ဘက်ပေးအား ပိုမြင့်မားတဲ့ကြေးဖြင့်ကမ်းလှမ်းမှသာ ရောင်းမည်ဟု ရီးရဲလ်ကို ပီအက်စ်ဂျီတရားဝင်သတိပေး

ပီအက်စ်ဂျီအားကစားဒါရိုက်တာလီယိုနာဒိုကကိုင်လီယန်ဘက်ပေးအားရီးရဲလ်မက်ဒရစ်ကတရားမဝင်ချဉ်းကပ်မှုပြုလုပ်ကြောင်းစွပ်စွဲလိုက်ပြီးရီးရဲလ်မက်ဒရစ်ရဲ့ပေါင်၁၃၇သန်းဖြင့်ကမ်းလှမ်းမှုမှာလက်ခံနိုင်စရာမရှိကြောင်းဆိုသွားပါတယ်။

ဒါပေမယ့်ပီအက်စ်ဂျီကဘက်ပေးမှာရီးရဲလ်မက်ဒရစ်သို့ပြောင်းရွှေ့လိုနေကြောင်း၊သင့်တော်တဲ့ကမ်းလှမ်းမှုသာရရှိလာပါကလက်ခံသွားမည်ဖြစ်ကြောင်းပြောကြားသွားပါတယ်။

ရီးရဲလ်မက်ဒရစ်ဟာဘက်ပေးအားခေါ်ယူရန်ပေါင်၁၃၇သန်းဖြင့်ကမ်းလှမ်းမှုပြုလုပ်ခဲ့ကာပီအက်စ်ဂျီကချက်ချင်းပင်ပယ်ချခဲ့ပါတယ်။ယင်းပမာဏကလွန်ခဲ့တဲ့လေးနှစ်တုန်းကဘက်ပေးအားမိုနာကိုမှခေါ်ယူစဉ်ကပီအက်စ်ဂျီပေးခဲ့ရတဲ့ပမာဏထက်နည်းပါးပါတယ်။

လီယိုနာဒိုက “ကိုင်လီယန်ဘက်ပေးကရီးရဲလ်မက်ဒရစ်သို့ပြောင်းလိုနေပါတယ်။ကျွန်တော်တို့ကလည်းသူ့ကိုမတားပါဘူး။မက်ဒရစ်ရဲ့ပထမကမ်းလှမ်းမှုကိုငြင်းခဲ့ပါတယ်။ဒါပေမယ့်ကျွန်တော်တို့လိုချင်တဲ့အတိုင်းအတာရရင်တော့လက်ခံပါမယ်။ဘာဖြစ်လာဦးမလဲကြည့်ရပါမယ်။ကိုင်လီယန်ကလည်းကလပ်ကနေအလွတ်ပြောင်းရွှေ့ကြေးနဲ့မထွက်ခွာဘူးလို့ကတိပေးထားပါတယ်။ရီးရဲလ်မက်ဒရစ်ဟာကျွန်တော်တို့ဆီကတစ်ပြားမှမပေးဘဲခေါ်ယူချင်ပုံပါပဲ။သူတို့ကြိုးစားတယ်ဆိုတာပြသရုံလေးပဲလုပ်တာပါ။ပြီးမှတစ်နှစ်စောင့်ပြီးအလကားမတ်တင်းခေါ်မယ်ပေါ့။ပြီးခဲ့တဲ့နှစ်နှစ်အတွင်းမှာရီးရဲလ်မက်ဒရစ်ရဲ့လုပ်ကိုင်ပုံတွေကတရားမဝင်ပါဘူး။ကစားသမားရဲ့အေးဂျင့်နဲ့ဆက်သွယ်နေတာတွေကလက်မခံနိုင်စရာပါ။တကယ့်ကိုအမှားကြီးလုပ်လာခဲ့တာပါ။အပြောင်းအရွှေ့မပိတ်ခင်တစ်ပတ်အလိုမှာကမ်းလှမ်းလာတာ၊စာချုပ်သက်တမ်းမကုန်ခင်တစ်နှစ်အလိုမှာမှကမ်းလှမ်းလာတာကိုကြည့်ရင်သူတို့လုပ်ပုံကိုင်ပုံကိုမြင်နိုင်ပါတယ်သူတို့ပေးတဲ့ပမာဏ(ပေါင်၁၃၇သန်း)ကကျွန်တော်တို့ပေးခဲ့တဲ့ပမာဏထက်နည်းပါတယ်။ဒါကလေးစားမှုမရှိတာပါ။ကျွန်တော်တို့ဟာကိုင်လီယန်ကိုထိန်းထားဖို့အားလုံးလုပ်ခဲ့တာပါ။ဈေးကွက်ပိတ်ဖို့တစ်ပတ်ပဲလိုတော့ပေမယ့်ပြောင်းလဲမှာမဟုတ်ပါဘူး။ကစားသမားတစ်ယောက်ထွက်ခွာချင်ရင်ထွက်ခွာနိုင်ပါတယ်။ဒါပေမယ့်ကျွန်တော်တို့လိုချင်တာရမှထွက်နိုင်ပါမယ်”လို့ပြောကြားသွားပါတယ်။

