ဘက်ပေးအား မရိုးမသားနည်းလမ်းများ သုံးကာ ခေါ်ယူရေး ကြိုးပမ်းမှု ရပ်တန့်ကရပ်ရန် ရီးရဲလ်ကို ပီအက်စ်ဂျီသတိပေး
ဒေါသအကြီးအကျယ်ထွက်နေတဲ့ပီအက်စ်ဂျီအသင်းဟာကိုင်လီယန်ဘက်ပေးအားခေါ်ယူနိုင်ရေးအတွက်မလေးမစားမရိုးမသားနည်းလမ်းများကိုသုံးကာကြိုးပမ်းနေမှုများ ရပ်တန့်ကရပ်ရန်ရီးရဲလ်မက်ဒရစ်ကိုသတိပေးလိုက်ပါတယ်။
ပြင်သစ်စူပါစတားကစားသမားဟာမကြာသေးမီတုန်းကနွေရာသီအပြောင်းအရွှေ့တုန်းကရီးရဲလ်မက်ဒရစ်သို့ပြောင်းကစားရွှေ့ကစားခွင့်ပေးရန် ပီအက်စ်ဂျီထံသို့တောင်းဆိုခဲ့ကြောင်းဖွင့်ဟခဲ့သူလည်းဖြစ်ပါတယ်။
ရီးရဲလ်မက်ဒရစ်ဟာနွေရာသီအပြောင်းအရွှေ့တုန်းကဘက်ပေးကိုခေါ်ယူရေးအတွက်အကြိမ်ကြိမ်ကြိုးပမ်းခဲ့ပေမယ့်ပီအက်စ်ဂျီရဲ့ပယ်ချခြင်းခံခဲ့ရပါတယ်။
ဒါပေမယ့်ရီးရဲလ်မက်ဒရစ်ဥက္ကဌဖလော်ရင်တီနိုပီရက်ဇ်ကလည်းလာမယ့်ဇန်နဝါရီမှစတင်ကာကိုင်လီယန်ဘက်ပေးအား အကြိုစာချုပ်ချုပ်ဆိုနိုင်ရေးအတွက်ကြိုးပမ်းမှုပြုလုပ်သွားမှာဖြစ်ကြောင်းဆိုထားပါတယ်။
ဒါပေမယ့်ပီအက်စ်ဂျီအားကစားဒါရိုက်တာလီယိုနာဒိုက “လွန်ခဲ့တဲ့နှစ်နှစ်လုံးလုံးသူတို့လုပ်ခဲ့တာ။အခုအပြောင်းအရွှေ့ဈေးကွက်ကပြီးသွားပြီ။ရီးရဲလ်အနေနဲ့ဒီလိုမျိုးပြုမူလုပ်ဆောင်နေတာကိုရပ်တန့်သင့်နေပါပြီ။သူတို့ရပ်တန့်ရပါမယ်။ဘက်ပေးကပီအက်စ်ဂျီကစားသမားပါ။ကလပ်ကလည်းဆက်ပြီးတော့လက်တွဲချင်နေတယ်။သူတို့လုပ်တာတွေကမလေးမစားလုပ်သလိုဖြစ်နေပါတယ်။
ပြီးခဲ့တဲ့တနင်္လာနေ့တုန်းကရီးရဲလ်မက်ဒရစ်ဥက္ကဌပီရက်ဇ်က “လာမယ့်ဇန်နဝါရီလ၁ရက်နေ့မှာအားလုံးအဆင်ပြေသွားဖို့မျှော်လင့်နေပါတယ်။ကျွန်တော်ပြောချင်တာကတော့လာမယ့်နှစ်အထိသူ့ဆီကအသံကြားရဖို့စောင့်ရပါမယ်။ကျွန်တော်တို့နဲ့ကောင်းမွန်တဲ့ဆက်ဆံရေးရှိတဲ့ပီအက်စ်ဂျီကိုလေးစားရပါမယ်”လို့ပြောကြားသွားပါတယ်”လို့ပြောကြားသွားပါတယ်။
တစ်ဖက်တွင်ဘက်ပေးကလည်းယခုရာသီအကုန်တွင်ကုန်ဆုံးမယ့်ပီအက်စ်ဂျီနှင့်စာချုပ်ကိုစာချုပ်သစ်ချုပ်ဆိုရန်အစီအစဉ်ရှိတဲ့ပုံမပြပါဘူး။
ဘက်ပေးက “လီယွန်နယ်မက်ဆီရောက်လာလို့ဆိုပြီးကျွန်တော့်စိတ်မပြောင်းပါဘူး။ဆုံးဖြတ်ချက်ကိုအလွယ်တကူချခဲ့တာမဟုတ်ပါဘူး။ဆုံးဖြတ်ချက်ကချပြီးသားပါ။အချိန်အကြာကြီးစဉ်းစားပြီးခက်ခက်ခဲခဲဆုံးဖြတ်ခဲ့တာပါ။ဒီနွေမှာထွက်ခွာဖို့ဆုံးဖြတ်လိုက်ကတည်းကပီအက်စ်ဂျီဆက်နေစရာအကြောင်းရှိသေးလို့လား။ကျွန်တော့်ရည်မှန်းချက်ကရှင်းရှင်းလေးပါ။ဘာဖြစ်လာမလဲကြည့်ရပါမယ်။အခုအချိန်မှာကျွန်တော့်အနာဂတ်ကိစ္စကအရေးမကြီးပါဘူး”လို့ပြောကြားခဲ့ပါတယ်။
ZawGyi