ဘက်ဟမ်းရဲ့အင်တာမီယာမီအပြောင်းအရွှေ့ပစ်မှတ်တွင်မက်ဆီနှင့်ခရစ္စတီယာနိုရော်နယ်ဒိုတို့ပါဝင်

ဒေးဗစ်ဘက်ဟမ်းဟာသူဦးဆောင်နေတဲ့အင်တာမီယာမီအတွက်ခေါ်ယူလိုနေတဲ့ကစားသမားများစာရင်းထဲမှာ လီယွန်နယ်မက်ဆီနှင့်ခရစ္စတီယာနိုရော်နယ်ဒိုတို့ကိုလည်းထည့်သွင်းထားကြောင်းသိရပါတယ်။

အင်္ဂလန်အသင်းခေါင်းဆောင်ဟောင်းဟာမကြာသေးမီတုန်းကမန်ယူနှင့်အင်္ဂလန်ကစားဖော်ဟောင်းဖီးလ်နဗီးလ်ကိုနည်းပြသစ်အဖြစ်ခန့်အပ်ထားပါတယ်။၎င်းတို့ဟာလာမယ့်ဧပြီလမှာစတင်မယ့်မေဂျာလိဂ်ရာသီသစ်အတွက် အဆင်သင့်ဖြစ်နေပြီလည်းဖြစ်ပါတယ်။

ဘက်ဟမ်းဟာအင်တာမီယာမီအကယ်ဒမီကိုကမ္ဘာ့ထိပ်သီးအကယ်ဒမီဖြစ်လာအောင်တည်ထောင်လိုနေတဲ့အပြင် နာမည်ကျော်ကစားသမားများကိုခေါ်ယူပြီးအသင်းရဲ့အောင်မြင်မှုနဲ့ဂုဏ်သတင်းကိုတည်ဆောက်လိုနေပါတယ်။

ဘက်ဟမ်းက “ကျွန်တော်တို့ရဲ့အကယ်ဒမီစနစ်ကကလပ်အတွက်အရမ်းအရေးကြီးတယ်ဆိုတာအရင်ကတည်းက ပြောခဲ့ဖူးပြီးဖြစ်ပါတယ်။ကစားဖော်တွေကိုအကယ်ဒမီကနေပျိုးထောင်ပြီးအင်တာမီယာမီရှင်သန်ရပ်တည်နိုင်ရေး ကအဓိကပစ်မှတ်ဖြစ်ပါတယ်။ဒါပေမယ့်ကျွန်တော်တို့ရဲ့မီယာမီပရိသတ်တွေကလည်းနာမည်ကြီးစတားတွေကိုမြင် ချင်ပါတယ်။ကျွန်တော်တို့ဟာမာတီဒူ၊ဟီဂူယင်တို့လိုကစားသမားတွေကိုအားဖြည့်ထားပြီးပါပြီ။ဒါပေမယ့်နောက် ထပ်စတားကစားသမားအချို့ခေါ်ယူသွားပါဦးမယ်။လီယိုနဲ့ခရစ္စတီယာနိုတို့လည်းပါဝင်ပါတယ်။သူတို့ကထိပ်တန်း အဆင့်မှာ၁၅နှစ်ကျော်ကြာရှိလာခဲ့တဲ့သူတွေပါ။ကံကောင်းလို့သူတို့အောင်မြင်နေတာမဟုတ်ပါဘူး။ဆာအဲလက်စ် ဖာဂူဆန်ကကစားသမားရွေးတဲ့အခါမှာအရမ်းတော်တဲ့သူပါ။သူကကလပ်အတွက်ကမ္ဘာ့အကောင်းဆုံးကစားသမား ကိုခေါ်ယူခဲ့တာမဟုတ်ပါဘူး။သင့်တော်တဲ့သူကိုဘဲခေါ်ယူခဲ့တာပါ”လို့ပြောကြားသွားပါတယ်။

အင်တာမီယာမီဟာစတုတ်စီးတီးနောက်ခံလူဟောင်းရှိုးခရော့စ်၊ဘရာဇီးအလယ်တန်းကစားသမားဂရီဂိုရီတို့ကိုခေါ်ယူထားတဲ့အပြင်ဝက်စ်ဘရွန်းနောက်တန်းအစွန်လူကီရန်ဂစ်ဘ်ကိုလည်းခေါ်ယူရန်ဆွေးနွေးနေပါတယ်။

ZawGyi

ဘက္ဟမ္းရဲ႕အင္တာမီယာမီအေျပာင္းအေ႐ႊ႕ပစ္မွတ္တြင္မက္ဆီႏွင့္ခရစၥတီယာႏိုေရာ္နယ္ဒိုတို႔ပါဝင္