ရီးရဲလ်မက်ဒရစ်ဟာဘက်ပေးအားခေါ်ယူရန်ပထမဆုံးအကြိမ်ကမ်းလှမ်းမှုပယ်ချခံရပြီးနောက်ငွေတိုးမြှင့်ကမ်းလှမ်းရန်စီစဉ်နေကြောင်းသိရပါတယ်။

တစ်ဖက်တွင်ပီအက်စ်ဂျီဟာဘက်ပေးအားရောင်းချနိုင်ပါကပေါလ်ပေါ့ဘာကိုခေါ်ယူရန်ကြိုးပမ်းသွားမည်ဟုလည်းသတင်းထွက်နေပါတယ်။

ZawGyi

ဘက္ေပးအား ပိုျမင့္မားတဲ့ေၾကးျဖင့္ကမ္းလွမ္းမွသာ ေရာင္းမည္ဟု ရီးရဲလ္ကို ပီအက္စ္ဂ်ီတရားဝင္သတိေပး

ပီအက္စ္ဂ်ီအားကစားဒါ႐ိုက္တာလီယိုနာဒိုကကိုင္လီယန္ဘက္ေပးအားရီးရဲလ္မက္ဒရစ္ကတရားမဝင္ခ်ဥ္းကပ္မႈျပဳလုပ္ေၾကာင္းစြပ္စြဲလိုက္ၿပီးရီးရဲလ္မက္ဒရစ္ရဲ႕ေပါင္၁၃၇သန္းျဖင့္ကမ္းလွမ္းမႈမွာလက္ခံႏိုင္စရာမရွိေၾကာင္းဆိုသြားပါတယ္။

ဒါေပမယ့္ပီအက္စ္ဂ်ီကဘက္ေပးမွာရီးရဲလ္မက္ဒရစ္သို႔ေျပာင္းေ႐ႊ႕လိုေနေၾကာင္း၊သင့္ေတာ္တဲ့ကမ္းလွမ္းမႈသာရရွိလာပါကလက္ခံသြားမည္ျဖစ္ေၾကာင္းေျပာၾကားသြားပါတယ္။

ရီးရဲလ္မက္ဒရစ္ဟာဘက္ေပးအားေခၚယူရန္ေပါင္၁၃၇သန္းျဖင့္ကမ္းလွမ္းမႈျပဳလုပ္ခဲ့ကာပီအက္စ္ဂ်ီကခ်က္ခ်င္းပင္ပယ္ခ်ခဲ့ပါတယ္။ယင္းပမာဏကလြန္ခဲ့တဲ့ေလးႏွစ္တုန္းကဘက္ေပးအားမိုနာကိုမွေခၚယူစဥ္ကပီအက္စ္ဂ်ီေပးခဲ့ရတဲ့ပမာဏထက္နည္းပါးပါတယ္။

