ဟုကတိေပးထားေၾကာင္း၊ရီးရဲလ္မက္ဒရစ္ဟာဘက္ေပးအတြက္မိမိတို႔ေပးခဲ့ရတဲ့ေၾကးထက္နည္းပါးၿပီးကမ္းလွမ္းလာမႈမွာတစ္ႏွစ္စာခ်ဳပ္ကစားသမားအားေငြမ်ားစြာမသုံးဘဲေခၚယူရန္ႀကိဳးပမ္းလာမႈျဖစ္ေၾကာင္းဆိုသြားပါတယ္။

ကိုင္လီယန္ဘက္ေပးဟာယခုေႏြရာသီတြင္ရီးရဲလ္မက္ဒရစ္သို႔ေျပာင္းေ႐ႊ႕လိုေၾကာင္းတရားဝင္အသိေပးအေၾကာင္းၾကားထားၿပီးလည္းျဖစ္ပါတယ္။ျပင္သစ္စူပါစတားက အလြတ္ေျပာင္းေ႐ႊ႕ေၾကးျဖင့္ထြက္ခြာမည္မဟုတ္ဟုပီအက္စ္ဂ်ီကိုကတိေပးထားရာရီးရဲလ္မက္ဒရစ္သာလုံေလာက္တဲ့ကမ္းလွမ္းမႈမရွိပါကအျခားကလပ္တစ္ခုသို႔ေျပာင္းျခင္း၊စာခ်ဳပ္သစ္ခ်ဳပ္ဆိုျခင္းတို႔ျပဳလုပ္လာဖို႔ရွိပါတယ္။

ပီအက္စ္ဂ်ီဟာ၂၀၁၈ခုႏွစ္တုန္းကဘက္ေပးအားမိုနာကိုမွေခၚယူစဥ္တုန္းကေျပာင္းေ႐ႊ႕ေၾကးေပါင္၁၅၄သန္းအထိေပးခဲ့ရပါတယ္။သူဟာပီအက္စ္ဂ်ီအတြက္၁၇၄ပြဲကစားထားရာမွာ၁၃၃ဂိုးသြင္းယူေပးထားပါတယ္။

ယေန႔မွာမီဒီယာမ်ားရဲ႕ေဖာ္ျပခ်က္အရပီအက္စ္ဂ်ီဟာဘက္ေပးအတြက္ေျပာင္းေ႐ႊ႕ေၾကးေပါင္၁၈၈သန္းအထိအလိုရွိေနေၾကာင္းသိရပါတယ္။အဆိုပါပီအက္စ္ဂ်ီတို႔ေနမာအားဘာစီလိုနာမွေခၚယူစဥ္ေပးခဲ့ရတဲ့ပမာဏထက္အနည္းငယ္သာနည္းပါးပါတယ္။