ဘင်ဂျာမင်မင်ဒီရဲ့ဗလက်ကာယမှုတွင်သက်သေအဖြစ် ဂျက်ဂရဲလ်လစ်ရှ် ထွက်ဆိုရနိုင်

မန်စီးတီးစတားဂျက်ဂရဲလ်လစ်ရှ်ဟာမန်စီးတီးကစားဖော်တစ်ဦးရဲ့ဗလက်ကာယမှုတွင်သက်သေအဖြစ်ထွက်ဆိုရဖို့ရှိနေကြောင်းသိရပါတယ်။

ပေါင်သန်း၁၀၀တန်မန်စီးတီးစတားဂျက်ဂရဲလ်လစ်ရှ်ဟာမန်စီးတီးဖော်များဖြစ်ကြတဲ့ရီယက်မရာ့ဇ်၊ဘင်ဂျာမင်မင်ဒီတို့နှင့်အတူပါတီပွဲတက်ခဲ့ပါတယ်။ယင်းသို့ပါတီပွဲတက်ပြီးနောက် ဘင်ဂျာမင်မင်ဒီဟာအမျိုးသမီးတစ်ဦးကိုဗလက်ကာယမှုကျူးလွန်ခဲ့တာပါ။

အသက်၂၇နှစ်ရှိမင်ဒီဟာဗလက္ကာယမှု၆မှုဖြင့်စွဲချက်တင်ခြင်းခံထားရပြီးလာမယ့်နှစ်အစောပိုင်းတွင်ပြုလုပ်မယ့်ရုံးတင်စစ်ဆေးမှုကာလအထိအာမခံမရဘဲထောင်အတွင်းမှာနေထိုင်နေရပါတယ်။

သူကျူးလွန်ခဲ့တဲ့အမှုများတွင်အသက်၁၇နှစ်အရွယ်အမျိုးသမီးငယ်တစ်ဦးလည်းပါဝင်ပြီးဩဂုတ်လ၂၃ရက်နေ့နံနက်ပိုင်းတုန်းကသူ့အိမ်မှာကျူးလွန်ခဲ့တာပါ။

ယင်းအမှုမကျူးလွန်မီမင်ဒီဟာမန်စီးတီးကစားဖော်များဖြစ်ကြတဲ့ဂျက်ဂရဲလ်လစ်ရှ်၊မရာ့ဇ်တို့နဲ့အတူ မန်ချက်စတာရှိ Chinwhite သို့သွားရောက်ပျော်ရွှင်ခဲ့ကြပါတယ်။

ဒါကြောင့်လည်းရဲတပ်ဖွဲ့ကဂျက်ဂရဲလ်လစ်ရှ်နှင့်မရာ့ဇ်တို့ကိုသက်သေများအဖြစ်ထွက်ဆိုစေခိုင်းဖို့ရှိနေပါတယ်။ဒါပေမယ့်၎င်းတို့ကိုမင်ဒီရဲ့အမှုမှာကြံရာပါအဖြစ်ထည့်သွင်းခြင်းတော့မရှိပါဘူး။

ပြင်သစ်နှင့်အတူကမ္ဘာ့ဖလားဆွတ်ခူးခဲ့တဲ့မင်ဒီဟာ၂၀၂၀ခုနှစ်၊အောက်တိုဘာလမှ၂၀၂၁ခုနှစ်ဩဂုတ်လအတွင်းတွင်မုဒိန်းမှုလေးမှု၊လိင်အကြမ်းဖက်မှုတစ်မှုကျူးလွန်ခဲ့ပါတယ်။

မရာ့ဇ်ရဲ့ရှေ့နေကတော့သူ့ကစားသမားမှာသက်သေအဖြစ်ထွက်ဆိုရစရာအကြောင်းမရှိကြောင်းဆိုထားပါတယ်။

