ဘက်ပေးအား တရားမဝင်ဆက်သွယ်တဲ့ ရီးရဲလ်မက်ဒရစ်အား အရေးယူရန် ပီအက်စ်ဂျီတောင်းဆို

ပီအက်စ်ဂျီအားကစားဒါရိုက်တာလီယိုနာဒိုဟာကိုင်လီယန်ဘက်ပေးအားခေါ်ယူရေးဆွေးနွေးနေတယ်လို့သတင်းထွက်နေတဲ့ရီးရဲလ်မက်ဒရစ်အား အရေးယူမှုပြုလုပ်ရန် တောင်းဆိုမှုပြုလုပ်လာပါတယ်။

ဘက်ပေးဟာယခုရာသီအကုန်တွင်ပီအက်စ်ဂျီနှင့်စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပြီး ရီးရဲလ်မက်ဒရစ်သို့ပြောင်းရွှေ့ကစားလိုကြောင်းဖွင့်ဟထားပါတယ်။တစ်ဖက်တွင်ရီးရဲလ်မက်ဒရစ်ဥက္ကဌဖလော်ရင်တီနိုပီရက်ဇ်ကလည်းလာမယ့်ဇန်နဝါရီတွင်ဘက်ပေးအားအကြိုစာချုပ်ချုပ်ဆိုနိုင်ရန်ကြိုးပမ်းမည်ဖြစ်ကြောင်းဖွင့်ဟထားပါတယ်။

ယင်းသို့အနေအထားကြောင့်ပီအက်စ်ဂျီအနေဖြင့်ပြင်သစ်စူပါစတားကိုင်လီယန်ဘက်ပေးအားဆုံးရှုံးရရန်သေချာသလောက်ရှိနေပြီဖြစ်ပါတယ်။

ဒါပေမယ့်လီယိုနာဒိုကရီးရဲလ်မက်ဒရစ်မှာဘက်ပေးကိုခေါ်ယူနိုင်ရေးအတွက်နှစ်အနည်းငယ်ကြာကတည်းကလုပ်ဆောင်လာခြင်းဖြစ်ကြောင်းစွပ်စွဲလာပါတယ်။

လီယိုနာဒိုက “မက်ဒရစ်ကတော့ငြင်းမှာပါပဲ။ဒါပေမယ့်သူတို့ဟာဘက်ပေးကို ခေါ်ဖို့(အလွတ်ပြောင်းရွှေ့ကြေးနဲ့)တော်တော်ကြာပြီလို့ထင်ပါတယ်။သူဟာဘက်ပေးနဲ့ပတ်သက်ပြီးလူသိရှင်ကြားပြောလာတာ၂နှစ်ရှိပါပြီ။ဒီအတွက်အရေးယူသင့်ပါတယ်။သူတို့လုပ်ပုံကဘက်ပေးကိုမလေးမစားလုပ်တာပါ။သူကသာမန်ကစားသမားတစ်ဦးမဟုတ်ပါဘူး။သူကမ္ဘာ့အကောင်းဆုံးတွေထဲကတစ်ဦးပါ”လို့ပြောကြားသွားပါတယ်။

လက်ရှိအနေအထားများအရဘက်ပေးဟာလာမယ့်နွေရာသီအပြောင်းအရွှေ့ဈေးကွက်တွင်ရီးရဲလ်မက်ဒရစ်သို့ပြောင်းရွှေ့ကစားဖို့သေချာသလောက်ရှိနေပြီဖြစ်ပါတယ်။

ZawGyi

ဘက္ေပးအား တရားမဝင္ဆက္သြယ္တဲ့ ရီးရဲလ္မက္ဒရစ္အား အေရးယူရန္ ပီအက္စ္ဂ်ီေတာင္းဆို

ပီအက္စ္ဂ်ီအားကစားဒါ႐ိုက္တာလီယိုနာဒိုဟာကိုင္လီယန္ဘက္ေပးအားေခၚယူေရးေဆြးေႏြးေနတယ္လို႔သတင္းထြက္ေနတဲ့ရီးရဲလ္မက္ဒရစ္အား အေရးယူမႈျပဳလုပ္ရန္ ေတာင္းဆိုမႈျပဳလုပ္လာပါတယ္။

ဘက္ေပးဟာယခုရာသီအကုန္တြင္ပီအက္စ္ဂ်ီႏွင့္စာခ်ဳပ္သက္တမ္းကုန္ဆုံးမွာျဖစ္ၿပီး ရီးရဲလ္မက္ဒရစ္သို႔ေျပာင္းေ႐ႊ႕ကစားလိုေၾကာင္းဖြင့္ဟထားပါတယ္။တစ္ဖက္တြင္ရီးရဲလ္မက္ဒရစ္ဥကၠဌဖေလာ္ရင္တီႏိုပီရက္ဇ္ကလည္းလာမယ့္ဇန္နဝါရီတြင္ဘက္ေပးအားအႀကိဳစာခ်ဳပ္ခ်ဳပ္ဆိုႏိုင္ရန္ႀကိဳးပမ္းမည္ျဖစ္ေၾကာင္းဖြင့္ဟထားပါတယ္။

ယင္းသို႔အေနအထားေၾကာင့္ပီအက္စ္ဂ်ီအေနျဖင့္ျပင္သစ္စူပါစတားကိုင္လီယန္ဘက္ေပးအားဆုံးရႈံးရရန္ေသခ်ာသေလာက္ရွိေနၿပီျဖစ္ပါတယ္။

ဒါေပမယ့္လီယိုနာဒိုကရီးရဲလ္မက္ဒရစ္မွာဘက္ေပးကိုေခၚယူႏိုင္ေရးအတြက္ႏွစ္အနည္းငယ္ၾကာကတည္းကလုပ္ေဆာင္လာျခင္းျဖစ္ေၾကာင္းစြပ္စြဲလာပါတယ္။

လီယိုနာဒိုက “မက္ဒရစ္ကေတာ့ျငင္းမွာပါပဲ။ဒါေပမယ့္သူတို႔ဟာဘက္ေပးကို ေခၚဖို႔(အလြတ္ေျပာင္းေ႐ႊ႕ေၾကးနဲ႔)ေတာ္ေတာ္ၾကာၿပီလို႔ထင္ပါတယ္။သူဟာဘက္ေပးနဲ႔ပတ္သက္ၿပီးလူသိရွင္ၾကားေျပာလာတာ၂ႏွစ္ရွိပါၿပီ။ဒီအတြက္အေရးယူသင့္ပါတယ္။သူတို႔လုပ္ပုံကဘက္ေပးကိုမေလးမစားလုပ္တာပါ။သူကသာမန္ကစားသမားတစ္ဦးမဟုတ္ပါဘူး။သူကမာၻ႔အေကာင္းဆုံးေတြထဲကတစ္ဦးပါ”လို႔ေျပာၾကားသြားပါတယ္။

လက္ရွိအေနအထားမ်ားအရဘက္ေပးဟာလာမယ့္ေႏြရာသီအေျပာင္းအေ႐ႊ႕ေဈးကြက္တြင္ရီးရဲလ္မက္ဒရစ္သို႔ေျပာင္းေ႐ႊ႕ကစားဖို႔ေသခ်ာသေလာက္ရွိေနၿပီျဖစ္ပါတယ္။