ဘင်ချဲလ်ဝဲလ်ရဲ့ဘယ်ခြေထောက်မှ တက်တူးက ဘာအဓိပ္ပါယ်နဲ့ထိုးထားတာလဲ?

ဘောလုံးသမားတော်တော်များများတက်တူးထိုးကြပါတယ်။ချဲလ်ဆီးနှင့်အင်္ဂလန်နောက်ခံလူဘင်ချဲလ်ဝဲလ်မှာလည်းတေက်တူးတော်တော်ထိုးထားပါတယ်။တက်တူးတစ်ခုချင်းစီတိုင်းမှာအဓိပ္ပါယ်တစ်ခုစီဖြင့်ထိုးထားတာလည်းဖြစ်ပါတယ်။

စိတ်ဝင်စားဖို့ကောင်းတာကတော့ဘင်ချဲလ်ဝဲလ်ရဲ့ဘယ်ဖက်ဒူးအောက်ဘက်နားက တက်တူးပါ။ ၁၂၃၅ ဆိုပြီးရေးထိုးထားတာဖြစ်ပါတယ်။

ချဲလ်ဆီးဘယ်နောက်ခံလူဟာ၁၂၃၅ဆိုတဲ့ဂဏန်းကိုဘယ်လိုအဓိပ္ပါယ်ထိုးထားပါသလဲ။

ဘင်ချဲလ်ဝဲလ်ဟာအင်္ဂလန်အသင်းအတွက်ကစားခွင့်ရတဲ့၁၂၃၅ ယောက်မြောက်ကစားသမားဖြစ်တာကြောင့်၁၂၃၅လို့ရေးထိုးထားတာဖြစ်ပါတယ်။

ဘင်ချဲလ်ဝဲလ်မှာနောက်ထပ်စိတ်ဝင်စားဖို့ကောင်းတဲ့တက်တူးတစ်ခုရှိပါသေးတယ်။ဘယ်ဖက်လက်မောင်းမှာ Haflway There ဆိုတဲ့စာသားထိုးတာပါ။

သူက “ဘာကြောင့်လဲဆိုတာ ဘယ်သူမှကိုယ်သွားချင်တဲ့နေရာကိုမရောက်ကြဘူး။အားလုံးလမ်းတစ်ဝက်ပဲရောက်ကြတယ်”လို့ ရှင်းလင်းသွားပါတယ်။

သူဟာ၂၀၂၁ခုနှစ်တုန်းကချဲလ်ဆီးနှင့်အတူချန်ပီယံလိဂ်ဖလားဆွတ်ခူးနိုင်ခဲ့တဲ့အထိမ်းအမှတ်အဖြစ်ညာလက်မောင်းမှာချန်ပီယံလိဂ်ဖလားပုံလည်းတက်တူးထိုးထားပါသေးတယ်။

ZawGyi