ZawGyi

ဘင္ဂ်ာမင္မင္ဒီရဲ႕ဗလက္ကာယမႈတြင္သက္ေသအျဖစ္ ဂ်က္ဂရဲလ္လစ္ရွ္ ထြက္ဆိုရႏိုင္

မန္စီးတီးစတားဂ်က္ဂရဲလ္လစ္ရွ္ဟာမန္စီးတီးကစားေဖာ္တစ္ဦးရဲ႕ဗလက္ကာယမႈတြင္သက္ေသအျဖစ္ထြက္ဆိုရဖို႔ရွိေနေၾကာင္းသိရပါတယ္။

ေပါင္သန္း၁၀၀တန္မန္စီးတီးစတားဂ်က္ဂရဲလ္လစ္ရွ္ဟာမန္စီးတီးေဖာ္မ်ားျဖစ္ၾကတဲ့ရီယက္မရာ့ဇ္၊ဘင္ဂ်ာမင္မင္ဒီတို႔ႏွင့္အတူပါတီပြဲတက္ခဲ့ပါတယ္။ယင္းသို႔ပါတီပြဲတက္ၿပီးေနာက္ ဘင္ဂ်ာမင္မင္ဒီဟာအမ်ိဳးသမီးတစ္ဦးကိုဗလက္ကာယမႈက်ဴးလြန္ခဲ့တာပါ။

အသက္၂၇ႏွစ္ရွိမင္ဒီဟာဗလကၠာယမႈ၆မႈျဖင့္စြဲခ်က္တင္ျခင္းခံထားရၿပီးလာမယ့္ႏွစ္အေစာပိုင္းတြင္ျပဳလုပ္မယ့္႐ုံးတင္စစ္ေဆးမႈကာလအထိအာမခံမရဘဲေထာင္အတြင္းမွာေနထိုင္ေနရပါတယ္။

သူက်ဴးလြန္ခဲ့တဲ့အမႈမ်ားတြင္အသက္၁၇ႏွစ္အ႐ြယ္အမ်ိဳးသမီးငယ္တစ္ဦးလည္းပါဝင္ၿပီးဩဂုတ္လ၂၃ရက္ေန႔နံနက္ပိုင္းတုန္းကသူ႔အိမ္မွာက်ဴးလြန္ခဲ့တာပါ။

ယင္းအမႈမက်ဴးလြန္မီမင္ဒီဟာမန္စီးတီးကစားေဖာ္မ်ားျဖစ္ၾကတဲ့ဂ်က္ဂရဲလ္လစ္ရွ္၊မရာ့ဇ္တို႔နဲ႔အတူ မန္ခ်က္စတာရွိ Chinwhite သို႔သြားေရာက္ေပ်ာ္႐ႊင္ခဲ့ၾကပါတယ္။

ဒါေၾကာင့္လည္းရဲတပ္ဖြဲ႕ကဂ်က္ဂရဲလ္လစ္ရွ္ႏွင့္မရာ့ဇ္တို႔ကိုသက္ေသမ်ားအျဖစ္ထြက္ဆိုေစခိုင္းဖို႔ရွိေနပါတယ္။ဒါေပမယ့္၎တို႔ကိုမင္ဒီရဲ႕အမႈမွာႀကံရာပါအျဖစ္ထည့္သြင္းျခင္းေတာ့မရွိပါဘူး။

ျပင္သစ္ႏွင့္အတူကမာၻ႔ဖလားဆြတ္ခူးခဲ့တဲ့မင္ဒီဟာ၂၀၂၀ခုႏွစ္၊ေအာက္တိုဘာလမွ၂၀၂၁ခုႏွစ္ဩဂုတ္လအတြင္းတြင္မုဒိန္းမႈေလးမႈ၊လိင္အၾကမ္းဖက္မႈတစ္မႈက်ဴးလြန္ခဲ့ပါတယ္။

မရာ့ဇ္ရဲ႕ေရွ႕ေနကေတာ့သူ႔ကစားသမားမွာသက္ေသအျဖစ္ထြက္ဆိုရစရာအေၾကာင္းမရွိေၾကာင္းဆိုထားပါတယ္။