ဘက်ဟမ်းရဲ့အင်တာမီယာမီသို့ မပြောင်းမီ ပေါင်၇.၂၅သန်းတန် အိမ်ဝယ်ယူလိုက်တဲ့ မက်ဆီ

လီယွန်နယ်မက်ဆီဟာဖလိုရီဒါကမ်းခြေမှာတန်ဖိုးကြီးဇိမ်ခံအိမ်တစ်လုံးဝယ်ယူပြီးဘက်ဟမ်းပူးတွဲပိုင်ဆိုင်တဲ့ အင်တာမီယာမီသို့ပြောင်းရွှေ့ဖို့ပြင်ဆင်မှုပြုလုပ်လာပါတယ်။

မက်ဆီဟာယခုရာသီအကုန်မှာဘာစီလိုနာနှင့်စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပြီးသူ့ကိုခေါ်ယူရန်မန်စီးတီးနှင့် ပီအက်စ်ဂျီတို့ကထိပ်ဆုံးမှရေပန်းစားနေပါတယ်။

ဒါပေမယ့်လည်းအသက်၃၃နှစ်ရှိကစားသမားကတစ်နေ့တွင်အမေရိကန်မေဂျာလိဂ်သို့သွားရောက်ကစားရန် တံခါးဖွင့်ထားကြောင်းမကြာသေးမီတုန်းကအင်တာဗျူးတစ်ခုမှာဖွင့်ဟခဲ့ဖူးပါတယ်။

La Sexta နှင့်အင်တာဗျူးတွင် မက်ဆီက “အခုကျွန်တော့်ရဲ့အစီအစဉ်ကကလပ်(ဘာစီလိုနာ)အတွက်အစွမ်းကုန် ပေးဆပ်သွားဖို့ဖြစ်ပါတယ်။အမေရိကသို့သွားကစားချင်ပါတယ်။အဲဒီမှာလိဂ်နဲ့လူနေမှုဘဝအတွေ့အကြုံရချင်ပါတယ်။ဒါပေမယ့်ဝေးလွန်းလှတဲ့အနာဂတ်နဲ့ပတ်သက်ပြီးမတွေးချင်ပါဘူး။ကာလတိုအတွက်ဘဲစဉ်းစားနေပါတယ်။ဒီရာသီဘယ်လိုကုန်မလဲအရင်ကြည့်ရပါမယ်”လို့ပြောကြားသွားပါတယ်။

မက်ဆီဟာအမေရိကန်မေဂျာလိဂ်သို့သွားမကစားရသေးပေမယ့်ဖလိုရီဒီဒါမှာတန်ဖိုးကြီးဇိမ်ခံအိမ်တစ်လုံးဝယ်ပြီး စတင်ပြဆင်မှုတော့ပြုလုပ်နေပြီဖြစ်ပါတယ်။

မက်ဆီဟာလွန်ခဲ့တဲ့နှစ်တုန်းကယင်းအိမ်ကိုပေါင်၇.၂၅သန်းဖြင့်ဝယ်ယူခဲ့တာဖြစ်ကြောင်းသိရပါတယ်။

Porsche Design Tower ကို ၂၀၁၇ ခုနှစ်တုန်းက တည်ဆောက်ပြီးစီးခဲ့တာဖြစ်ပြီး ဆန်နီအစ္စလက်စ်ကမ်းခြေမှာ ရှိပါတယ်။

ယင်းအဆောက်အဦးမှာကားကိုအပေါ်သို့အထိတင်နိုင်မယ့်ဓာတ်လှေကားလည်းပါဝင်ပါတယ်။
စပိန်မီဒီယာများကမက်ဆီဟာဘာစီလိုနာမှာ၂၀၂၃ခုနှစ်အထိကစားပြီးမှအတ္တလန္တိတ်သမုဒ္ဒရာကိုကျော်ဖြတ်ကာ မေဂျာလိဂ်မှာသွားကစားမယ်လို့လည်းရေးသားနေပါတယ်။

