ဘင်ဖီကာကို ဂိုးပြတ်ရှုံးပြီးနောက် ဘာကာနည်းပြရာထူးမှ ထုတ်ပယ်ခံရနိုင်ကြောင်း ကိုးမန်းဝန်ခံ

ရော်နယ်ကိုးမန်းကဘင်ဖီကာကို၃-၀ဂိုးဖြင့်ရှုံးနိမ့်ပြီးနောက်ပွဲပြီးသတင်းစာရှင်းလင်းပွဲတွင်ဘာစီလိုနာနည်းပြရာထူးမှထုတ်ပယ်ခြင်းခံရနိုင်ကြောင်းဝန်ခံပြောကြားလာပါတယ်။

ဘာစီလိုနာဘုတ်အဖွဲ့ရဲ့ထောက်ခံမှုရရှိထားသလားဟုမေးမြန်းလာမှုကိုကိုးမန်းက “ကစားသမားတွေကတော့ကျွန်တော်ကိုထောက်ခံတယ်လို့ခံစားရပါတယ်”လို့ဆိုသွားပါတယ်။ဘုတ်အဖွဲ့ကထောက်ခံမှုရရှိထားတယ်လို့ခံစားရသလားထပ်မံမေးမြန်းစဉ်၎င်းက “ကျွန်တော်မသိပါဘူး”လို့ဆိုသွားပါတယ်။

ရော်နယ်ကိုးမန်းအားအင်တာဗျူးမလုပ်ခင်ဘာစီလိုနာကွင်းလယ်ကစားသမားဖရန်ကီဒီဂျောင်ကိုအင်တာဗျူးလုပ်ခဲ့ပါတယ်။ယင်းအင်တာဗျူးတွင်ကိုးမန်းကိုထုတ်ပယ်သင့်နေပြီလားလို့မေးမြန်းမှုကိုဒတ်ချ်ကွင်းလယ်ကစားသမားက “မလိုပါဘူး။ဒါပေမယ့်ကစားသမားတွေရဲ့အသက်၅၈နှစ်ရှိနည်းပြအတွက်သစ္စာရှိမှုမလုံလောက်သေးတာတော့အမှန်ပါပဲ”လို့ပြောကြားသွားပါတယ်။

ဘာစီလိုနာဟာဘင်ဖီကာအား၃-၀ဂိုးဖြင့်ရှုံးနိမ့်တဲ့ပွဲစဉ်တွင်ဂိုးပေါက်တည့်တဲ့ကန်ချက်တစ်ကြိမ်မျှပြုလုပ်နိုင်ခဲ့ခြင်းမရှိပါဘူး။၎င်းတို့ဟာချန်ပီယံလိဂ်အုပ်စုအဖွင့်ပွဲနှစ်ပွဲဆက်ရှုံးနိမ့်ထားမှုနဲ့အတူချန်ပီယံလိဂ်အုပ်စုအဆင့်မှထွက်ခွာရနိုင်တဲ့အနေအထားသို့ရောက်နေပြီဖြစ်ပြီးလက်ကျန်ပွဲများတွင်အမှားခံလို့မရတော့ပါဘူး။

ဆက်လက်ပြီးဒီဂျောင်က၎င်းတို့အသင်းမှာချန်ပီယံလိဂ်ရှုံးထွက်အဆင့်သို့တက်ရောက်ရန်အခွင့်အရေးရှိနေသေးတယ်လို့ယုံကြည်ကြောင်းဆိုသွားပါတယ်။

ဒီဂျောင်က “နောက်တစ်ဆင့်သို့တက်နိုင်သေးတယ်လို့ယုံကြည်ပါတယ်။လက်ကျန်ပွဲတွေကိုအနိုင်ကစားရပါမယ်။ကျွန်တော်တို့ပထမနှစ်ပွဲရှုံးထားပါတယ်”လို့ပြောကြားသွားပါတယ်။

ဘာစီလိုနာဟာယခုအပတ်အကုန်တွင်အက်သလက်တီကိုနှင့်ရင်ဆိုင်ကစားရပါမယ်။ယင်းပွဲအပြီးမှာနိုင်ငံတကာပွဲများရောက်လာမှာဖြစ်တာကြောင့်ဘာစီလိုနာအနေဖြင့် နည်းပြအပြောင်းအလဲလုပ်ရန်အကောင်းဆုံးအနေအထားမှာရှိနေပါတယ်။

ဒါပေမယ့်ဘာစီလိုနာဟာငွေကြေးပြဿနာများရှိနေရာကိုးမန်းကိုထုတ်ပယ်လိုက်ပါကလည်းနစ်နာကြေးပေးရပါမယ်။ကိုးမန်းဟာတစ်နှစ်လုပ်ခယူရို၈သန်းခန့်ရရှိနေသူဖြစ်ပါတယ်။ဘာစီလိုနာအနေဖြင့်ကိုးမန်းကိုထုတ်ပယ်လိုက်ပါကလည်းယူရို၂သန်းဖြင့်ခန့်အပ်နိုင်မယ့်နည်းပြကိုသာခန့်အပ်နိုင်ပါမယ်။

ZawGyi

ဘင္ဖီကာကို ဂိုးျပတ္ရႈံးၿပီးေနာက္ ဘာကာနည္းျပရာထူးမွ ထုတ္ပယ္ခံရႏိုင္ေၾကာင္း ကိုးမန္းဝန္ခံ