ေဒးဗစ္ဘက္ဟမ္းဟာသူဦးေဆာင္ေနတဲ့အင္တာမီယာမီအတြက္ေခၚယူလိုေနတဲ့ကစားသမားမ်ားစာရင္းထဲမွာ လီယြန္နယ္မက္ဆီႏွင့္ခရစၥတီယာႏိုေရာ္နယ္ဒိုတို႔ကိုလည္းထည့္သြင္းထားေၾကာင္းသိရပါတယ္။

အဂၤလန္အသင္းေခါင္းေဆာင္ေဟာင္းဟာမၾကာေသးမီတုန္းကမန္ယူႏွင့္အဂၤလန္ကစားေဖာ္ေဟာင္းဖီးလ္နဗီးလ္ကိုနည္းျပသစ္အျဖစ္ခန႔္အပ္ထားပါတယ္။၎တို႔ဟာလာမယ့္ဧၿပီလမွာစတင္မယ့္ေမဂ်ာလိဂ္ရာသီသစ္အတြက္ အဆင္သင့္ျဖစ္ေနၿပီလည္းျဖစ္ပါတယ္။

ဘက္ဟမ္းဟာအင္တာမီယာမီအကယ္ဒမီကိုကမာၻ႔ထိပ္သီးအကယ္ဒမီျဖစ္လာေအာင္တည္ေထာင္လိုေနတဲ့အျပင္ နာမည္ေက်ာ္ကစားသမားမ်ားကိုေခၚယူၿပီးအသင္းရဲ႕ေအာင္ျမင္မႈနဲ႔ဂုဏ္သတင္းကိုတည္ေဆာက္လိုေနပါတယ္။

ဘက္ဟမ္းက “ကြၽန္ေတာ္တို႔ရဲ႕အကယ္ဒမီစနစ္ကကလပ္အတြက္အရမ္းအေရးႀကီးတယ္ဆိုတာအရင္ကတည္းက ေျပာခဲ့ဖူးၿပီးျဖစ္ပါတယ္။ကစားေဖာ္ေတြကိုအကယ္ဒမီကေနပ်ိဳးေထာင္ၿပီးအင္တာမီယာမီရွင္သန္ရပ္တည္ႏိုင္ေရး ကအဓိကပစ္မွတ္ျဖစ္ပါတယ္။ဒါေပမယ့္ကြၽန္ေတာ္တို႔ရဲ႕မီယာမီပရိသတ္ေတြကလည္းနာမည္ႀကီးစတားေတြကိုျမင္ ခ်င္ပါတယ္။ကြၽန္ေတာ္တို႔ဟာမာတီဒူ၊ဟီဂူယင္တို႔လိုကစားသမားေတြကိုအားျဖည့္ထားၿပီးပါၿပီ။ဒါေပမယ့္ေနာက္ ထပ္စတားကစားသမားအခ်ိဳ႕ေခၚယူသြားပါဦးမယ္။လီယိုနဲ႔ခရစၥတီယာႏိုတို႔လည္းပါဝင္ပါတယ္။သူတို႔ကထိပ္တန္း အဆင့္မွာ၁၅ႏွစ္ေက်ာ္ၾကာရွိလာခဲ့တဲ့သူေတြပါ။ကံေကာင္းလို႔သူတို႔ေအာင္ျမင္ေနတာမဟုတ္ပါဘူး။ဆာအဲလက္စ္ ဖာဂူဆန္ကကစားသမားေ႐ြးတဲ့အခါမွာအရမ္းေတာ္တဲ့သူပါ။သူကကလပ္အတြက္ကမာၻ႔အေကာင္းဆုံးကစားသမား ကိုေခၚယူခဲ့တာမဟုတ္ပါဘူး။သင့္ေတာ္တဲ့သူကိုဘဲေခၚယူခဲ့တာပါ”လို႔ေျပာၾကားသြားပါတယ္။

အင္တာမီယာမီဟာစတုတ္စီးတီးေနာက္ခံလူေဟာင္းရႈိးခေရာ့စ္၊ဘရာဇီးအလယ္တန္းကစားသမားဂရီဂိုရီတို႔ကိုေခၚယူထားတဲ့အျပင္ဝက္စ္ဘ႐ြန္းေနာက္တန္းအစြန္လူကီရန္ဂစ္ဘ္ကိုလည္းေခၚယူရန္ေဆြးေႏြးေနပါတယ္။