ဘက်ပေး၊ နေမာတို့နှင့် ချိတ်ဆက်ပြီး ဘင်ဖီကာနှင့်ပွဲမှာ လှပတဲ့ ချန်ပီယံလိဂ်ဂိုး သွင်းယူခဲ့တဲ့ မက်ဆီ

လီယွန်နယ်မက်ဆီဟာဗုဒ္ဓဟူးနေ့ညတုန်းကဘင်ဖီကာနှင့်တစ်ဂိုးစီသရေကျတဲ့ချန်ပီယံလိဂ်အုပ်စုပွဲစဉ်တွင်လှပတဲ့ဂိုးတစ်ဂိုးသွင်းယူပြီးကမ္ဘာ့အကောင်းဆုံးကစားသမားအဖြစ်ရပ်တည်နေဆဲဖြစ်ကြောင်းဆက်လက်သက်သေထူလာပါတယ်။

အသက်၃၅နှစ်ရှိအာဂျင်တီးနားစူပါစတားဟာဘင်ဖီကာနှင့်ပွဲစဉ်မှာဂိုးကြောင့် ချန်ပီယံလိဂ်သွင်းဂိုး ၁၂၇ဂိုးအထိရှိလာပြီလည်းဖြစ်ပါတယ်။

ပွဲချိန်၂၂မိနစ်မှာလီယွန်နယ်မက်ဆီဟာကိုင်လီယန်ဘက်ပေးကိုဘောလုံးထိုးပေးခဲ့ပါတယ်။ဘက်ပေးကနေမာကိုဆက်ပေးခဲ့ပါတယ်။နေမာကပြန်လည်ချပေးလာမှုကနေမက်ဆီကလှပစွာဦးဆောင်ဂိုးသွင်းခဲ့ပါတယ်။

ပီအက်စ်ဂျီဟာမက်ဆီရဲ့ဂိုးဖြင့်ပွဲကိုဦးဆောင်နိုင်ခဲ့ပေမဲ့လည်းပထမပိုင်းမပြီးခင်မှာဒါနီလိုပီရဲရာရဲ့OG ဂိုးကြောင့်ချေပဂိုးပေးခဲ့ရပြီးတစ်ဂိုးစီသရေဖြင့်ကျေနပ်ခဲ့ရပါတယ်။

မက်ဆီဟာယခုရာသီတွင်ပီအက်စ်ဂျီအတွက်၁၂ပွဲကစားထားရာမှာ၇ဂိုးအထိသွင်းယူထားနိုင်ပြီဖြစ်ပါတယ်။ဒါ့အပြင်သူဟာဖန်တီးမှုလည်း၈ကြိမ်ပြုလုပ်ထားနိုင်ပါတယ်။

ZawGyi

ဘက္ေပး၊ ေနမာတို႔ႏွင့္ ခ်ိတ္ဆက္ၿပီး ဘင္ဖီကာႏွင့္ပြဲမွာ လွပတဲ့ ခ်န္ပီယံလိဂ္ဂိုး သြင္းယူခဲ့တဲ့ မက္ဆီ

လီယြန္နယ္မက္ဆီဟာဗုဒၶဟူးေန႔ညတုန္းကဘင္ဖီကာႏွင့္တစ္ဂိုးစီသေရက်တဲ့ခ်န္ပီယံလိဂ္အုပ္စုပြဲစဥ္တြင္လွပတဲ့ဂိုးတစ္ဂိုးသြင္းယူၿပီးကမာၻ႔အေကာင္းဆုံးကစားသမားအျဖစ္ရပ္တည္ေနဆဲျဖစ္ေၾကာင္းဆက္လက္သက္ေသထူလာပါတယ္။

အသက္၃၅ႏွစ္ရွိအာဂ်င္တီးနားစူပါစတားဟာဘင္ဖီကာႏွင့္ပြဲစဥ္မွာဂိုးေၾကာင့္ ခ်န္ပီယံလိဂ္သြင္းဂိုး ၁၂၇ဂိုးအထိရွိလာၿပီလည္းျဖစ္ပါတယ္။

ပြဲခ်ိန္၂၂မိနစ္မွာလီယြန္နယ္မက္ဆီဟာကိုင္လီယန္ဘက္ေပးကိုေဘာလုံးထိုးေပးခဲ့ပါတယ္။ဘက္ေပးကေနမာကိုဆက္ေပးခဲ့ပါတယ္။ေနမာကျပန္လည္ခ်ေပးလာမႈကေနမက္ဆီကလွပစြာဦးေဆာင္ဂိုးသြင္းခဲ့ပါတယ္။

ပီအက္စ္ဂ်ီဟာမက္ဆီရဲ႕ဂိုးျဖင့္ပြဲကိုဦးေဆာင္ႏိုင္ခဲ့ေပမဲ့လည္းပထမပိုင္းမၿပီးခင္မွာဒါနီလိုပီရဲရာရဲ႕OG ဂိုးေၾကာင့္ေခ်ပဂိုးေပးခဲ့ရၿပီးတစ္ဂိုးစီသေရျဖင့္ေက်နပ္ခဲ့ရပါတယ္။

မက္ဆီဟာယခုရာသီတြင္ပီအက္စ္ဂ်ီအတြက္၁၂ပြဲကစားထားရာမွာ၇ဂိုးအထိသြင္းယူထားႏိုင္ၿပီျဖစ္ပါတယ္။ဒါ့အျပင္သူဟာဖန္တီးမႈလည္း၈ႀကိမ္ျပဳလုပ္ထားႏိုင္ပါတယ္။