ေရာ္နယ္ကိုးမန္းကဘင္ဖီကာကို၃-၀ဂိုးျဖင့္ရႈံးနိမ့္ၿပီးေနာက္ပြဲၿပီးသတင္းစာရွင္းလင္းပြဲတြင္ဘာစီလိုနာနည္းျပရာထူးမွထုတ္ပယ္ျခင္းခံရႏိုင္ေၾကာင္းဝန္ခံေျပာၾကားလာပါတယ္။

ဘာစီလိုနာဘုတ္အဖြဲ႕ရဲ႕ေထာက္ခံမႈရရွိထားသလားဟုေမးျမန္းလာမႈကိုကိုးမန္းက “ကစားသမားေတြကေတာ့ကြၽန္ေတာ္ကိုေထာက္ခံတယ္လို႔ခံစားရပါတယ္”လို႔ဆိုသြားပါတယ္။ဘုတ္အဖြဲ႕ကေထာက္ခံမႈရရွိထားတယ္လို႔ခံစားရသလားထပ္မံေမးျမန္းစဥ္၎က “ကြၽန္ေတာ္မသိပါဘူး”လို႔ဆိုသြားပါတယ္။

ေရာ္နယ္ကိုးမန္းအားအင္တာဗ်ဴးမလုပ္ခင္ဘာစီလိုနာကြင္းလယ္ကစားသမားဖရန္ကီဒီေဂ်ာင္ကိုအင္တာဗ်ဴးလုပ္ခဲ့ပါတယ္။ယင္းအင္တာဗ်ဴးတြင္ကိုးမန္းကိုထုတ္ပယ္သင့္ေနၿပီလားလို႔ေမးျမန္းမႈကိုဒတ္ခ်္ကြင္းလယ္ကစားသမားက “မလိုပါဘူး။ဒါေပမယ့္ကစားသမားေတြရဲ႕အသက္၅၈ႏွစ္ရွိနည္းျပအတြက္သစၥာရွိမႈမလုံေလာက္ေသးတာေတာ့အမွန္ပါပဲ”လို႔ေျပာၾကားသြားပါတယ္။

ဘာစီလိုနာဟာဘင္ဖီကာအား၃-၀ဂိုးျဖင့္ရႈံးနိမ့္တဲ့ပြဲစဥ္တြင္ဂိုးေပါက္တည့္တဲ့ကန္ခ်က္တစ္ႀကိမ္မွ်ျပဳလုပ္ႏိုင္ခဲ့ျခင္းမရွိပါဘူး။၎တို႔ဟာခ်န္ပီယံလိဂ္အုပ္စုအဖြင့္ပြဲႏွစ္ပြဲဆက္ရႈံးနိမ့္ထားမႈနဲ႔အတူခ်န္ပီယံလိဂ္အုပ္စုအဆင့္မွထြက္ခြာရႏိုင္တဲ့အေနအထားသို႔ေရာက္ေနၿပီျဖစ္ၿပီးလက္က်န္ပြဲမ်ားတြင္အမွားခံလို႔မရေတာ့ပါဘူး။

ဆက္လက္ၿပီးဒီေဂ်ာင္က၎တို႔အသင္းမွာခ်န္ပီယံလိဂ္ရႈံးထြက္အဆင့္သို႔တက္ေရာက္ရန္အခြင့္အေရးရွိေနေသးတယ္လို႔ယုံၾကည္ေၾကာင္းဆိုသြားပါတယ္။

ဒီေဂ်ာင္က “ေနာက္တစ္ဆင့္သို႔တက္ႏိုင္ေသးတယ္လို႔ယုံၾကည္ပါတယ္။လက္က်န္ပြဲေတြကိုအႏိုင္ကစားရပါမယ္။ကြၽန္ေတာ္တို႔ပထမႏွစ္ပြဲရႈံးထားပါတယ္”လို႔ေျပာၾကားသြားပါတယ္။

ဘာစီလိုနာဟာယခုအပတ္အကုန္တြင္အက္သလက္တီကိုႏွင့္ရင္ဆိုင္ကစားရပါမယ္။ယင္းပြဲအၿပီးမွာႏိုင္ငံတကာပြဲမ်ားေရာက္လာမွာျဖစ္တာေၾကာင့္ဘာစီလိုနာအေနျဖင့္ နည္းျပအေျပာင္းအလဲလုပ္ရန္အေကာင္းဆုံးအေနအထားမွာရွိေနပါတယ္။

ဒါေပမယ့္ဘာစီလိုနာဟာေငြေၾကးျပႆနာမ်ားရွိေနရာကိုးမန္းကိုထုတ္ပယ္လိုက္ပါကလည္းနစ္နာေၾကးေပးရပါမယ္။ကိုးမန္းဟာတစ္ႏွစ္လုပ္ခယူ႐ို၈သန္းခန႔္ရရွိေနသူျဖစ္ပါတယ္။ဘာစီလိုနာအေနျဖင့္ကိုးမန္းကိုထုတ္ပယ္လိုက္ပါကလည္းယူ႐ို၂သန္းျဖင့္ခန႔္အပ္ႏိုင္မယ့္နည္းျပကိုသာခန႔္အပ္ႏိုင္ပါမယ္။