ဒါပေမယ့်မက်ဆီဟာသူ့အနာဂတ်ကိုယခုရာသီအကုန်မှာဘဲဆုံးဖြတ်သွားပါမယ်။

ZawGyi

ဘက္ဟမ္းရဲ႕အင္တာမီယာမီသို႔ မေျပာင္းမီ ေပါင္၇.၂၅သန္းတန္ အိမ္ဝယ္ယူလိုက္တဲ့ မက္ဆီ

လီယြန္နယ္မက္ဆီဟာဖလိုရီဒါကမ္းေျခမွာတန္ဖိုးႀကီးဇိမ္ခံအိမ္တစ္လုံးဝယ္ယူၿပီးဘက္ဟမ္းပူးတြဲပိုင္ဆိုင္တဲ့ အင္တာမီယာမီသို႔ေျပာင္းေ႐ႊ႕ဖို႔ျပင္ဆင္မႈျပဳလုပ္လာပါတယ္။

မက္ဆီဟာယခုရာသီအကုန္မွာဘာစီလိုနာႏွင့္စာခ်ဳပ္သက္တမ္းကုန္ဆုံးမွာျဖစ္ၿပီးသူ႔ကိုေခၚယူရန္မန္စီးတီးႏွင့္ ပီအက္စ္ဂ်ီတို႔ကထိပ္ဆုံးမွေရပန္းစားေနပါတယ္။

ဒါေပမယ့္လည္းအသက္၃၃ႏွစ္ရွိကစားသမားကတစ္ေန႔တြင္အေမရိကန္ေမဂ်ာလိဂ္သို႔သြားေရာက္ကစားရန္ တံခါးဖြင့္ထားေၾကာင္းမၾကာေသးမီတုန္းကအင္တာဗ်ဴးတစ္ခုမွာဖြင့္ဟခဲ့ဖူးပါတယ္။

La Sexta ႏွင့္အင္တာဗ်ဴးတြင္ မက္ဆီက “အခုကြၽန္ေတာ့္ရဲ႕အစီအစဥ္ကကလပ္(ဘာစီလိုနာ)အတြက္အစြမ္းကုန္ ေပးဆပ္သြားဖို႔ျဖစ္ပါတယ္။အေမရိကသို႔သြားကစားခ်င္ပါတယ္။အဲဒီမွာလိဂ္နဲ႔လူေနမႈဘဝအေတြ႕အႀကဳံရခ်င္ပါတယ္။ဒါေပမယ့္ေဝးလြန္းလွတဲ့အနာဂတ္နဲ႔ပတ္သက္ၿပီးမေတြးခ်င္ပါဘူး။ကာလတိုအတြက္ဘဲစဥ္းစားေနပါတယ္။ဒီရာသီဘယ္လိုကုန္မလဲအရင္ၾကည့္ရပါမယ္”လို႔ေျပာၾကားသြားပါတယ္။

မက္ဆီဟာအေမရိကန္ေမဂ်ာလိဂ္သို႔သြားမကစားရေသးေပမယ့္ဖလိုရီဒီဒါမွာတန္ဖိုးႀကီးဇိမ္ခံအိမ္တစ္လုံးဝယ္ၿပီး စတင္ျပဆင္မႈေတာ့ျပဳလုပ္ေနၿပီျဖစ္ပါတယ္။

မက္ဆီဟာလြန္ခဲ့တဲ့ႏွစ္တုန္းကယင္းအိမ္ကိုေပါင္၇.၂၅သန္းျဖင့္ဝယ္ယူခဲ့တာျဖစ္ေၾကာင္းသိရပါတယ္။

Porsche Design Tower ကို ၂၀၁၇ ခုႏွစ္တုန္းက တည္ေဆာက္ၿပီးစီးခဲ့တာျဖစ္ၿပီး ဆန္နီအစၥလက္စ္ကမ္းေျခမွာ ရွိပါတယ္။

ယင္းအေဆာက္အဦးမွာကားကိုအေပၚသို႔အထိတင္ႏိုင္မယ့္ဓာတ္ေလွကားလည္းပါဝင္ပါတယ္။
စပိန္မီဒီယာမ်ားကမက္ဆီဟာဘာစီလိုနာမွာ၂၀၂၃ခုႏွစ္အထိကစားၿပီးမွအတၱလႏၲိတ္သမုဒၵရာကိုေက်ာ္ျဖတ္ကာ ေမဂ်ာလိဂ္မွာသြားကစားမယ္လို႔လည္းေရးသားေနပါတယ္။

ဒါေပမယ့္မက္ဆီဟာသူ႔အနာဂတ္ကိုယခုရာသီအကုန္မွာဘဲဆုံးျဖတ္သြားပါမယ္။