လီယိုနာဒိုက “ကိုင္လီယန္ဘက္ေပးကရီးရဲလ္မက္ဒရစ္သို႔ေျပာင္းလိုေနပါတယ္။ကြၽန္ေတာ္တို႔ကလည္းသူ႔ကိုမတားပါဘူး။မက္ဒရစ္ရဲ႕ပထမကမ္းလွမ္းမႈကိုျငင္းခဲ့ပါတယ္။ဒါေပမယ့္ကြၽန္ေတာ္တို႔လိုခ်င္တဲ့အတိုင္းအတာရရင္ေတာ့လက္ခံပါမယ္။ဘာျဖစ္လာဦးမလဲၾကည့္ရပါမယ္။ကိုင္လီယန္ကလည္းကလပ္ကေနအလြတ္ေျပာင္းေ႐ႊ႕ေၾကးနဲ႔မထြက္ခြာဘူးလို႔ကတိေပးထားပါတယ္။ရီးရဲလ္မက္ဒရစ္ဟာကြၽန္ေတာ္တို႔ဆီကတစ္ျပားမွမေပးဘဲေခၚယူခ်င္ပုံပါပဲ။သူတို႔ႀကိဳးစားတယ္ဆိုတာျပသ႐ုံေလးပဲလုပ္တာပါ။ၿပီးမွတစ္ႏွစ္ေစာင့္ၿပီးအလကားမတ္တင္းေခၚမယ္ေပါ့။ၿပီးခဲ့တဲ့ႏွစ္ႏွစ္အတြင္းမွာရီးရဲလ္မက္ဒရစ္ရဲ႕လုပ္ကိုင္ပုံေတြကတရားမဝင္ပါဘူး။ကစားသမားရဲ႕ေအးဂ်င့္နဲ႔ဆက္သြယ္ေနတာေတြကလက္မခံႏိုင္စရာပါ။တကယ့္ကိုအမွားႀကီးလုပ္လာခဲ့တာပါ။အေျပာင္းအေ႐ႊ႕မပိတ္ခင္တစ္ပတ္အလိုမွာကမ္းလွမ္းလာတာ၊စာခ်ဳပ္သက္တမ္းမကုန္ခင္တစ္ႏွစ္အလိုမွာမွကမ္းလွမ္းလာတာကိုၾကည့္ရင္သူတို႔လုပ္ပုံကိုင္ပုံကိုျမင္ႏိုင္ပါတယ္သူတို႔ေပးတဲ့ပမာဏ(ေပါင္၁၃၇သန္း)ကကြၽန္ေတာ္တို႔ေပးခဲ့တဲ့ပမာဏထက္နည္းပါတယ္။ဒါကေလးစားမႈမရွိတာပါ။ကြၽန္ေတာ္တို႔ဟာကိုင္လီယန္ကိုထိန္းထားဖို႔အားလုံးလုပ္ခဲ့တာပါ။ေဈးကြက္ပိတ္ဖို႔တစ္ပတ္ပဲလိုေတာ့ေပမယ့္ေျပာင္းလဲမွာမဟုတ္ပါဘူး။ကစားသမားတစ္ေယာက္ထြက္ခြာခ်င္ရင္ထြက္ခြာႏိုင္ပါတယ္။ဒါေပမယ့္ကြၽန္ေတာ္တို႔လိုခ်င္တာရမွထြက္ႏိုင္ပါမယ္”လို႔ေျပာၾကားသြားပါတယ္။

ရီးရဲလ္မက္ဒရစ္ဟာဘက္ေပးအားေခၚယူရန္ပထမဆုံးအႀကိမ္ကမ္းလွမ္းမႈပယ္ခ်ခံရၿပီးေနာက္ေငြတိုးျမႇင့္ကမ္းလွမ္းရန္စီစဥ္ေနေၾကာင္းသိရပါတယ္။

တစ္ဖက္တြင္ပီအက္စ္ဂ်ီဟာဘက္ေပးအားေရာင္းခ်ႏိုင္ပါကေပါလ္ေပါ့ဘာကိုေခၚယူရန္ႀကိဳးပမ္းသြားမည္ဟုလည္းသတင္းထြက္ေနပါတယ္။