ဘက်ဟမ်းနှင့်နဗီးလ်ရှိရာ အင်တာမီယာမီသို့ သွားချင်နေတဲ့ ဝီလီယန်

ဝီလီယန်ဟာဒေးဗစ်ဘက်ဟမ်းပူးတွဲပိုင်ဆိုင်တဲ့အင်တာမီယာမီသို့ပြောင်းရွှေ့ကစားလိုလျက်ရှိကြောင်းသိရပါတယ်။ဘရာဇီးကစားသမားဟာအာဆင်နယ်တွင်စတင်ကစားတဲ့ပထမဆုံးရာသီမှာစိတ်ပျက်စရာများနှင့်ကြုံတွေ့ရမှုနဲ့အတူမြောက်လန်ဒန်မှထွက်ခွာကာဖလိုရီဒါတောင်ပိုင်းသို့ပြောင်းရွှေ့လိုနေပါတယ်။

အင်တာမီယာမီနည်းပြဖီးလ်နဗီးလ်ကိုယ်တိုင်ကလည်းအသက်၃၂နှစ်ရှိဝီလီယန်ကိုခေါ်ယူလိုနေပါတယ်။ဒါပေမယ့်၎င်းတို့အနေဖြင့်ဝီလီယန်ကိုခေါ်ယူလိုပါကမက္ကဆီကိုလက်ရွေးစင်တိုက်စစ်မှူးရိုဒိုလ်ဖိုပီဇာရိုကိုဦးစွာရောင်းချရပါမယ်။

အင်တာမီယာမီဟာရီးရဲလ်မက်ဒရစ်တိုက်စစ်မှူးဟောင်းဟီဂူယင်ကိုလုပ်ခဒေါ်လာ၅သန်းပေးနေရရာလုပ်ခမြင့်ကစားသမားတစ်ဦးဖြစ်တဲ့ပီဇာရိုကိုဦးစွာအသင်းမှရောင်းချပြီးမှဝီလီယန်ကိုခေါ်ယူနိုင်ပါမယ်။

ဝီလီယန်ဟာပြီးခဲ့တဲ့နွေရာသီတုန်းကအာဆင်နယ်သို့သုံးနှစ်စာချုပ်ဖြင့်ရောက်လာပြီးအာဆင်နယ်တွင်ကစားတဲ့ပထမဆုံးရာသီမှာပရီးမီးယားလိဂ်ဂိုးတစ်ဂိုးတည်းသာသွင်းထားနိုင်ပါတယ်။သူဟာအာဆင်နယ်မှတစ်ပတ်လုပ်ခပေါင်၂၂၀၀၀၀ရရှိနေသူလည်းဖြစ်ပါတယ်။

ZawGyi

ဘက္ဟမ္းႏွင့္နဗီးလ္ရွိရာ အင္တာမီယာမီသို႔ သြားခ်င္ေနတဲ့ ဝီလီယန္

ဝီလီယန္ဟာေဒးဗစ္ဘက္ဟမ္းပူးတြဲပိုင္ဆိုင္တဲ့အင္တာမီယာမီသို႔ေျပာင္းေ႐ႊ႕ကစားလိုလ်က္ရွိေၾကာင္းသိရပါတယ္။ဘရာဇီးကစားသမားဟာအာဆင္နယ္တြင္စတင္ကစားတဲ့ပထမဆုံးရာသီမွာစိတ္ပ်က္စရာမ်ားႏွင့္ႀကဳံေတြ႕ရမႈနဲ႔အတူေျမာက္လန္ဒန္မွထြက္ခြာကာဖလိုရီဒါေတာင္ပိုင္းသို႔ေျပာင္းေ႐ႊ႕လိုေနပါတယ္။

အင္တာမီယာမီနည္းျပဖီးလ္နဗီးလ္ကိုယ္တိုင္ကလည္းအသက္၃၂ႏွစ္ရွိဝီလီယန္ကိုေခၚယူလိုေနပါတယ္။ဒါေပမယ့္၎တို႔အေနျဖင့္ဝီလီယန္ကိုေခၚယူလိုပါကမကၠဆီကိုလက္ေ႐ြးစင္တိုက္စစ္မႉး႐ိုဒိုလ္ဖိုပီဇာ႐ိုကိုဦးစြာေရာင္းခ်ရပါမယ္။

အင္တာမီယာမီဟာရီးရဲလ္မက္ဒရစ္တိုက္စစ္မႉးေဟာင္းဟီဂူယင္ကိုလုပ္ခေဒၚလာ၅သန္းေပးေနရရာလုပ္ချမင့္ကစားသမားတစ္ဦးျဖစ္တဲ့ပီဇာ႐ိုကိုဦးစြာအသင္းမွေရာင္းခ်ၿပီးမွဝီလီယန္ကိုေခၚယူႏိုင္ပါမယ္။

ဝီလီယန္ဟာၿပီးခဲ့တဲ့ေႏြရာသီတုန္းကအာဆင္နယ္သို႔သုံးႏွစ္စာခ်ဳပ္ျဖင့္ေရာက္လာၿပီးအာဆင္နယ္တြင္ကစားတဲ့ပထမဆုံးရာသီမွာပရီးမီးယားလိဂ္ဂိုးတစ္ဂိုးတည္းသာသြင္းထားႏိုင္ပါတယ္။သူဟာအာဆင္နယ္မွတစ္ပတ္လုပ္ခေပါင္၂၂၀၀၀၀ရရွိေနသူလည္းျဖစ္ပါတယ္။